M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လူသားစက်ရုပ်ကြီးလို့ တင်စားကြတဲ့ ရော်နယ်ဒို ဟာ အလုပ်အပေါ် အတိအကျ လုပ်ကိုင်လေ့ရှိတဲ့အပြင် အလုပ်နဲ့ပတ်သက်တဲ့ စားသောက်နေထိုင်မှု့ ပုံစံအားလုံးကလည်း စံချိန်စံညွှန်းတွေနဲ့အညီ ပြုမူနေထိုင်သူဖြစ်ပါတယ်။
ရော်နယ်ဒို က အသင်းသားတွေနဲ့ စုဝေးတွေ့ဆုံခဲ့ပြီးနောက် ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ဖလားတွေ အလိုရှိတယ်ဆိုရင် ယခုထက်ပိုမိုရင့်ကျက်ဖို့ နဲ့ နောက်တစ်ဆင့်ကို ထပ်တက်ကြဖို့ မှာကြားခဲ့တယ်လို့လည်းသိရပါတယ်။
ယနေ့ညပွဲအတွက် လေ့ကျင့်ခန်းမဆင်းခင်ရော်နယ်ဒို က အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေရှေ့မှာ ” မင်းတို့ဒီကိုဘာလုပ်ဖို့ရောက်နေတာလဲဆိုတာ သိကြဖို့ လိုပါတယ်။
ငါဒီကိုပြန်လာတာ အကြောင်းပြချက် နှစ် ခုရှိပါတယ်။
တစ်ချက်က အသင်းကိုချစ်လို့၊ နောက်တစ်ချက်က ဒီအသင်းနဲ့အတူ အောင်မြင်မူတွေထပ်ယူချင်လို့ ကျန် တာတွေဘာမှ စိတ်မဝင်စားဘူး။
ငါအနိုင်ရလဒ်ပဲလိုချင်တယ်။ နိုင်လည်းနိုင်ရမယ်။ အနိုင်ရလဒ်က ပျော်ရွှင်စေတယ်။
အောင်မြင်စေတယ်။ မင်းတို့ပျော်ရွှင်ချင်တယ်မလား။ ဒါဆို ကြိုးစားရမယ်။
ငါကဘယ်သူဆိုတာ မေ့ထားပြီး ဒီအသင်းအတွက် အနစ်နာခံရမယ်။ ပြီးမှ ပျော်ရွှင်ရမယ်။ အောင်မြင်မယ်။
ကွင်းထဲမှာကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ ဒီအသင်းမှာရှိနေရင် ဒီအသင်းအတွက် တစ်ထောင့်တစ်နေရာက ကူညီရမယ်။”
”မင်းတို့တွေအားလုံးကဒီအသင်းအတွက် အကောင်းဆုံးကောင်တွေပဲ။ မင်းတို့ကို ငါယုံတယ်။
အခုငါတို့ရှိနေတဲ့အချိန်မှာ အကောင်းဆုံး သမိုင်းကိုရေးကြမယ်။
အသင်းအတွက်၊ ပရိတ်သတ်တွေအတွက်ကြိုးစားကြမယ်။
ဒါမှ ငါတို့အနားယူတဲ့အခါ ငါတို့ မှာကောင်းမွန်တဲ့ အတိတ်တွေ၊ ဇာတ်လမ်းကောင်းတွေချန်ထားခဲ့နိုင်မယ်”
”ငါကိုယ်တိုင်လည်း အကောင်းဆုံးလုပ်မယ်။ မင်းတို့အားလုံးငါ့ကို ကူညီရမယ်။
မင်းတို့အဆင်သင့်ပဲမလား? အားလုံး ကြိုးစားလိုက်ကြစို့”ဆိုပြီးပြောပါတယ်။
ရော်နယ်ဒိုရဲ့ ပြောဆိုချက်အပြီးမှာတော့ အသင်းဖော်တွေ၊ ဝန်ထမ်းတွေရဲ့ လက်ခုပ်သံဟာ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
သားကြီးတို့ အနစ်နာခံ ကစားကြရမယ် -ရော်နယ်ဒို