သူက ကမ္ဘာ့ အကောင်းဆုံး ဖြစ်ပြီး သူ့ရဲ့ အရည် အချင်းက မက်ဆီ၊ ရော်နယ်ဒိုနဲ့ တန်းတူပါပဲလို့ ပြောတဲ့ မိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဇလာတန် အီဘရာဟီမိုဗစ်ကတော့ ရော်နယ်ဒို နဲ့ မက်ဆီ အကြောင်း အမေးခံရတဲ့ အချိန်မှာ သူက ကမ္ဘာ့ အကောင်းဆုံး ဖြစ်တယ်လို့ ပြောသွားခဲ့ပြီး သူ့ရဲ့ အရည်အချင်းကလည်း သူတို့ရဲ့နှစ်ဦးထက် မလျော့ဘူးလို့ ပြန်ဖြေသွားခဲ့တာပဲ ဖြစ်ပါတယ်။

အေစီမီလန် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ ကစားသမား သက်တမ်းက (၂၂) နှစ် ရှိနေပြီ ဖြစ်သလို နိုင်ငံ (၇) နိုင်ငံမှာ ဘောလုံး ကစားထားပြီ ဖြစ်လို့ ဘောလုံးနဲ့ ပက်သက်တဲ့ သူ့ရဲ့ အတွေ့ အကြုံကတော့ အတော် ဝါရင့်နေပြီ ဖြစ်ပါတယ်။

အသက် (၃၉) နှစ်အရွယ် ဆွီဒင်သား အီဘရာဟီဗိုဗစ်ဟာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ နှစ်ဦး ရရှိခဲ့ကြတဲ့ ချန်ပီယံလိဂ် ဖလား နဲ့ ဘလွန်းဒီအော်ဆုကိုတော့ သူ့ရဲ့ (၂၂) နှစ်ကြာ ကစားသမား သက်တမ်းမှာ လက်ရှိ အချိန်အထိ တစ်ကြိမ်မှ မရသေးပါဘူး။

တိုက်စစ်မှူး မိုဗစ်ဟာ ဥရောပ အသင်းကြီးတွေ ဖြစ်ကြတဲ့ အေစီမီလန်၊ အင်တာမီလန်၊ ဂျုဗင်တပ်၊ ဘာစီလိုနာ၊ မန်ယူ နှင့် ပီအက်စ်ဂျီတို့မှာ ကစားခဲ့ပြီး သူကိုယ့်သူ ကမ္ဘာ့ အကောင်းဆုံးလို့ ထင်တယ်လို့ ပြောသွားလိုက်တာ ဖြစ်ပါတယ်။

France Football က မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ အကြောင်းကို မေးတဲ့ အချိန် အီဘရာဟီမိုဗစ်က “တကယ်လို့ အရည်အချင်းနဲ့ ပက်သက်လာရင် ကျွန်တော်က သူတို့ထက် လျော့နည်းတာ မရှိပါ။

တကယ်လို့ ဖလားနဲ့ ဆိုရင် ချန်ပီယံလိဂ် မရဘူး´´

“ဒါပေမယ့် ဘယ်လို တွက်ချက်ကြသလဲ ဆိုတာ မသိပါဘူး။ ကျွန်တော် ဒါကို စိတ်မစွဲလမ်းဘူး။

ဘာလို့လဲဆိုရင် အသင်းလိုက် ကောင်းတယ် ဆိုရင် တစ်ဦးချင်းပါ ကောင်းလာလို့ပါ။

အသင်းလိုက် မကောင်းရင် တစ်ဦးချင်း မကောင်းဘူး´´

“ကျွန်တော် ဘလွန်းဒီအော်ကို မရခဲ့တာလား။

မဟုတ်ဘူး။ ဘလွန်းဒီအော်က ကျွန်တော့်ကို မရခဲ့တာပါ။

ကျွန်တော်က ကမ္ဘာ့ အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။

ကစားသမားတွေကို အချင်းချင်း နှိုင်းယှဥ်တာက မကောင်းပါဘူး´´

“ကစားသမားတိုင်းက သူတို့ရဲ့ မျိုးဆက်မှာ သူတို့ရဲ့အသင်းဖော်တွေနဲ့ ကစားခဲ့ကြတယ်။ ဒါက နှိုင်းယှဥ်ဖို့ ခက်ခဲလှပါတယ်။

လူတိုင်းက သူတို့ရဲ့ သမိုင်းရှိပြီး ဒီသမိုင်းကို ရင်ဆိုင်ရပါလိမ့််မယ်´´ လို့ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူက ကမာၻ႔ အေကာင္းဆုံး ျဖစ္ၿပီး သူ႔ရဲ႕ အရည္ အခ်င္းက မက္ဆီ၊ ေရာ္နယ္ဒိုနဲ႔ တန္းတူပါပဲလို႔ ေျပာတဲ့ မိုဗစ္

