သားဖက်တီး ဘောလုံးကန်နိုင်ဖို့ အသင်းဝယ်ပေးတဲ့ တရုတ်သူဌေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သားအပေါ်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာလို့ပဲ ဆိုဆို ၊ ပိုက်ဆံရှိလို့ ဘာမဆို ဖြည့်ဆည်း ပေးနိုင်တယ်ပဲ ပြောပြော တရုတ် သူဌေးကြီး တစ်ယောက်ကတော့ ငွေပုံပေးပြီး သူ့ရဲ့သား ဝတုတ်လေးကို ပွဲထွက် ဘောလုံးသမား ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။

တရုတ်သန်းကြွယ်သူဌေးတစ်ဦးဖြစ်တဲ့ He-Shihau ဟာ Zibo Cuju ဆိုတဲ့ တရုတ်ဒုတိယတန်းကလပ်အသင်းကို ဝယ်ယူခဲ့တယ်လို့သိရပါတယ်။

အဲဒီအသင်းဟာ တရုတ်ကစားသမားအများစုရှိနေတဲ့အသင်းဖြစ်ပါတယ်။

အသက် ၃၅ နှစ် အရွယ် He-Shihau ဟာ အသင်းကိုဝယ်ယူပြီးမကြာခင်မှာပဲ သူ့ရဲ့သားဖြစ်သူကို အသင်းမှာပါဝင်ကစားခွင့်ရရှိအောင်ဖိအားတွေပေးခဲ့ပါတယ်။တရုတ်လောပန်ကြီးရဲ့ ကြိုးစားအားထုတ်မှုကြောင့် သားဖြစ်သူ အသင်းသား တစ်ယောက် အနေနဲ့ ဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

သားဖြစ်သူကလည်း တော်တန်ရုံ ဝတာ မဟုတ်ပါဘူး။

ဖက်တီးလေးရဲ့ကိုယ်အလေးချိန် ဟာ ပေါင် ၂၈၀ နီးပါးရှိပါတယ်။

ဒါပေမယ့် ကောင်လေးက ဘောလုံးကစားဖို့ အရူးအမူးဝါသနာပါသူပါ။

သားဖြစ်သူအတွက် ဂျာစီ နံပါတ် ၁၀ ကို သူဌေးကြီး ကိုယ်တိုင်ရွေးချယ် ဝတ်ဆင်စေခဲ့တာပါ။

ဒါပေမယ့် သူဌေးရဲ့ လုပ်ရပ်ဟာ ဝေဖန်လှောင်ပြောင်ခံရမှုတွေနဲ့သာ ရင်ဆိုင်နေရပါတယ်။

Zibo Cuju အသင်းကတော့ ငါးပွဲကစားအပြီးမှာ ရမှတ်တစ်မှတ်တည်းသာ ရရှိထားပြီး ၂ ဂိုးသွင်းကာ ၁၀ ဂိုးအထိပေးထားရပါတယ်။

အသင်းပိုင်ရှင်ရဲ့သားဖြစ်သူဟာ Sichuan Jiuniu နဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး အသင်းရရှိခဲ့တဲ့ထောင့်ကန်ဘောကို ကန်တင်ပေးဖို့ တာဝန်လည်းယူခဲ့ကာ အဲဒီပွဲကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။

ဖက်တီးဝတုတ်လေးကတော့ အသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပွဲထွက်ကစားခွင့်ရချင်နေပါတယ်။

ပရိသတ်တွေကတော့ ဝေဖန်ပြစ်တင်တာတွေ လုပ်နေပေမယ့် အသင်းက တာဝန်ရှိသူတွေကတော့ ဘာမှမတတ်နိုင်တဲ့ အနေအထားမျိုးပါ။

အဖေနဲ့ သားကို လေချိုသွေး ပြောပြီး ဝတုတ်လေး ဝိတ်လျှော့ကာ၊ နည်း မှန်လမ်းမှန်ကစားမယ် ဆိုရင်တော့ အမြင်မတော်တဲ့ အနေအထားတွေ ပျောက်သွားနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သားဖက္တီး ေဘာလုံးကန္ႏိုင္ဖို႔ အသင္းဝယ္ေပးတဲ့ တ႐ုတ္သူေဌး

