သီးခြားခွဲနေချိန်အတွင်း သားဖြစ်သူနဲ့ လေ့ကျင့်နေတဲ့ စီရော်နယ်ဒို

photo-daily mail

photo-instagram

အီတလီကိုပြန်ရောက်နေတဲ့စီရော်နယ်ဒိုဟာ အသင်းနဲ့မပူးပေါင်းသေးဘဲ သီခြားခွဲနေဆဲဖြစ်ပေမယ့် သားဖြစ်သူရဲ့အကူအညီနဲ့အတူ လေ့ကျင့်မပျက်ခဲ့ပါဘူး။ အဲဒီဂျူဗင်တပ်ကြယ်ပွင့်ဟာ ဇာတိမြေဖြစ်တဲ့ မာဒိုင်ရာကျွန်းမှာ အချိန်အတိုင်းအတာတစ်ခုထိ ကုန်လွန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က အီတလီက ဂျူဗင်တပ်အသင်းအခြေစိုက်ရာ တူရင်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ အသင်းနဲ့ ချက်ချင်းပူးပေါင်းခွင့်မရဘဲ အီတလီပြင်ပက ပြန်ရောက်လာတာဖြစ်လို့ ၁၄ ရက်ကြာ သီးခြားခွဲနေရပါတယ်။

photo-instagram

အသင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်နိုင်ရေးအတွက် စောင့်ဆိုင်းရဦးမှာ ဖြစ်ပေမယ့်လည်း စီရော်နယ်ဒိုဟာ စိတ်မပျက်ခဲ့ဘဲ သူ့ရဲ့ပန်းခြံထဲမှာ ဘောလုံးနဲ့အတူ လေ့ကျင့်မှုတွေလုပ်နေတာပါ။ သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာရဲ့အကူအညီနဲ့ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ သားဖြစ်သူနဲ့ လေ့ကျင့်နေတဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ ပြန်လည်မျှဝေခဲ့တာပါ။

https://twitter.com/i/status/1260478419273383936

Instagram က အဲဒီဗီဒီယိုပို့စ်မှာ ”အဖေတူသား။ အားလုံးထက် ပျော်ရွှင်ရမှု” ဆိုတဲ့ caption လည်း ထိုးထားပါတယ်။ သူတို့သားအဖနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ဘောလုံးပေးရင်း ဘောလုံး control အတွက် လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ဂျူဗင်တပ်ပထမအသင်းကြီးရဲ့ဂိုးသွင်းသူရဲကောင်းဖြစ်သလို သားဖြစ်သူကလည်း ဂျူဗင်တပ်လူငယ်အသင်းရဲ့ဂိုးသွင်းစက်ဖြစ်ပါတယ်။

[Zawgyi]

သီးျခားခဲြေနခ်ိန္အတြင္း သားျဖစ္သူနဲ႔ ေလ့က်င့္ေနတဲ့ စီေရာ္နယ္ဒို

အီတလီကိုျပန္ေရာက္ေနတဲ့စီေရာ္နယ္ဒိုဟာ အသင္းနဲ႔မပူးေပါင္းေသးဘဲ သီျခားခြဲေနဆဲျဖစ္ေပမယ့္ သားျဖစ္သူရဲ႕အကူအညီနဲ႔အတူ ေလ့က်င့္မပ်က္ခဲ့ပါဘူး။ အဲဒီဂ်ဴဗင္တပ္ၾကယ္ပြင့္ဟာ ဇာတိေျမျဖစ္တဲ့ မာဒိုင္ရာကၽြန္းမွာ အခ်ိန္အတိုင္းအတာတစ္ခုထိ ကုန္လြန္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့အပတ္က အီတလီက ဂ်ဴဗင္တပ္အသင္းအေျခစိုက္ရာ တူရင္ၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာခဲ့တာပါ။ ဒါေပမဲ့ အသင္းနဲ႔ ခ်က္ခ်င္းပူးေပါင္းခြင့္မရဘဲ အီတလီျပင္ပက ျပန္ေရာက္လာတာျဖစ္လုိ႔ ၁၄ ရက္ၾကာ သီးျခားခြဲေနရပါတယ္။

အသင္းနဲ႔ ပုံမွန္ေလ့က်င့္ခန္းေတြလုပ္ႏိုင္ေရးအတြက္ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ေပမယ့္လည္း စီေရာ္နယ္ဒိုဟာ စိတ္မပ်က္ခဲ့ဘဲ သူ႔ရဲ႕ပန္းၿခံထဲမွာ ေဘာလုံးနဲ႔အတူ ေလ့က်င့္မႈေတြလုပ္ေနတာပါ။ သားျဖစ္သူ ခရစၥတီယာႏိုဂ်ဴနီယာရဲ႕အကူအညီနဲ႔ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ သားျဖစ္သူနဲ႔ ေလ့က်င့္ေနတဲ့ဗီဒီယိုဖိုင္ကို ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာ ျပန္လည္မွ်ေ၀ခဲ့တာပါ။

Instagram က အဲဒီဗီဒီယိုပို႔စ္မွာ ”အေဖတူသား။ အားလံုးထက္ ေပ်ာ္ရႊင္ရမႈ” ဆုိတဲ့ caption လည္း ထုိးထားပါတယ္။ သူတို႔သားအဖႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ေဘာလုံးေပးရင္း ေဘာလုံး control အတြက္ ေလ့က်င့္ေနၾကတာ ျဖစ္ပါတယ္။ ဖခင္ျဖစ္သူက ဂ်ဴဗင္တပ္ပထမအသင္းႀကီးရဲ႕ဂိုးသြင္းသူရဲေကာင္းျဖစ္သလို သားျဖစ္သူကလည္း ဂ်ဴဗင္တပ္လူငယ္အသင္းရဲ႕ဂိုးသြင္းစက္ျဖစ္ပါတယ္။