သူကိုင်ဖူးသမျှထဲက နေရာအလိုက် အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်လိုက်တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးနည်းပြမော်ရင်ဟိုဟာ နည်းပြသက်တမ်းတစ်လျှောက် သူကိုင်တွယ်ခဲ့ဖူးသမျှ ကစားသမားတွေထဲက နေရာအလိုက်အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်ပေးလိုက်ပါတယ်။

အဲဒီထဲမှာ သူ နှစ်ကြိမ်တိုင်ကိုယ်တွဲခဲ့တဲ့ ချဲလ်ဆီးအသင်းက ကြယ်ပွင့်ဟောင်း ၈ ယောက်တောင် ပါဝင်နေပါတယ်။

ဂိုးသမားအပါအဝင် နောက်တန်း ၅ ယောက်မှာ သူရွေးခဲ့တဲ့ ၄ ယောက်က ချဲလ်ဆီးကစားသမားဟောင်းတွေဖြစ်ကြတဲ့ ပီတာချက်(လက်ရှိတော့ ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်လူစာရင်းမှာပါဝင်)၊ တယ်ရီ၊ ကာဗယ်ဟိုနဲ့ ဂါးလက်စ်တို့ပါ။

မော်ရင်ဟိုရွေးတဲ့နောက်တန်းမှာ ချဲလ်ဆီးက မဟုတ်တဲ့သူဆိုလို့ အင်တာမှာ သူနဲ့အတူ အဓိကဆုဖလား ၃ လုံးအောင်မြင်မှုရယူခဲ့ဖူးတဲ့ ဂျာဗီးယားဇနက်တီတစ်ယောက်သာရှိပါတယ်။

ကွင်းလယ်မှာလည်း မော်ရင်ဟိုဟာ ချဲလ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ လမ်းပတ်နဲ့မက်ခီလီလီတို့ကို ရွေးချယ်ထားပါတယ်

မော်ရင်ဟိုရွေးတဲ့ ကွင်းလယ်က ကျန်တဲ့တစ်ယောက်ကတော့ အိုဇေးလ်ဖြစ်ပြီး ရီးရဲလ်ကို မော်ရင်ဟိုကိုင်စဉ်က အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ရီးရဲလ်မှာကစားခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၃ အတွင်း အိုဇေးလ်ဟာ လာလီဂါဂိုးဖန်တီးပေးမှု ၅၄ ကြိမ်တောင် ရှိခဲ့ကာ အဲဒါကြောင့်လည်း မော်ရင်ဟိုက သူ့ကိုရွေးခဲ့တာပါ။

တိုက်စစ် ၃ ယောက်မှာလည်း မော်ရင်ဟိုဟာ ချဲလ်ဆီးကစားသမားဟောင်း ၂ ယောက်ကိုရွေးခဲ့ပြီး ဒရော့ဘာနဲ့ ဟာဇတ်တို့ဖြစ်ကာ အဲဒီထဲမှာ ဟာဇတ်ဟာ သူ့ရဲ့တစ်ကျော့ပြန်ချဲလ်ဆီးနည်းပြဘဝကိုင်တွယ်သူတွေထဲက တစ်ယောက်တည်းသာ ပါဝင်သူဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်က စီရော်နယ်ဒိုဖြစ်ပြီး ရီးရဲလ်မှာ မော်ရင်ဟိုလက်ထက် ဂိုးသွင်းအများဆုံး ၃ ရာသီကိုပိုင်ဆိုင်နိုင်ခဲ့ကာ အဲဒီတုန်းက ၁၆၄ ပွဲမှာ ၁၆၈ ဂိုးရှိခဲ့တာပါ။

မော်ရင်ဟိုရဲ့ရွေးချယ်မှုထဲမှာ အံ့အားသင့်ဖွယ်ကျန်ရစ်ခဲ့ကြတဲ့ကြယ်ပွင့်နှစ်ယောက်ကတော့ ရာမို့စ်နဲ့ အလွန်ဆိုတို့ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူကိုင္ဖူးသမွ်ထဲက ေနရာအလိုက္ အေကာင္းဆုံး ၁၁ ေယာက္ကို ေရြးခ်ယ္လိုက္တဲ့ ေမာ္ရင္ဟို

