သရဲနီ ဒီအင်န်အေ အပြည့်နဲ့ အရန်ခုံက အမေ့လျော့ခံ ကွင်းလယ်မင်းသား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းမှာ ပုံမှနန် ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ နယ်သာလန်း ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ အတ္တလန်တာအသင်းနဲ့ ပွဲစဉ်မှာ ပွဲပြီးခါနီး လူစားဝင်ရောက် ကစားခွင့်ရခဲ့ပါတယ်။

ဒီပွဲမှာ နည်းပြဆိုးလ်ရှားဟာ ဗန်ဒီဘိခ်ကို ထုံးစံအတိုင်း အရန်ခုံမှာ ထိုင်ခိုင်းခဲ့ပေမယ့် ပွဲချိန် (၈၆) မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ နေရာကို လူစားဝင်ရောက် ကစားခဲ့တာပါ။

သာမန်ပွဲကစားချိန် နဲ့ နာကျင်အချိန်ပို အပါအဝင် (၁၀) မိနစ်သာသာလောက်ပဲ ဝင်ကစားလိုက်ရပေမယ့် ဗန်ဒီဘိခ်ဟာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်ရရှိခဲ့ပြီး ပြိုင်ဘက်ဂိုးသမား ကာကွယ်နိုင်ခဲ့လို့သာ သွင်းဂိုး ရနိုင်မယ့် အနေအထားနဲ့ လွဲချော်ခဲ့ ရတာပါ။

ပွဲအပြီးမှာတော့ ဗန်ဒီဘိခ်က ၎င်းအနေနဲ့ အသင်းအတွက် ကစားခွင့်ရခဲ့တဲ့အပေါ် အနည်းကျေနပ်ခဲ့ပုံရပြီး ၎င်းရဲ့ အင်စတာဂရမ်မှာ ” ဘယ်တော့မှ လက်မလျှော့ဘူး ” ဆိုတဲ့ စာသားကို ရေးသားပြီး ပို့စ်တစ်ခုတင်ခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ စိတ်ကူးနေပေမယ့် ဆိုးလ်ရှားအနေနဲ့ အခုထက်ပိုပြီး

ကစားသမားအပေါ် ယုံကြည်မှုပေးကာ ပွဲကစားချိန် များများပေးနိုင်ခဲ့မယ်ဆိုရင် တော့ ၎င်းကို အသင်းမှာ ဆက်ပြီး ထိန်းထားနိုင်ဖို့အတွက် ပိုလွယ်ကူးသွားနိုင်ဖွယ်လည်းရှိပါတယ်။

အတ္တလန်တာအသင်းနဲ့ပွဲမှာ ဗန်ဒီဘိခ် နဲ့ အတူ ၎င်းရဲ့ အရန်ခုံမှာ စကားပြောဖော်ဖြစ်တဲ့ ဆန်ချိုလည်း လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သရဲနီ ဒီအင္န္ေအ အျပည့္နဲ႔ အရန္ခုံက အေမ့ေလ်ာ့ခံ ကြင္းလယ္မင္းသား

မန္ယူအသင္းမွာ ပုံမွနန္ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ နယ္သာလန္း ကြင္းလယ္လူ ဗန္ဒီဘိခ္ကေတာ့ အတၱလန္တာအသင္းနဲ႔ ပြဲစဥ္မွာ ပြဲၿပီးခါနီး လူစားဝင္ေရာက္ ကစားခြင့္ရခဲ့ပါတယ္။

ဒီပြဲမွာ နည္းျပဆိုးလ္ရွားဟာ ဗန္ဒီဘိခ္ကို ထုံးစံအတိုင္း အရန္ခုံမွာ ထိုင္ခိုင္းခဲ့ေပမယ့္ ပြဲခ်ိန္ (၈၆) မိနစ္မွာေတာ့ ဖာနန္ဒက္စ္ရဲ႕ ေနရာကို လူစားဝင္ေရာက္ ကစားခဲ့တာပါ။

သာမန္ပြဲကစားခ်ိန္ နဲ႔ နာက်င္အခ်ိန္ပို အပါအဝင္ (၁၀) မိနစ္သာသာေလာက္ပဲ ဝင္ကစားလိုက္ရေပမယ့္ ဗန္ဒီဘိခ္ဟာ ဂိုးကန္သြင္းခြင့္ တစ္ႀကိမ္ရရွိခဲ့ၿပီး ၿပိဳင္ဘက္ဂိုးသမား ကာကြယ္ႏိုင္ခဲ့လို႔သာ သြင္းဂိုး ရႏိုင္မယ့္ အေနအထားနဲ႔ လြဲေခ်ာ္ခဲ့ ရတာပါ။

ပြဲအၿပီးမွာေတာ့ ဗန္ဒီဘိခ္က ၎အေနနဲ႔ အသင္းအတြက္ ကစားခြင့္ရခဲ့တဲ့အေပၚ အနည္းေက်နပ္ခဲ့ပုံရၿပီး ၎ရဲ႕ အင္စတာဂရမ္မွာ ” ဘယ္ေတာ့မွ လက္မေလွ်ာ့ဘူး ” ဆိုတဲ့ စာသားကို ေရးသားၿပီး ပို႔စ္တစ္ခုတင္ခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတာေၾကာင့္ လာမယ့္ ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔ စိတ္ကူးေနေပမယ့္ ဆိုးလ္ရွားအေနနဲ႔ အခုထက္ပိုၿပီး ကစားသမားအေပၚ ယုံၾကည္မႈေပးကာ ပြဲကစားခ်ိန္ မ်ားမ်ားေပးႏိုင္ခဲ့မယ္ဆိုရင္ ေတာ့ ၎ကို အသင္းမွာ ဆက္ၿပီး ထိန္းထားႏိုင္ဖို႔အတြက္ ပိုလြယ္ကူးသြားႏိုင္ဖြယ္လည္းရွိပါတယ္။

အတၱလန္တာအသင္းနဲ႔ပြဲမွာ ဗန္ဒီဘိခ္ နဲ႔ အတူ ၎ရဲ႕ အရန္ခုံမွာ စကားေျပာေဖာ္ျဖစ္တဲ့ ဆန္ခ်ိဳလည္း လူစားဝင္ ကစားသမားအျဖစ္ ဝင္ေရာက္ကစားခြင့္ရခဲ့ပါတယ္။