သူကျိုးသွားနိုင်ကြောင်း ဝန်ခံခဲ့ပေမယ့် ကာဗာနီအတွက် စာနာပေးခဲ့တဲ့ ရစ်ချာလီဆန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရုဂွေးနဲ့ ကစားခဲ့တဲ့ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဝင်ကြမ်းလို့ ထုတ်ပယ်ခံခဲ့ရတဲ့ ပြိုင်ဘက်ကစားသမားကာဗာနီအတွက် သူကိုယ်ချင်းစာမိကြောင်း ဘရာဇီးကြယ်ပွင့်ရစ်ချာလီဆန်က ဝန်ခံလိုက်ပါတယ်။

မန်ယူတိုက်စစ်မှုးကာဗာနီဟာ ဘရာဇီးက ရစ်ချာလီဆန်ကို အဝင်ကြမ်းခဲ့မှုနဲ့ အဲဒီပွဲရဲ့ ၇၁ မိနစ်အရောက်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

ပထမတော့ ကာဗာနီဟာ အဝါကတ်သာအပြခံခဲ့ရတာပါ။ ဒါပေမဲ့ ကွင်းလယ်ဒိုင်က VAR ကြည့်ပြီးတော့ အနီကတ်အဖြစ်ပြောင်းလဲခဲ့ရာ ကာဗာနီကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့ရပါတယ်။

ပွဲပြီးတော့ ရစ်ချာလီဆန်က ကာဗာနီရဲ့ဖျက်ထုတ်မှုဟာ သူ့ခြေချင်းဝတ်ကို ကျိုးသွားနိုင်ကြောင်း ဝန်ခံခဲ့ပေမယ့် အဲဒီမန်ယူကစားကစားသမားဟာ တမင်ရည်ရွယ်လုပ်တာမဟုတ်ကြောင်း ဆိုလိုက်ပါတယ်။

”ဘောလုံးနဲ့ဆိုရင်တော့ အငြင်းပွားစရာပါ။ သူ ကျွန်တော့်ကို ခြေထောက်နဲ့ဝင်ခဲ့တာတော့ ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ခြေထောက်သာ မြက်ခင်းပေါ်မှာ ရှိနေမယ်ဆိုရင် အဲဒါက ခြေချင်းဝတ်ကိုတောင် ကျိုးသွားနိုင်ပါတယ်။ ဒါပေမဲ့ သူ တမင်ရည်ရွယ်လုပ်တာလို့ ကျွန်တော် မထင်ပါဘူး။

သူက ဘောလုံးအတွက်ပဲ လုပ်ခဲ့တာဖြစ်ပေမယ့် လွဲသွားပြီး ကျွန်တော့်ခြေထောက်ကို လာထိတာပါ။ ဒါက သာမန်ပွဲအခြေအနေတစ်ခုပါပဲ”လို့ ရစ်ချာလီဆန်က ပြောခဲ့တာပါ။

ရစ်ချာလီဆန်ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့တစ်လကျော်တုန်းက မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးရဲ့အယ်ကာတာရာကို ချိန်သားကိုမဟုတ်တဲ့ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီနဲ့ အထုတ်ခံခဲ့ရဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူက်ိဳးသြားႏိုင္ေၾကာင္း ၀န္ခံခဲ့ေပမယ့္ ကာဗာနီအတြက္ စာနာေပးခဲ့တဲ့ ရစ္ခ်ာလီဆန္

ဥရုေဂြးနဲ႔ ကစားခဲ့တဲ့ ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲမွာ အ၀င္ၾကမ္းလို႔ ထုတ္ပယ္ခံခဲ့ရတဲ့ ၿပိဳင္ဘက္ကစားသမားကာဗာနီအတြက္ သူကိုယ္ခ်င္းစာမိေၾကာင္း ဘရာဇီးၾကယ္ပြင့္ရစ္ခ်ာလီဆန္က ၀န္ခံလုိက္ပါတယ္။

မန္ယူတိုက္စစ္မႈးကာဗာနီဟာ ဘရာဇီးက ရစ္ခ်ာလီဆန္ကို အ၀င္ၾကမ္းခဲ့မႈနဲ႔ အဲဒီပြဲရဲ႕ ၇၁ မိနစ္အေရာက္မွာ တုိက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရတာပါ။

ပထမေတာ့ ကာဗာနီဟာ အ၀ါကတ္သာအျပခံခဲ့ရတာပါ။ ဒါေပမဲ့ ကြင္းလယ္ဒိုင္က VAR ၾကည့္ၿပီးေတာ့ အနီကတ္အျဖစ္ေျပာင္းလဲခဲ့ရာ ကာဗာနီကိုယ္တုိင္လည္း အံ့အားသင့္သြားခဲ့ရပါတယ္။

ပြဲၿပီးေတာ့ ရစ္ခ်ာလီဆန္က ကာဗာနီရဲ႕ဖ်က္ထုတ္မႈဟာ သူ႔ေျခခ်င္း၀တ္ကို က်ိဳးသြားႏိုင္ေၾကာင္း ၀န္ခံခဲ့ေပမယ့္ အဲဒီမန္ယူကစားကစားသမားဟာ တမင္ရည္ရြယ္လုပ္တာမဟုတ္ေၾကာင္း ဆိုလိုက္ပါတယ္။

”ေဘာလုံးနဲ႔ဆုိရင္ေတာ့ အျငင္းပြားစရာပါ။ သူ ကၽြန္ေတာ့္ကို ေျခေထာက္နဲ႔၀င္ခဲ့တာေတာ့ ဟုတ္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ေျခေထာက္သာ ျမက္ခင္းေပၚမွာ ရွိေနမယ္ဆုိရင္ အဲဒါက ေျခခ်င္း၀တ္ကိုေတာင္ က်ိဳးသြားႏိုင္ပါတယ္။ ဒါေပမဲ့ သူ တမင္ရည္ရြယ္လုပ္တာလုိ႔ ကၽြန္ေတာ္ မထင္ပါဘူး။

သူက ေဘာလုံးအတြက္ပဲ လုပ္ခဲ့တာျဖစ္ေပမယ့္ လြဲသြားၿပီး ကၽြန္ေတာ့္ေျခေထာက္ကို လာထိတာပါ။ ဒါက သာမန္ပြဲအေျခအေနတစ္ခုပါပဲ”လုိ႔ ရစ္ခ်ာလီဆန္က ေျပာခဲ့တာပါ။

ရစ္ခ်ာလီဆန္ကိုယ္တုိင္ကလည္း လြန္ခဲ့တဲ့တစ္လေက်ာ္တုန္းက မာေဆးဆိုဒ္ဒါဘီမွာ လီဗာပူးရဲ႕အယ္ကာတာရာကို ခ်ိန္သားကိုမဟုတ္တဲ့ဖ်က္ထုတ္မႈေၾကာင့္ တိုက္ရိုက္အနီနဲ႔ အထုတ္ခံခဲ့ရဖူးပါတယ္။