သီယာဂိုကို ပေါင် ၃၂သန်းနဲ့ ခေါ်ယူနိုင်ဖို့ လီဗာပူးအသင်း အလွန်နီးစပ်တဲ့ အနေအထား ရောက်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။ သီယာဂိုဟာ ဘိုင်ယန်နဲ့အတူ ၇ရာသီဆက် အောင်မြင်မှုတွေ ရရှိခဲ့ပေမဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုနေပါတယ်။


Sportရဲ့အဆိုအရတော့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့တောင် သိရပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးကို တလုံးတည်း မပေးချင်ဘဲ အရစ်ချနဲ့သာ ပေးချေလိုနေပါတယ်။


အယ်လ်ကန်တာရာရဲ့ စာချုပ်ဟာ လာမယ့်နှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုတွေလည်း အဆင်မပြေသေးပါဘူး။ လီဗာပူးပိုင်ရှင် FSG အဖွဲ့က လူငယ်တွေကိုသာ ဝယ်ယူလိုတာကြောင့် ၂၉နှစ်သားက အသင်း အပြောင်းအရွှေ့ ပေါ်လစီနဲ့တော့ ကိုက်ညီခြင်း မရှိပါဘူး။


အယ်လ်ကန်တာရာရဲ့ ကစားသမားဘဝဟာ နောက်ဆုံးအချိန်နားကို ရောက်လာပြီ ဖြစ်တာကြောင့် အန်ဖီးလ်ကို ပြောင်းတာက အံ့အားသင့်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ နည်းပြ ဂျာဂန် ကလော့ပ်ကတော့ ဘရာဇီးမှာ မွေးတဲ့ ကွင်းလယ်လူရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်နေပါတယ်။


သီယာဂိုဟာ ယခုနှစ်ရာသီမှာ ဘိုင်ယန်အတွက် ၃၅ပွဲ ကစားထားကာ ၃ဂိုး သွင်းထားပါတယ်။ လီဗာပူးအသင်းဟာ နွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့တွေ မလုပ်နိုင်တဲ့ အခြေအနေမှာ သီယာဂိုရဲ့ အပြောင်းအရွှေ့က ဖြစ်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။