
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဗီလာရီးရဲလ်ရဲ့ ဦးဆောင်ဂိုးသွင်းယူခြင်းကို ခံခဲ့ရတဲ့ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်နဲ့ အဲလက်စ်တဲလက်စ်တို့ရဲ့ ပူးပေါင်းမှုကတစ်ဆင့် တဲလက်စ်က လှပတဲ့ကန်သွင်းချက်နဲ့ ချေပဂိုးရယူပေးခဲ့ပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပိုရောက်လာချိန်ထိ အနိုင်ဂိုးရဖို့ ယူနိုက်တက်တို့ ရုန်းကန်နေခဲ့ရကာ တရစပ်တိုက်စစ်ဆင်နေမှုတွေက ဗီလာရီးရဲလ်ခံစစ်ကို မကျော်ဖြတ်နိုင်ဘဲ ရှိခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံးအချိန်အပိုင်းအခြားမှာတော့ လင်ဂတ်ရဲ့ ဧရိယာတွင်း ဖန်တီးပေးမှုကနေ ရော်နယ်ဒိုက ညာခြမ်းကနေ ထောင့်ဖြတ်အနေအထားနဲ့ ကန်သွင်းခဲ့ရာမှာ ဗီလာရီးရဲလ်ဂိုးသမား လက်နဲ့ထိခဲ့ပြီးမှ ဂိုးထဲဝင်သွားခဲ့လို့ အနိုင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုက မိနစ် ၉၀ မှာ အနိုင်ဂိုးသွင်းယူနိုင်မှု ၃ ပွဲအထိရှိသွားခဲ့ပြီး အဂူရိုနဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။
နည်းပြဆိုးလ်ရှား က “ဒါဟာ အိုးထရက်ဖိုဒ့်မှာ ဖြစ်ပျက်ခဲ့တဲ့အရာပါပဲ။ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။
သူတို့ဟာ ကစားရခက်တဲ့ အသင်းပါ။ရော်နယ်ဒိုသာ ကွင်းထဲမှာ ရှိနေရင် အမြဲတမ်းအခွင့်အရေးရှိနေမှာပါ။
ရော်နယ်ဒို ဟာ ဂိုးရှေ့မှာ အလွန်ကောင်းမွန်တဲ့သူပါ”
“ရော်နယ်ဒို ဟာ ဒီလိုမျိုးကိုအကြိမ်ကြိမ်လုပ်ခဲ့တဲ့သူပါ။
ပြီးခဲ့တဲ့လက အိုင်ယာလန်နဲ့ ပွဲမှာ ပင်နယ်တီကြိမ်လွဲချော်ခဲ့ပေမယ့် နောက်ဆုံးမှာ ခေါင်းတိုက်ဂိုး(၂)ဂိုးနဲ့ အနိုင်ရအောင်လုပ်ပေးခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ကစားသမားဘဝတလျှောက်လုံးလုပ်ခဲ့တဲ့အရာတွေပါပဲ”
“သူဟာ အခွင့်အရေးတစ်ခုရတဲ့အခါမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ကြီးမားတဲ့ အခွင့်အရေးရလာတဲ့ အချိန်မှာ သူဟာ စိတ်ကိုတည်ငြိမ်အောင် ထိန်းထားနိုင်တာပါပဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒို ကလည်း”ဒါဟာ ကျွန်တော့်အလုပ်ပါ။
ပွဲမကစားခင်မှာတည်းက ဒီပွဲအနိုင်ရမယ်ဆိုတာ သိခဲ့ပေမယ့် ပွဲကတော့ တကယ်ကို ခက်ခဲခဲ့ပါတယ်။
