သူက စမတ္က်သေလာက္ ကၽြန္ေတာ္က လူသတ္သမားနဲ႔တူေနတယ္…

PC ; Internet

ၿပိဳင္ဘက္မန္စီးတီးနည္းျပဂြါဒီယိုလာက ကြင္းေဘးစည္းနည္းျပဧရိယာမွာ ၿပီးျပည့္စံုၿပီး စမတ္က်တဲ့သူျဖစ္ေနေပမယ့္ သူကေတာ့ လူသတ္သမားနဲ႔တူေနတယ္လို႔ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ဟာသလုပ္ေျပာဆိုလိုက္ပါတယ္။ဂ်ာမန္သားနည္းျပဟာ သူ႔အသင္းကစားတဲ့ပြဲတိုင္း ကြင္းေဘးစည္းနည္းျပဧရိယာတစ္ေလွ်ာက္မွာ ကစားသမားေတြကို အၿမဲတမ္းအားနဲ႔မာန္နဲ႔ တြန္းအားေပးလံႈ႔ေဆာ္တတ္သူဆိုတာ အားလံုးသိၾကၿပီးသားပါ။

PC ; EPA

“ကၽြန္ေတာ္ေအာ္ဟစ္ေနတာကိုၾကည့္ရတာဟာ လူသတ္သမားတစ္ေယာက္လိုပါပဲ။ ကိုယ့္သြားကိုယ္ကိုက္ထားတဲ့ပံုစံကိုက အဲ့ဒီလိုျဖစ္ေနတာပါ။ တစ္ခါတရံ မွာကေလးေတြကို အဲ့ဒီလိုမ်က္ႏွာထားနဲ႔ၾကည့္လိုက္တဲ့အခ်ိန္မွာ သူတို႔ကေတာ့ ခ်စ္စရာေကာင္းတယ္လို႔ ေျပာၾကတာပဲ။မ်ားေသာအားျဖင့္ေတာ့ ကေလးေတြဟာ စငိုၾကေတာ့တာပါပဲ”လို႔ ဂ်ာဂင္ကေလာ့ပ္က အရႊန္းေဖာက္သြားတာပါ။ဒါေပမဲ့ ဂြါဒီယိုလာနဲ႔ပတ္သက္ၿပီး သူ႔အျမင္ကိုေတာ့ “ပတ္ကလည္းအၿမဲတမ္းတက္ၾကြေနသူပါ။ ဒါေပမဲ့ကၽြန္ေတာ့္လိုေတာ့မဟုတ္ပါဘူး။ သူေအာ္တဲ့အခ်ိန္က ပိုျပီးၾကည့္ေကာင္းပါတယ္။ ပတ္ရဲ႔ခႏၶာကိုယ္၊ အ၀တ္အစားအပါအ၀င္ အရာအားလံုးက အျမဲတမ္းျပီးျပည့္စံုေနပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

PC ; Internet

ဆက္လက္ၿပီး သူ႔ရဲ႕ကြင္းျပင္ပမွာ တက္တက္ၾကြၾကြလံႈ႔ေဆာ္တဲ့ပံုစံဟာ အသင္းကိုအက်ိဳးသက္ေရာက္မႈရွိေစတယ္လို႔ ဂ်ာမန္သားက ဖြင့္ဟပါတယ္။“ကစားသမားေတြကိုကၽြန္ေတာ္မၾကာခဏေျပာေလ့ရွိပါတယ္။ ငါ့အတြက္က ပါ၀ါေတြမလိုအပ္လို႔ မင္းတို႔အတြက္ေပးေနတာ။ ေကာင္းေကာင္းအသံုးခ်လိုက္၊ လိုအပ္လာမယ္ဆိုရင္ မင္းတို႔ရဲ႕မဟုတ္တဲ့ေနရာကိုပါ ငါကန္မွာေနာ္။ သူတို႔စိတ္ခံစားခ်က္နည္းလာတဲ့အခ်ိန္ေတြမွာ ကၽြန္ေတာ္အဲ့ဒီလိုေအာ္ေလ့ရွိပါတယ္။ ဒီလိုလုပ္တာဟာသူတို႔ကိုဖိအားေပးသလိုျဖစ္သြားျပီး ကၽြန္ေတာ့္ကိုစိတ္ဆိုးလာမယ္လို႔လဲ ယူဆမိပါတယ္။ သူတို႔ဘက္ကဘာတံု႔ျပန္မႈမွမရခဲ့ခ်ိန္ေတြမွာေတာ့ ေအာ္…ငါအခြင့္အေရးနဲ႔လြဲေခ်ာ္သြားျပီ။ ကစားသမားေတြဘက္က ေဘာ့စ္…ခင္ဗ်ားကဆိုးရြားတဲ့လူပဲလို႔ေျပာျပီး သူတို႔ဘာလုပ္ႏိုင္တယ္ဆိုတာကိုထုတ္ျပၾကမယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့”လို႔ ဂ်ာဂင္ကေလာ့ပ္က ေျပာသြားတာပါ။

