သားဖြစ်သူကို အားပေးစကားဆိုခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့မိခင်ဒါလောရက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲမှာ ဆားဘီးယားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်ပြီး

ဒါက နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တဲ့အတွက် မိခင်ဖြစ်သူဒါလောရက်စ်အဗယ်ရိုက သားဖြစ်သူကို နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အိမ်ကွင်းမှာ သရေတစ်မှတ်ရရုံနဲ့ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် အုပ်စုဒုတိယအဖြစ် Play-offs ဆက်ကစားရမှာဖြစ်ပြီး

ပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ စိတ်ပျက်လက်နဲ့ငိုကြွေးခဲ့သလို ရှုံးပွဲအတွက်မကျေမနပ်ဖြစ်တာကနေ နည်းပြဖာနန်ဆန်းတို့စ်နဲ့ အပြန်အလှန်စကားများခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒါလောရက်စ်ကတော့ သားဖြစ်သူကို အပြည့်အဝယုံကြည်ထားပြီး ပေါ်တူဂီအသင်းနဲ့အတူ (၅)ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဆင်နွှဲခွင့်ရမယ်လို့ မျှော်လင့်ထားဆဲဖြစ်ပါတယ်။

ဆားဘီးယားနဲ့ပွဲအပြီးမှာ ဒါလောရက်စ်က စီရော်နယ်လ်ဒိုနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့ ‘သားရဲ့အရည်အချင်းကို အမေ လုံးဝယုံကြည်ထားပြီးသားပါ’လို့ စာရေးသားပြီးတော့ Instagram မှာ Post တင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ်ဆက်ပါဝင်ကစားခွင့်ရရေးမျှော်လင့်ချက်ကလည်း စိုးရိမ်စရာဖြစ်နေပါပြီ။

စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာပါဝင်ကစားခဲ့ပြီး

တကယ်လို့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင်တော့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား(၅)ကြိမ်ဆက်ကစားခဲ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာမှာပါ။

စီရော်နယ်လ်ဒိုမတိုင်ခင်က ဂျာမနီဂန္ထဝင်ကစားသမားလိုသာမားသီးယက်စ်၊ မက္ကဆီကိုဂန္ထဝင်တွေဖြစ်တဲ့ အန်တိုနီယိုကာဗာဟယ်လ်၊

ရာဖေးလ်မားကွက်ဇ်တို့က ကမ္ဘာ့ဖလား(၅)ကြိမ်ဆက်ကစားခဲ့သူတွေအဖြစ် ရပ်တည်နေပြီး ဒီကစားသမားတွေလိုစွမ်းဆောင်နိုင်ဖို့ ပေါ်တူဂီအသင်းအတွက် စီရော်နယ်လ်ဒို Play-offs မှာ ရလဒ်ကောင်းရယူပေးဖို့လိုအပ်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သားျဖစ္သူကို အားေပးစကားဆိုခဲ့တဲ့ စီေရာ္နယ္လ္ဒိုရဲ႕မိခင္ဒါေလာရက္စ္

ေပၚတူဂီအသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုေနာက္ဆုံးပြဲမွာ ဆားဘီးယားအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မယ့္အခြင့္အေရးဆုံးရႈံးသြားၿပီျဖစ္ၿပီး ဒါက နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့တဲ့အတြက္ မိခင္ျဖစ္သူဒါေလာရက္စ္အဗယ္႐ိုက သားျဖစ္သူကို ႏွစ္သိမ့္အားေပးစကားေျပာၾကားခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ အိမ္ကြင္းမွာ သေရတစ္မွတ္ရ႐ုံနဲ႔ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ေပမယ့္ ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတာေၾကာင့္ အုပ္စုဒုတိယအျဖစ္ Play-offs ဆက္ကစားရမွာျဖစ္ၿပီး ပြဲအၿပီးမွာ စီေရာ္နယ္လ္ဒိုဟာ စိတ္ပ်က္လက္နဲ႔ငိုေႂကြးခဲ့သလို ရႈံးပြဲအတြက္မေက်မနပ္ျဖစ္တာကေန နည္းျပဖာနန္ဆန္းတို႔စ္နဲ႔ အျပန္အလွန္စကားမ်ားခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ဒါေလာရက္စ္ကေတာ့ သားျဖစ္သူကို အျပည့္အဝယုံၾကည္ထားၿပီး ေပၚတူဂီအသင္းနဲ႔အတူ (၅)ႀကိမ္ေျမာက္ကမာၻ႔ဖလားၿပိဳင္ပြဲ ပါဝင္ဆင္ႏႊဲခြင့္ရမယ္လို႔ ေမွ်ာ္လင့္ထားဆဲျဖစ္ပါတယ္။

ဆားဘီးယားနဲ႔ပြဲအၿပီးမွာ ဒါေလာရက္စ္က စီေရာ္နယ္လ္ဒိုနဲ႔အတူ႐ိုက္ထားတဲ့ဓာတ္ပုံနဲ႔ ‘သားရဲ႕အရည္အခ်င္းကို အေမ လုံးဝယုံၾကည္ထားၿပီးသားပါ’လို႔ စာေရးသားၿပီးေတာ့ Instagram မွာ Post တင္ခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားတိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲ(၅)ႀကိမ္ဆက္ပါဝင္ကစားခြင့္ရေရးေမွ်ာ္လင့္ခ်က္ကလည္း စိုးရိမ္စရာျဖစ္ေနပါၿပီ။ စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းနဲ႔အတူ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာပါဝင္ကစားခဲ့ၿပီး တကယ္လို႔ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရမယ္ဆိုရင္ေတာ့ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ကမာၻ႔ဖလား(၅)ႀကိမ္ဆက္ကစားခဲ့တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာမွာပါ။ စီေရာ္နယ္လ္ဒိုမတိုင္ခင္က ဂ်ာမနီဂႏၴဝင္ကစားသမားလိုသာမားသီးယက္စ္၊ မကၠဆီကိုဂႏၴဝင္ေတြျဖစ္တဲ့ အန္တိုနီယိုကာဗာဟယ္လ္၊ ရာေဖးလ္မားကြက္ဇ္တို႔က ကမာၻ႔ဖလား(၅)ႀကိမ္ဆက္ကစားခဲ့သူေတြအျဖစ္ ရပ္တည္ေနၿပီး ဒီကစားသမားေတြလိုစြမ္းေဆာင္ႏိုင္ဖို႔ ေပၚတူဂီအသင္းအတြက္ စီေရာ္နယ္လ္ဒို Play-offs မွာ ရလဒ္ေကာင္းရယူေပးဖို႔လိုအပ္ေနပါၿပီ။