ဇလာတန္ အီဘရာဟီမိုဗစ္ကေတာ့ ေရာ္နယ္ဒို နဲ႔ မက္ဆီ အေၾကာင္း အေမးခံရတဲ့ အခ်ိန္မွာ သူက ကမာၻ႔ အေကာင္းဆုံး ျဖစ္တယ္လို႔ ေျပာသြားခဲ့ၿပီး သူ႔ရဲ႕ အရည္အခ်င္းကလည္း သူတို႔ရဲ႕ႏွစ္ဦးထက္ မေလ်ာ့ဘူးလို႔ ျပန္ေျဖသြားခဲ့တာပဲ ျဖစ္ပါတယ္။

ေအစီမီလန္ တိုက္စစ္မႉး အီဘရာဟီမိုဗစ္ဟာ သူ႔ရဲ႕ ကစားသမား သက္တမ္းက (၂၂) ႏွစ္ ရွိေနၿပီ ျဖစ္သလို ႏိုင္ငံ (၇) ႏိုင္ငံမွာ ေဘာလုံး ကစားထားၿပီ ျဖစ္လို႔ ေဘာလုံးနဲ႔ ပက္သက္တဲ့ သူ႔ရဲ႕ အေတြ႕ အႀကဳံကေတာ့ အေတာ္ ဝါရင့္ေနၿပီ ျဖစ္ပါတယ္။

အသက္ (၃၉) ႏွစ္အ႐ြယ္ ဆြီဒင္သား အီဘရာဟီဗိုဗစ္ဟာ မက္ဆီ နဲ႔ ေရာ္နယ္ဒိုတို႔ ႏွစ္ဦး ရရွိခဲ့ၾကတဲ့ ခ်န္ပီယံလိဂ္ ဖလား နဲ႔ ဘလြန္းဒီေအာ္ဆုကိုေတာ့ သူ႔ရဲ႕ (၂၂) ႏွစ္ၾကာ ကစားသမား သက္တမ္းမွာ လက္ရွိ အခ်ိန္အထိ တစ္ႀကိမ္မွ မရေသးပါဘူး။

တိုက္စစ္မႉး မိုဗစ္ဟာ ဥေရာပ အသင္းႀကီးေတြ ျဖစ္ၾကတဲ့ ေအစီမီလန္၊ အင္တာမီလန္၊ ဂ်ဳဗင္တပ္၊ ဘာစီလိုနာ၊ မန္ယူ ႏွင့္ ပီအက္စ္ဂ်ီတို႔မွာ ကစားခဲ့ၿပီး သူကိုယ့္သူ ကမာၻ႔ အေကာင္းဆုံးလို႔ ထင္တယ္လို႔ ေျပာသြားလိုက္တာ ျဖစ္ပါတယ္။

France Football က မက္ဆီ နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ အေၾကာင္းကို ေမးတဲ့ အခ်ိန္ အီဘရာဟီမိုဗစ္က “တကယ္လို႔ အရည္အခ်င္းနဲ႔ ပက္သက္လာရင္ ကြၽန္ေတာ္က သူတို႔ထက္ ေလ်ာ့နည္းတာ မရွိပါ။ တကယ္လို႔ ဖလားနဲ႔ ဆိုရင္ ခ်န္ပီယံလိဂ္ မရဘူး´´

“ဒါေပမယ့္ ဘယ္လို တြက္ခ်က္ၾကသလဲ ဆိုတာ မသိပါဘူး။ ကြၽန္ေတာ္ ဒါကို စိတ္မစြဲလမ္းဘူး။ ဘာလို႔လဲဆိုရင္ အသင္းလိုက္ ေကာင္းတယ္ ဆိုရင္ တစ္ဦးခ်င္းပါ ေကာင္းလာလို႔ပါ။ အသင္းလိုက္ မေကာင္းရင္ တစ္ဦးခ်င္း မေကာင္းဘူး´´

“ကြၽန္ေတာ္ ဘလြန္းဒီေအာ္ကို မရခဲ့တာလား။ မဟုတ္ဘူး။ ဘလြန္းဒီေအာ္က ကြၽန္ေတာ့္ကို မရခဲ့တာပါ။ ကြၽန္ေတာ္က ကမာၻ႔ အေကာင္းဆုံးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကစားသမားေတြကို အခ်င္းခ်င္း ႏႈိင္းယွဥ္တာက မေကာင္းပါဘူး´´

“ကစားသမားတိုင္းက သူတို႔ရဲ႕ မ်ိဳးဆက္မွာ သူတို႔ရဲ႕အသင္းေဖာ္ေတြနဲ႔ ကစားခဲ့ၾကတယ္။ ဒါက ႏႈိင္းယွဥ္ဖို႔ ခက္ခဲလွပါတယ္။ လူတိုင္းက သူတို႔ရဲ႕ သမိုင္းရွိၿပီး ဒီသမိုင္းကို ရင္ဆိုင္ရပါလိမ့္္မယ္´´ လို႔ သတင္းေထာက္ေတြကို ေျပာသြားခဲ့ပါတယ္။