(unicode)

ပြိုင်ဘက်မန်စီးတီးနည်းပြဂွါဒီယိုလာက ကွင်းဘေးစည်းနည်းပြဧရိယာမှာ ပြီးပြည့်စုံပြီး စမတ်ကျတဲ့သူဖြစ်နေပေမယ့် သူကတော့ လူသတ်သမားနဲ့တူနေတယ်လို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ဟာသလုပ်ပြောဆိုလိုက်ပါတယ်။ဂျာမန်သားနည်းပြဟာ သူ့အသင်းကစားတဲ့ပွဲတိုင်း ကွင်းဘေးစည်းနည်းပြဧရိယာတစ်လျှောက်မှာ ကစားသမားတွေကို အမြဲတမ်းအားနဲ့မာန်နဲ့ တွန်းအားပေးလှုံ့ဆော်တတ်သူဆိုတာ အားလုံးသိကြပြီးသားပါ။“ကျွန်တော်အော်ဟစ်နေတာကိုကြည့်ရတာဟာ လူသတ်သမားတစ်ယောက်လိုပါပဲ။ ကိုယ့်သွားကိုယ်ကိုက်ထားတဲ့ပုံစံကိုက အဲ့ဒီလိုဖြစ်နေတာပါ။ တစ်ခါတရံ မှာကလေးတွေကို အဲ့ဒီလိုမျက်နှာထားနဲ့ကြည့်လိုက်တဲ့အချိန်မှာ သူတို့ကတော့ ချစ်စရာကောင်းတယ်လို့ ပြောကြတာပဲ။များသောအားဖြင့်တော့ ကလေးတွေဟာ စငိုကြတော့တာပါပဲ”လို့ ဂျာဂင်ကလော့ပ်က အရွှန်းဖောက်သွားတာပါ။ဒါပေမဲ့ ဂွါဒီယိုလာနဲ့ပတ်သက်ပြီး သူ့အမြင်ကိုတော့ “ပတ်ကလည်းအမြဲတမ်းတက်ကြွနေသူပါ။ ဒါပေမဲ့ကျွန်တော့်လိုတော့မဟုတ်ပါဘူး။ သူအော်တဲ့အချိန်က ပိုပြီးကြည့်ကောင်းပါတယ်။ ပတ်ရဲ့ခန္ဓာကိုယ်၊ အဝတ်အစားအပါအဝင် အရာအားလုံးက အမြဲတမ်းပြီးပြည့်စုံနေပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ဆက်လက်ပြီး သူ့ရဲ့ကွင်းပြင်ပမှာ တက်တက်ကြွကြွလှုံ့ဆော်တဲ့ပုံစံဟာ အသင်းကိုအကျိုးသက်ရောက်မှုရှိစေတယ်လို့ ဂျာမန်သားက ဖွင့်ဟပါတယ်။“ကစားသမားတွေကိုကျွန်တော်မကြာခဏပြောလေ့ရှိပါတယ်။ ငါ့အတွက်က ပါဝါတွေမလိုအပ်လို့ မင်းတို့အတွက်ပေးနေတာ။ ကောင်းကောင်းအသုံးချလိုက်၊ လိုအပ်လာမယ်ဆိုရင် မင်းတို့ရဲ့မဟုတ်တဲ့နေရာကိုပါ ငါကန်မှာနော်။ သူတို့စိတ်ခံစားချက်နည်းလာတဲ့အချိန်တွေမှာ ကျွန်တော်အဲ့ဒီလိုအော်လေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာသူတို့ကိုဖိအားပေးသလိုဖြစ်သွားပြီး ကျွန်တော့်ကိုစိတ်ဆိုးလာမယ်လို့လဲ ယူဆမိပါတယ်။ သူတို့ဘက်ကဘာတုံ့ပြန်မှုမှမရခဲ့ချိန်တွေမှာတော့ အော်…ငါအခွင့်အရေးနဲ့လွဲချော်သွားပြီ။ ကစားသမားတွေဘက်က ဘော့စ်…ခင်ဗျားကဆိုးရွားတဲ့လူပဲလို့ပြောပြီး သူတို့ဘာလုပ်နိုင်တယ်ဆိုတာကိုထုတ်ပြကြမယ်ဆိုရင်တော့ ကောင်းတာပေါ့”လို့ ဂျာဂင်ကလော့ပ်က ပြောသွားတာပါ။