သီယာဂိုက ယူနိုက်တက်နဲ့ ပိုသင့်လျော်လိမ့်မယ်လို့ ပေါလ်စခိုး ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးက သီယာဂို အယ်လ်ကန်တာရာမှာ ယာဂန်ကလော့ရဲ့ စနစ်နဲ့ ကိုက်ညီတဲ့ ခြေမရှိတဲ့အတွက် လီဗာပူးမှာ အောင်မြင်နိုင်ဖို့ မလွယ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အသက် ( ၂၉ ) နှစ်အရွယ် သီယာဂိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘိုင်ယန်မြူးနစ်အသင်းကနေ ပေါင် သန်း (၂၀) နဲ့ အန်ဖီးလ်ကို ရောက်ရှိလာပြီးနောက် အစောပိုင်းကာလတွေမှာ ချီးကျူးခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြိုးကြာနီ သူရဲကောင်းတွေဖြစ်တဲ့ ဟာမန်း နှင့် ဂျွန် ဘားနတ်တို့က လီဗာပူးရဲ့ ရုန်းကန်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စပိန်ကွင်းလယ်ကစားသမားကို အပြစ်တင် ပြောဆိုလာကြပါတယ်။

အသက် ( ၄၆ ) နှစ်အရွယ် ယူနိုက်တက် ကစားသမားဟောင်းက Premier League Productions နဲ့တွေ့ဆုံရာမှာ “ သူက လီဗာပူးရဲ့ ကွင်းလယ် သုံ‌းယောက်တန်းကစားပုံနဲ့ မကိုက်ညီပါဘူး။ ဘယ်နောက်ခံနေရာထိ ပြေးနေရမယ့် ကစားသမား မဟုတ်ပါဘူး။ သူက ကွင်းလယ်မှာ အထိုင်ချပြီး အသင်းဖော်တွေအတွက် ကစားကွက် ဖော်ဆောင်ပေးရမယ့်သူပါ။ လက်ရှိ လီဗာပူးရဲ့ ကစားပုံက သူနဲ့ မကိုက်ညီဘူးလို့ ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

“ သီယာဂိုက ယာဂန်ကလော့နဲ့ ကိုက်ညီမယ့် ကစားသမား မဟုတ်ပါဘူး။ သူ့ရဲ့ ကွင်းလယ် နှင့် တိုက်စစ်ကစားသမားတွေကို ကြည့်မယ်ဆိုရင် တစ်နာရီ မိုင် ( ၁၀၀ )နှုန်း ပြေးနေသူတွေပါ” “ ကျွန်တော်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပိုကိုက်ညီမယ်လို့ ထင်မိပါတယ်။ ကွင်းလယ် ( ၂ ) ယောက်တန်းမှာ အထိုင်ချပြီး ပွဲကို ထိန်းချုပ် ကစားနိုင်ပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သီယာဂိုက ယူႏိုက္တက္နဲ႔ ပိုသင့္ေလ်ာ္လိမ့္မယ္လို႔ ေပါလ္စခိုး ေျပာ

မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၲဝင္ ေပါလ္စခိုးက သီယာဂို အယ္လ္ကန္တာရာမွာ ယာဂန္ကေလာ့ရဲ႕ စနစ္နဲ႔ ကိုက္ညီတဲ့ ေျခမရွိတဲ့အတြက္ လီဗာပူးမွာ ေအာင္ျမင္ႏိုင္ဖို႔ မလြယ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အသက္ ( ၂၉ ) ႏွစ္အ႐ြယ္ သီယာဂိုဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္း ဘိုင္ယန္ျမဴးနစ္အသင္းကေန ေပါင္ သန္း ( ၂၀ ) နဲ႔ အန္ဖီးလ္ကို ေရာက္ရွိလာၿပီးေနာက္ အေစာပိုင္းကာလေတြမွာ ခ်ီးက်ဴးျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ႀကိဳးၾကာနီ သူရဲေကာင္းေတြျဖစ္တဲ့ ဟာမန္း ႏွင့္ ဂြၽန္ ဘားနတ္တို႔က လီဗာပူးရဲ႕ ႐ုန္းကန္ေနရတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး စပိန္ကြင္းလယ္ကစားသမားကို အျပစ္တင္ ေျပာဆိုလာၾကပါတယ္။

အသက္ ( ၄၆ ) ႏွစ္အ႐ြယ္ ယူႏိုက္တက္ ကစားသမားေဟာင္းက Premier League Productions နဲ႔ေတြ႕ဆုံရာမွာ “ သူက လီဗာပူးရဲ႕ ကြင္းလယ္ သုံ‌းေယာက္တန္းကစားပုံနဲ႔ မကိုက္ညီပါဘူး။ ဘယ္ေနာက္ခံေနရာထိ ေျပးေနရမယ့္ ကစားသမား မဟုတ္ပါဘူး။ သူက ကြင္းလယ္မွာ အထိုင္ခ်ၿပီး အသင္းေဖာ္ေတြအတြက္ ကစားကြက္ ေဖာ္ေဆာင္ေပးရမယ့္သူပါ။ လက္ရွိ လီဗာပူးရဲ႕ ကစားပုံက သူနဲ႔ မကိုက္ညီဘူးလို႔ ထင္ပါတယ္။” လို႔ ေျပာဆိုခဲ့ပါတယ္။

“ သီယာဂိုက ယာဂန္ကေလာ့နဲ႔ ကိုက္ညီမယ့္ ကစားသမား မဟုတ္ပါဘူး။ သူ႔ရဲ႕ ကြင္းလယ္ ႏွင့္ တိုက္စစ္ကစားသမားေတြကို ၾကည့္မယ္ဆိုရင္ တစ္နာရီ မိုင္ ( ၁၀၀ ) ႏႈန္း ေျပးေနသူေတြပါ” “ ကြၽန္ေတာ္ကေတာ့ သူဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ ပိုကိုက္ညီမယ္လို႔ ထင္မိပါတယ္။ ကြင္းလယ္ ( ၂ ) ေယာက္တန္းမွာ အထိုင္ခ်ၿပီး ပြဲကို ထိန္းခ်ဳပ္ ကစားႏိုင္ပါတယ္။”