သီယာဂို မပါရင် လီဗာပူးပိုကောင်းလာမယ်လို့ အန်ဖီးလ်ကြယ်ပွင့်ဟောင်း သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ် ကစားသမားဟောင်း Dietmar Hamann က ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမားဟောင်း သီယာဂို အယ်လ်ကန်တာရာ အပေါ် အငြင်းပွားဖွယ် သုံးသပ်မှု ပြုလုပ်သွားခဲ့ပါတယ်။ Dietmar Hamann က အသင်းဟောင်း လီဗာပူးအနေနဲ့ သီယာဂို အယ်လ်ကန်တာရာကို မခေါ်ယူခဲ့သင့်ကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

သီယာဂိုဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်မြူးနစ်အသင်းကနေ ပေါင် သန်း ( ၂၀ ) နဲ့ လီဗာပူးကို ရောက်ရှိလာပြီး ပထမဆုံး ပွဲစဉ်အပြီး ခဏအကြာမှာ ဒူးဒဏ်ရာကြောင့် ( ၂ ) လကျော် အနားယူနေခဲ့ရပါတယ်။ စပိန်လက်ရွေးစင်ဟာ ခရစ်စမတ်ကာလအပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်သုံးပွဲ ကစားခွင့်ရခဲ့ပြီး လီဗာပူးအသင်းက အဆိုပါ သုံးပွဲဆက် သွင်းဂိုးရယူနိုင်ခဲ့ခြင်း မရှိပဲ ( ၁၆ ) နှစ်အတွင်းမှာ အရှည်ကြာဆုံး ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက်လည်း ကစားပေးခဲ့ဖူးသူ ကွင်းလယ်ကစားသမား Hamann က သီယာဂိုဟာ ယာဂန်ကလော့ လက်အောက်မှာ အောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ ကစားဟန်နဲ့ အံဝင်ခြင်းမရှိကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

Hamann က talkSPORT နဲ့ တွေ့ဆုံရာမှာ ” သူ ( သီယာဂို ) က ကစားကွက်ကို နှေးစေပါတယ်။ သူက လီဗာပူးကစားသလို မကစားပါဘူး။ ပြီးခဲ့တဲ့ ( ၂ ) နှစ်အတွင်း လီဗာပူးကွင်းလယ်မှာ ကြိုးစားတဲ့ ကစားသမားတွေနဲ့ ပြည့်နေခဲ့ပါတယ်။

သူတို့က ဘောလုံးကစားတာ ကျွမ်းကျင်ပေမယ့် သီယာဂိုကိုတော့ လိုက်မမှီပါဘူး။ သူတို့က ဆာလက် ၊ မာနေတို့ဆီပဲ စောစောစီးစီး ပေးပို့လေ့ရှိတယ်။ ဒီကစားသမားတွေက အတော်ကြိုးစားကြပါတယ်။ ရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူး။” ဟု သုံးသပ်ခဲ့ပါတယ်။

” သူက ကျွမ်းကျင်တဲ့ ကစားသမားကောင်းတစ်ဦးဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် အသင်းလူစာရင်းရဲ့ အရေးအကြီးဆုံးကစားသမားတွေထဲ မပါဝင်ခဲ့ပါဘူး ။” ” သူ ဘောလုံးကစားပုံက လီဗာပူးနဲ့ မတူညီပါဘူး။ ပိုင်ဆိုင်မှု အသားပေးကစားရတာ ကြိုက်တဲ့သူပါ။

လီဗာပူးက မြန်မြန်ဆန်ဆန် တိုက်စစ်ဆင်ကစားရာမှာ ကောင်းမွန်တဲ့အသင်းပါ ။ သီယာဂိုက အဲ့လို ကစားသမား မဟုတ်ပါဘူး။ သီယာဂို ကစားတာနဲ့ အသင်းရဲ့ လှုပ်အားနှုန်းက ပြောင်းလဲသွားပါလိမ့်မယ်။ ပိုကောင်းလာမယ်လို့တော့ မထင်ပါဘူး။ ”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးလ္ ကစားသမားေဟာင္း Dietmar Hamann ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္ကစားသမားေဟာင္း သီယာဂို အယ္လ္ကန္တာရာ အေပၚ အျငင္းပြားဖြယ္ သုံးသပ္မႈ ျပဳလုပ္သြားခဲ့ပါတယ္။ Dietmar Hamann က အသင္းေဟာင္း လီဗာပူးအေနနဲ႔ သီယာဂို အယ္လ္ကန္တာရာကို မေခၚယူခဲ့သင့္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။ သီယာဂိုဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘိုင္ယန္ျမဴးနစ္အသင္းကေန ေပါင္ သန္း ( ၂၀ ) နဲ႔ လီဗာပူးကို ေရာက္ရွိလာၿပီး ပထမဆုံး ပြဲစဥ္အၿပီး ခဏအၾကာမွာ ဒူးဒဏ္ရာေၾကာင့္ ( ၂ ) လေက်ာ္ အနားယူေနခဲ့ရပါတယ္။

