သားဖြစ်သူရဲ့ အိုးလ်ထရက်ဖို့ဒ်အောင်ပွဲကို ဝမ်းသာမျက်ရည်တွေနဲ့အားပေးခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့မိခင်

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

မန်ချက်စတာယူနိုက်တက်အသင်းကို (၁၂)နှစ်အကြာမှာပြန်လည်ရောက်ရှိလာတဲ့ စီရော်နယ်လ်ဒိုဟာ

နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက်ပွဲဦးထွက်ကစားခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့တာကြောင့်

အိုးလ်ထရက်ဖို့ဒ်တစ်ကျော့ပြန်ခရီးကို လှလှပပစတင်နိုင်ခဲ့သလို

မိခင်ဖြစ်တဲ့ဒါလောရက်စ်အယ်ဗဲရိုကလည်း သားဖြစ်သူရဲ့အောင်ပွဲကို ဝမ်းသာမျက်ရည်တွေနဲ့အတူ အားပေးခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူစီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ဒုတိယအကြိမ်ပွဲဦးထွက်မှာ

ဂိုးသွင်းနိုင်ဖို့ (၄၇)မိနစ်သာအချိန်ယူခဲ့ရပြီး ခပ်လွယ်လွယ်သွင်းယူခဲ့တယ်ဆိုပေမယ့်

စီရော်နယ်လ်ဒိုဂိုးသွင်းတာကို မြင်ချင်ကြတဲ့ ပရိသတ်တွေကတော့ အဲဒီအချက်ကို သိပ်ဂရုမစိုက်ကြပါဘူး။

ဒုတိယပိုင်းစလို့ (၁၇)မိနစ်အကြာမှာပဲ စီရော်နယ်လ်ဒိုက ဒုတိယဂိုးသွင်းယူခဲ့ပြီး အခုဆိုရင် ယူနိုက်တက်အသင်းအတွက်

စီရော်နယ်လ်ဒိုရဲ့သွင်းဂိုးအရေအတွက်က (၁၂၀)ဂိုးအထိရှိလာပါပြီ။

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ စီရော်နယ်လ်ဒိုကို ပြန်မြင်ခွင့်ရခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေက အကြီးအကျယ်အားပေးခဲ့ပြီး

စီရော်နယ်လ်ဒိုကလည်း ဂိုးတွေသွင်းယူခဲ့တဲ့အတွက် အဲဒီပွဲကို ကွင်းထဲအထိ လိုက်ပါအားပေးခဲ့တဲ့

ဒါလောရက်စ်တစ်ယောက် ဝမ်းသာစိတ်နဲ့မျက်ရည်တွေကျဆင်းခဲ့ရတာဖြစ်ပါတယ်။

မျက်ရည်တွေနဲ့အတူ ကြည်နူးနေတဲ့ ဒါလောရက်စ်ရဲ့ဓာတ်ပုံကို အမျိုးသမီးပရိသတ်တစ်ဦးက အမှတ်မထင်ရိုက်ပြီးတော့

သူမရဲ့ Twitter Account ဖြစ်တဲ့ Ambo_91 မှာ Post တင်ခဲ့ပြီး

“ကျွန်မရဲ့နောက်မှာရှိနေတဲ့ စီရော်နယ်လ်ဒိုရဲ့အမေ သားဖြစ်တဲ့သူဂိုးသွင်းပြီးတဲ့နောက် ဝမ်းသာနေတဲ့ပုံပါ။

နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်းခံစားရပါတယ်”လို့ Caption ရေးသားခဲ့ပါတယ်။

အဲဒီ Post ကို Like လုပ်တဲ့သူအရေအတွက်က (၃၃,၀၀၀)ကျော်အထိရှိနေပြီး Retweet လုပ်တာက (၅,၀၀၀)ကျော်ရှိနေပါပြီ။

အသက်(၆၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဒါလောရက်စ်ဟာ အရင်တုန်းက စီရော်နယ်လ်ဒိုကစားတဲ့ပွဲတွေကို လိုက်ကြည့်လေ့ရှိပေမယ့်

စိတ်လှုပ်ရှားမှုကြောင့် ကွင်းထဲမှာမေ့လဲတာ (၂)ကြိမ်အထိရှိခဲ့ပြီး တစ်ခါတုန်းက မေ့လဲသွားတာကနေ ခုံနဲ့ဆောင့်မိလို့ ‘သွား’ကျွတ်ထွက်ခဲ့ရတဲ့အတွက်

စီရော်နယ်လ်ဒိုက ပွဲကြီးတွေဆိုရင် ကွင်းထဲလာမကြည့်ဖို့ သူ့အမေကို တားမြစ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ဒါလောရက်စ်ဟာ သားဖြစ်သူရဲ့ ယူနိုက်တက်ပွဲဦးထွက်ကို ကိုယ်တိုင်ကြည့်ရှုဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက

သီးသန့်ဂျက်လေယာဉ်နဲ့ မန်ချက်စတာမြို့ကို သွားရောက်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ စီရော်နယ်လ်ဒိုကို အားပေးခဲ့တာဖြစ်ပါတယ်။

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi

သားျဖစ္သူရဲ႕ အိုးလ္ထရက္ဖို႔ဒ္ေအာင္ပြဲကို ဝမ္းသာမ်က္ရည္ေတြနဲ႔အားေပးခဲ့တဲ့ စီေရာ္နယ္လ္ဒိုရဲ႕မိခင္

မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၁၂)ႏွစ္အၾကာမွာျပန္လည္ေရာက္ရွိလာတဲ့ စီေရာ္နယ္လ္ဒိုဟာ နယူးကာဆယ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ

အသင္းအတြက္ပြဲဦးထြက္ကစားခဲ့ၿပီး (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္တစ္ေက်ာ့ျပန္ခရီးကို လွလွပပစတင္ႏိုင္ခဲ့သလို

မိခင္ျဖစ္တဲ့ဒါေလာရက္စ္အယ္ဗဲ႐ိုကလည္း သားျဖစ္သူရဲ႕ေအာင္ပြဲကို ဝမ္းသာမ်က္ရည္ေတြနဲ႔အတူ အားေပးခဲ့ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူစီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းအတြက္ ဒုတိယအႀကိမ္ပြဲဦးထြက္မွာ ဂိုးသြင္းႏိုင္ဖို႔ (၄၇)မိနစ္သာအခ်ိန္ယူခဲ့ရၿပီး ခပ္လြယ္လြယ္သြင္းယူခဲ့တယ္ဆိုေပမယ့္ စီေရာ္နယ္လ္ဒိုဂိုးသြင္းတာကို ျမင္ခ်င္ၾကတဲ့ ပရိသတ္ေတြကေတာ့ အဲဒီအခ်က္ကို သိပ္ဂ႐ုမစိုက္ၾကပါဘူး။

ဒုတိယပိုင္းစလို႔ (၁၇)မိနစ္အၾကာမွာပဲ စီေရာ္နယ္လ္ဒိုက ဒုတိယဂိုးသြင္းယူခဲ့ၿပီး အခုဆိုရင္ ယူႏိုက္တက္အသင္းအတြက္ စီေရာ္နယ္လ္ဒိုရဲ႕သြင္းဂိုးအေရအတြက္က (၁၂၀)ဂိုးအထိရွိလာပါၿပီ။ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ စီေရာ္နယ္လ္ဒိုကို ျပန္ျမင္ခြင့္ရခဲ့တာေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြက အႀကီးအက်ယ္အားေပးခဲ့ၿပီး စီေရာ္နယ္လ္ဒိုကလည္း ဂိုးေတြသြင္းယူခဲ့တဲ့အတြက္ အဲဒီပြဲကို ကြင္းထဲအထိ လိုက္ပါအားေပးခဲ့တဲ့ ဒါေလာရက္စ္တစ္ေယာက္ ဝမ္းသာစိတ္နဲ႔မ်က္ရည္ေတြက်ဆင္းခဲ့ရတာျဖစ္ပါတယ္။

မ်က္ရည္ေတြနဲ႔အတူ ၾကည္ႏူးေနတဲ့ ဒါေလာရက္စ္ရဲ႕ဓာတ္ပုံကို အမ်ိဳးသမီးပရိသတ္တစ္ဦးက အမွတ္မထင္႐ိုက္ၿပီးေတာ့ သူမရဲ႕ Twitter Account ျဖစ္တဲ့ Ambo_91 မွာ Post တင္ခဲ့ၿပီး “ကြၽန္မရဲ႕ေနာက္မွာရွိေနတဲ့ စီေရာ္နယ္လ္ဒိုရဲ႕အေမ သားျဖစ္တဲ့သူဂိုးသြင္းၿပီးတဲ့ေနာက္ ဝမ္းသာေနတဲ့ပုံပါ။ ႏွလုံးသားထဲအထိ နက္နက္ရႈိင္းရႈိင္းခံစားရပါတယ္”လို႔ Caption ေရးသားခဲ့ပါတယ္။

အဲဒီ Post ကို Like လုပ္တဲ့သူအေရအတြက္က (၃၁,၀၀၀)ေက်ာ္အထိရွိေနၿပီး Retweet လုပ္တာက (၅,၀၀၀)ေက်ာ္ရွိေနပါၿပီ။ အသက္(၆၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒါေလာရက္စ္ဟာ အရင္တုန္းက စီေရာ္နယ္လ္ဒိုကစားတဲ့ပြဲေတြကို လိုက္ၾကည့္ေလ့ရွိေပမယ့္ စိတ္လႈပ္ရွားမႈေၾကာင့္ ကြင္းထဲမွာေမ့လဲတာ (၂)ႀကိမ္အထိရွိခဲ့ၿပီး တစ္ခါတုန္းက ေမ့လဲသြားတာကေန ခုံနဲ႔ေဆာင့္မိလို႔ ‘သြား’ကြၽတ္ထြက္ခဲ့ရတဲ့အတြက္ စီေရာ္နယ္လ္ဒိုက ပြဲႀကီးေတြဆိုရင္ ကြင္းထဲလာမၾကည့္ဖို႔ သူ႔အေမကို တားျမစ္ခဲ့ရပါတယ္။

ဒါေပမဲ့လည္း ဒါေလာရက္စ္ဟာ သားျဖစ္သူရဲ႕ ယူႏိုက္တက္ပြဲဦးထြက္ကို ကိုယ္တိုင္ၾကည့္ရႈဖို႔အတြက္ ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက သီးသန႔္ဂ်က္ေလယာဥ္နဲ႔ မန္ခ်က္စတာၿမိဳ႕ကို သြားေရာက္ခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲမွာ စီေရာ္နယ္လ္ဒိုကို အားေပးခဲ့တာျဖစ္ပါတယ္။