စပါးနည္းျပေမာ္ရင္ဟိုဟာ နည္းျပသက္တမ္းတစ္ေလွ်ာက္ သူကိုင္တြယ္ခဲ့ဖူးသမွ် ကစားသမားေတြထဲက ေနရာအလိုက္အေကာင္းဆုံး ၁၁ ေယာက္ကို ေရြးခ်ယ္ေပးလိုက္ပါတယ္။

အဲဒီထဲမွာ သူ ႏွစ္ႀကိမ္တိုင္ကိုယ္တြဲခဲ့တဲ့ ခ်ဲလ္ဆီးအသင္းက ၾကယ္ပြင့္ေဟာင္း ၈ ေယာက္ေတာင္ ပါ၀င္ေနပါတယ္။

ဂိုးသမားအပါအ၀င္ ေနာက္တန္း ၅ ေယာက္မွာ သူေရြးခဲ့တဲ့ ၄ ေယာက္က ခ်ဲလ္္ဆီးကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ပီတာခ်က္(လက္ရွိေတာ့ ခ်ဲလ္ဆီးရဲ႕ပရီးမီးယားလိဂ္လူစာရင္းမွာပါ၀င္)၊ တယ္ရီ၊ ကာဗယ္ဟိုနဲ႔ ဂါးလက္စ္တို႔ပါ။

ေမာ္ရင္ဟိုေရြးတဲ့ေနာက္တန္းမွာ ခ်ဲလ္ဆီးက မဟုတ္တဲ့သူဆုိလို႔ အင္တာမွာ သူနဲ႔အတူ အဓိကဆုဖလား ၃ လုံးေအာင္ျမင္မႈရယူခဲ့ဖူးတဲ့ ဂ်ာဗီးယားဇနက္တီတစ္ေယာက္သာရွိပါတယ္။

ကြင္းလယ္မွာလည္း ေမာ္ရင္ဟိုဟာ ခ်ဲလ္ဆီးကစားသမားေဟာင္းေတြျဖစ္တဲ့ လမ္းပတ္နဲ႔မက္ခီလီလီတို႔ကို ေရြးခ်ယ္ထားပါတယ္

ေမာ္ရင္ဟိုေရြးတဲ့ ကြင္းလယ္က က်န္တဲ့တစ္ေယာက္ကေတာ့ အိုေဇးလ္ျဖစ္ၿပီီး ရီးရဲလ္ကို ေမာ္ရင္ဟိုကိုင္စဥ္က အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။

ရီးရဲလ္မွာကစားခဲ့တဲ့ ၂၀၁၀ ကေန ၂၀၁၃ အတြင္း အိုေဇးလ္ဟာ လာလီဂါဂိုးဖန္တီးေပးမႈ ၅၄ ႀကိမ္ေတာင္ ရွိခဲ့ကာ အဲဒါေၾကာင့္လည္း ေမာ္ရင္ဟိုက သူ႔ကိုေရြးခဲ့တာပါ။

တိုက္စစ္ ၃ ေယာက္မွာလည္း ေမာ္ရင္ဟိုဟာ ခ်ဲလ္ဆီးကစားသမားေဟာင္း ၂ ေယာက္ကုိေရြးခဲ့ၿပီး ဒေရာ့ဘာနဲ႔ ဟာဇတ္တို႔ျဖစ္ကာ အဲဒီထဲမွာ ဟာဇတ္ဟာ သူ႔ရဲ႕တစ္ေက်ာ့ျပန္ခ်ဲလ္ဆီးနည္းျပဘ၀ကိုင္တြယ္သူေတြထဲက တစ္ေယာက္တည္းသာ ပါ၀င္သူျဖစ္ပါတယ္။

ေနာက္ဆုံးတစ္ေယာက္က စီေရာ္နယ္ဒိုျဖစ္ၿပီး ရီးရဲလ္မွာ ေမာ္ရင္ဟိုလက္ထက္ ဂိုးသြင္းအမ်ားဆုံး ၃ ရာသီကိုပိုင္ဆိုင္ႏိုင္ခဲ့ကာ အဲဒီတုန္းက ၁၆၄ ပြဲမွာ ၁၆၈ ဂိုးရွိခဲ့တာပါ။

ေမာ္ရင္ဟိုရဲ႕ေရြးခ်ယ္မႈထဲမွာ အံ့အားသင့္ဖြယ္က်န္ရစ္ခဲ့ၾကတဲ့ၾကယ္ပြင့္ႏွစ္ေယာက္ကေတာ့ ရာမုိ႔စ္နဲ႔ အလြန္ဆုိတုိ႔ျဖစ္ပါတယ္။