သားအေပၚထားတဲ့ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာလို႔ပဲ ဆိုဆို ၊ ပိုက္ဆံရွိလို႔ ဘာမဆို ျဖည့္ဆည္း ေပးႏိုင္တယ္ပဲ ေျပာေျပာ တ႐ုတ္ သူေဌးႀကီး တစ္ေယာက္ကေတာ့ ေငြပုံေပးၿပီး သူ႔ရဲ႕သား ဝတုတ္ေလးကို ပြဲထြက္ ေဘာလုံးသမား ျဖစ္ေအာင္ လုပ္ေပးခဲ့ပါတယ္။

တ႐ုတ္သန္းႂကြယ္သူေဌးတစ္ဦးျဖစ္တဲ့ He-Shihau ဟာ Zibo Cuju ဆိုတဲ့ တ႐ုတ္ဒုတိယတန္းကလပ္အသင္းကို ဝယ္ယူခဲ့တယ္လို႔သိရပါတယ္။အဲဒီအသင္းဟာ တ႐ုတ္ကစားသမားအမ်ားစုရွိေနတဲ့အသင္းျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္ အ႐ြယ္ He-Shihau ဟာ အသင္းကိုဝယ္ယူၿပီးမၾကာခင္မွာပဲ သူ႔ရဲ႕သားျဖစ္သူကို အသင္းမွာပါဝင္ကစားခြင့္ရရွိေအာင္ဖိအားေတြေပးခဲ့ပါတယ္။တ႐ုတ္ေလာပန္ႀကီးရဲ႕ ႀကိဳးစားအားထုတ္မႈေၾကာင့္ သားျဖစ္သူ အသင္းသား တစ္ေယာက္ အေနနဲ႔ ဝင္ကစားခြင့္ရရွိခဲ့ပါတယ္။

သားျဖစ္သူကလည္း ေတာ္တန္႐ုံ ဝတာ မဟုတ္ပါဘူး။ ဖက္တီးေလးရဲ႕ကိုယ္အေလးခ်ိန္ ဟာ ေပါင္ ၂၈၀ နီးပါးရွိပါတယ္။ ဒါေပမယ့္ ေကာင္ေလးက ေဘာလုံးကစားဖို႔ အ႐ူးအမူးဝါသနာပါသူပါ။

သားျဖစ္သူအတြက္ ဂ်ာစီ နံပါတ္ ၁၀ ကို သူေဌးႀကီး ကိုယ္တိုင္ေ႐ြးခ်ယ္ ဝတ္ဆင္ေစခဲ့တာပါ။ ဒါေပမယ့္ သူေဌးရဲ႕ လုပ္ရပ္ဟာ ေဝဖန္ေလွာင္ေျပာင္ခံရမႈေတြနဲ႔သာ ရင္ဆိုင္ေနရပါတယ္။

Zibo Cuju အသင္းကေတာ့ ငါးပြဲကစားအၿပီးမွာ ရမွတ္တစ္မွတ္တည္းသာ ရရွိထားၿပီး ၂ ဂိုးသြင္းကာ ၁၀ ဂိုးအထိေပးထားရပါတယ္။ အသင္းပိုင္ရွင္ရဲ႕သားျဖစ္သူဟာ Sichuan Jiuniu နဲ႔ပြဲမွာ ပါဝင္ကစားခဲ့ၿပီး အသင္းရရွိခဲ့တဲ့ေထာင့္ကန္ေဘာကို ကန္တင္ေပးဖို႔ တာဝန္လည္းယူခဲ့ကာ အဲဒီပြဲကေတာ့ ဂိုးမရွိသေရက်ခဲ့ပါတယ္။

ဖက္တီးဝတုတ္ေလးကေတာ့ အသင္းရဲ႕ ပြဲစဥ္တိုင္းမွာ ပြဲထြက္ကစားခြင့္ရခ်င္ေနပါတယ္။ ပရိသတ္ေတြကေတာ့ ေဝဖန္ျပစ္တင္တာေတြ လုပ္ေနေပမယ့္ အသင္းက တာဝန္ရွိသူေတြကေတာ့ ဘာမွမတတ္ႏိုင္တဲ့ အေနအထားမ်ိဳးပါ။ အေဖနဲ႔ သားကို ေလခ်ိဳေသြး ေျပာၿပီး ဝတုတ္ေလး ဝိတ္ေလွ်ာ့ကာ၊ နည္း မွန္လမ္းမွန္ကစားမယ္ ဆိုရင္ေတာ့ အျမင္မေတာ္တဲ့ အေနအထားေတြ ေပ်ာက္သြားႏိုင္ပါတယ္။