ကျွန်တော်တို့ အနည်းငယ် ကံကောင်းခဲ့ပြီး အရေးကြီးတဲ့ နိုင်ပွဲပါ”လို့ ပြောခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
သရဲနီသူရဲေကာင္း ေရာ္နယ္ဒိုအတြက္ ဆိုးလ္ရွားရဲ႕ ခ်ီးက်ဴးစကား
ဗီလာရီးရဲလ္ရဲ႕ ဦးေဆာင္ဂိုးသြင္းယူျခင္းကို ခံခဲ့ရတဲ့ ယူႏိုက္တက္ဟာ ဖာနန္ဒက္စ္နဲ႔ အဲလက္စ္တဲလက္စ္တို႔ရဲ႕ ပူးေပါင္းမႈကတစ္ဆင့္ တဲလက္စ္က လွပတဲ့ကန္သြင္းခ်က္နဲ႔ ေခ်ပဂိုးရယူေပးခဲ့ပါတယ္။ ဒါေပမယ့္ နာက်င္အခ်ိန္ပိုေရာက္လာခ်ိန္ထိ အႏိုင္ဂိုးရဖို႔ ယူႏိုက္တက္တို႔ ႐ုန္းကန္ေနခဲ့ရကာ တရစပ္တိုက္စစ္ဆင္ေနမႈေတြက ဗီလာရီးရဲလ္ခံစစ္ကို မေက်ာ္ျဖတ္ႏိုင္ဘဲ ရွိခဲ့ပါတယ္။
ဒါေပမယ့္ ေနာက္ဆုံးအခ်ိန္အပိုင္းအျခားမွာေတာ့ လင္ဂတ္ရဲ႕ ဧရိယာတြင္း ဖန္တီးေပးမႈကေန ေရာ္နယ္ဒိုက ညာျခမ္းကေန ေထာင့္ျဖတ္အေနအထားနဲ႔ ကန္သြင္းခဲ့ရာမွာ ဗီလာရီးရဲလ္ဂိုးသမား လက္နဲ႔ထိခဲ့ၿပီးမွ ဂိုးထဲဝင္သြားခဲ့လို႔ အႏိုင္ဂိုးရရွိခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ခ်န္ပီယံလိဂ္မွာ ေရာ္နယ္ဒိုက မိနစ္ ၉၀ မွာ အႏိုင္ဂိုးသြင္းယူႏိုင္မႈ ၃ ပြဲအထိရွိသြားခဲ့ၿပီး အဂူ႐ိုနဲ႔ တူညီသြားခဲ့တာျဖစ္ပါတယ္။
နည္းျပဆိုးလ္ရွား က “ဒါဟာ အိုးထရက္ဖိုဒ့္မွာ ျဖစ္ပ်က္ခဲ့တဲ့အရာပါပဲ။ကြၽန္ေတာ္တို႔ ကံေကာင္းခဲ့ပါတယ္။သူတို႔ဟာ ကစားရခက္တဲ့ အသင္းပါ။ေရာ္နယ္ဒိုသာ ကြင္းထဲမွာ ရွိေနရင္ အၿမဲတမ္းအခြင့္အေရးရွိေနမွာပါ။ေရာ္နယ္ဒို ဟာ ဂိုးေရွ႕မွာ အလြန္ေကာင္းမြန္တဲ့သူပါ”
“ေရာ္နယ္ဒို ဟာ ဒီလိုမ်ိဳးကိုအႀကိမ္ႀကိမ္လုပ္ခဲ့တဲ့သူပါ။ၿပီးခဲ့တဲ့လက အိုင္ယာလန္နဲ႔ ပြဲမွာ ပင္နယ္တီႀကိမ္လြဲေခ်ာ္ခဲ့ေပမယ့္ ေနာက္ဆုံးမွာ ေခါင္းတိုက္ဂိုး(၂)ဂိုးနဲ႔ အႏိုင္ရေအာင္လုပ္ေပးခဲ့ပါတယ္။ဒါဟာ သူ႔ရဲ႕ကစားသမားဘဝတေလွ်ာက္လုံးလုပ္ခဲ့တဲ့အရာေတြပါပဲ”
“သူဟာ အခြင့္အေရးတစ္ခုရတဲ့အခါမွာ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ႀကီးမားတဲ့ အခြင့္အေရးရလာတဲ့ အခ်ိန္မွာ သူဟာ စိတ္ကိုတည္ၿငိမ္ေအာင္ ထိန္းထားႏိုင္တာပါပဲ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒို ကလည္း”ဒါဟာ ကြၽန္ေတာ့္အလုပ္ပါ။ပြဲမကစားခင္မွာတည္းက ဒီပြဲအႏိုင္ရမယ္ဆိုတာ သိခဲ့ေပမယ့္ ပြဲကေတာ့ တကယ္ကို ခက္ခဲခဲ့ပါတယ္။ကြၽန္ေတာ္တို႔ အနည္းငယ္ ကံေကာင္းခဲ့ၿပီး အေရးႀကီးတဲ့ ႏိုင္ပြဲပါ”လို႔ ေျပာခဲ့ပါတယ္။