စပိန္လက္ေ႐ြးစင္ဟာ ခရစ္စမတ္ကာလအၿပီးမွာ ပရီးမီးယားလိဂ္ ပြဲစဥ္သုံးပြဲ ကစားခြင့္ရခဲ့ၿပီး လီဗာပူးအသင္းက အဆိုပါ သုံးပြဲဆက္ သြင္းဂိုးရယူႏိုင္ခဲ့ျခင္း မရွိပဲ ( ၁၆ ) ႏွစ္အတြင္းမွာ အရွည္ၾကာဆုံး ဂိုးေပါက္ေပ်ာက္ဆုံးမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္လည္း ကစားေပးခဲ့ဖူးသူ ကြင္းလယ္ကစားသမား Hamann က သီယာဂိုဟာ ယာဂန္ကေလာ့ လက္ေအာက္မွာ ေအာင္ျမင္ခဲ့တဲ့ လီဗာပူးအသင္းရဲ႕ ကစားဟန္နဲ႔ အံဝင္ျခင္းမရွိေၾကာင္း ေထာက္ျပေျပာဆိုခဲ့ပါတယ္။

Hamanm က talkSPORT နဲ႔ ေတြ႕ဆုံရာမွာ ” သူ ( သီယာဂို ) က ကစားကြက္ကို ေႏွးေစပါတယ္။ သူက လီဗာပူးကစားသလို မကစားပါဘူး။ ၿပီးခဲ့တဲ့ ( ၂ ) ႏွစ္အတြင္း လီဗာပူးကြင္းလယ္မွာ ႀကိဳးစားတဲ့ ကစားသမားေတြနဲ႔ ျပည့္ေနခဲ့ပါတယ္။ သူတို႔က ေဘာလုံးကစားတာ ကြၽမ္းက်င္ေပမယ့္ သီယာဂိုကိုေတာ့ လိုက္မမွီပါဘူး။ သူတို႔က ဆာလက္ ၊ မာေနတို႔ဆီပဲ ေစာေစာစီးစီး ေပးပို႔ေလ့ရွိတယ္။ ဒီကစားသမားေတြက အေတာ္ႀကိဳးစားၾကပါတယ္။ ရပ္တန႔္ဖို႔ မျဖစ္ႏိုင္ပါဘူး။” ဟု သုံးသပ္ခဲ့ပါတယ္။

“သူက ကြၽမ္းက်င္တဲ့ ကစားသမားေကာင္းတစ္ဦးဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္ အသင္းလူစာရင္းရဲ႕ အေရးအႀကီးဆုံးကစားသမားေတြထဲ မပါဝင္ခဲ့ပါဘူး ။” ” သူ ေဘာလုံးကစားပုံက လီဗာပူးနဲ႔ မတူညီပါဘူး။ ပိုင္ဆိုင္မႈ အသားေပးကစားရတာ ႀကိဳက္တဲ့သူပါ။ လီဗာပူးက ျမန္ျမန္ဆန္ဆန္ တိုက္စစ္ဆင္ကစားရာမွာ ေကာင္းမြန္တဲ့အသင္းပါ ။ သီယာဂိုက အဲ့လို ကစားသမား မဟုတ္ပါဘူး။ သီယာဂို ကစားတာနဲ႔ အသင္းရဲ႕ လႈပ္အားႏႈန္းက ေျပာင္းလဲသြားပါလိမ့္မယ္။ ပိုေကာင္းလာမယ္လို႔ေတာ့ မထင္ပါဘူး။ “