
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ဒေါ့မွန်ကိုမပြောင်းမီ အက်ဝုဒ်နဲ့ ဆိုးလ်ရှားကို အာလင်းဟော်လန် တွေ့ဆုံပြောဆိုခဲ့တဲ့အကြောင်းအရာအကြောင်းပဲဖြစ်ပါတယ်။ အက်သလက်သတင်းစာအရ အာလင်းဟာ ယူနိုက်တက်ကိုပြောင်းချင်တယ်လို့ ဒီဇင်ဘာ(၁၃)ရက်နေ့က ဆိုးလ်ရှားနဲ့ အက်ဝုဒ်ကိုပြောခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း အာလင်းအနေနဲ့ ရုတ်တရက်စိတ်ပြောင်းလဲခဲ့ပြီးတော့ ဒေါ့မွန်အသင်းကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်တော့ အာလင်းကိုမခေါ်ယူနိုင်ခဲ့တာ ဟာ တော်တော်လေးနစ်နာတယ်လို့ပြောရမှာဖြစ်ပြီးတော့၊ အာလင်းရဲ့ယူနိုက်တက် ကိုပြောင်းချင်တဲ့စိတ်တွေရုတ်တရက်ပြောင်းသွားရတဲ့ အကြောင်းအရင်းကလည်း အာလင်းရဲ့အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာကြောင့်ဖြစ်နိုင်တယ်လို့သတင်းတွေထွက်ထားပါတယ်။

နောက်ထပ်သတင်းအကြောင်းအရာကတော့ သရဲနီလက်သစ်လေးအကြောင်းဖြစ်ပါတယ်။ဘရက်ဂါနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် (၃၂)သင်းအဆင့် ပွဲစဉ်အတွက် ယူနိုက်တက်တို့ လေ့ကျင့်ရေးအစီအစဉ်တွေပြု လုပ်ခဲ့ပြီး၊ အဲဒီမှာလူငယ်ကစားသမားလေး ကော်နာစတန်လေ ဆိုတဲ့အသက်(၁၈)နှစ်အရွယ်လူငယ် ကစားသမားလေးပါဝင်လာခဲ့ပါတယ်။

စတန်လေဟာ အသက်(၁၈)နှစ်ရှိပြီဖြစ်ပြီးတော့ ညာတောင်ပံကစားသမားတစ်ယောက်ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာဆိုတော့ (၁၉)နှစ်ပြည့်မှာပဲဖြစ်ပါတယ်။ စတန်လေဟာ (၂၀၁၈)ခုနှစ်သြဂုတ်လတုန်းကမှ ယူနိုက်တက်ကို ဘာမင်ဂမ်စီးတီးကနေပြီးတော့ပြောင်းရွှေ့ လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက် ယူ(၁၈)မှာ ကစားနေတာပဲဖြစ်ပါတယ်။

အခြားသတင်းတိုတွေအနေနဲ့ကတော့ လူငယ်ကစားသမားများဖြစ်ကြတဲ့ တာဟစ်ချောင်၊ အိန်ဂျယ်ဂိုးမက်နှင့် ဂျိန်းဂါနာတို့ဟာ စီနီယာလူစာရင်းနှင့်ဘယ်ဂျီယံခရီးစဉ်ကိုမလိုက်ပါသွားခဲ့ကြပါဘူး။ အင်တာမီလန်အသင်းနှင့် သတင်းကြီးနေတဲ့ ကွင်းလယ်လူ တာဟစ်ချောင်ကတော့ လာမည့်နွေအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းထံသို့ပြောင်းရွှေ့သွားမယ့် အလားအလာ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
သရဲနီသစ္ေလး ေကာ္နာစတန္ေလ နဲ႔အျခားသတင္းတုိမ်ား
ေဒါ့မြန္ကိုမေျပာင္းမီ အက္၀ုဒ္နဲ႔ ဆိုးလ္ရွားကို အာလင္းေဟာ္လန္ ေတြ႕ဆုံေျပာဆိုခဲ့တဲ့အေၾကာင္း အရာအေၾကာင္းပဲျဖစ္ပါတယ္။ အက္သလက္သတင္းစာအရ အာလင္းဟာ ယူႏုိက္တက္ကိုေျပာင္းခ်င္တယ္လို႔ ဒီဇင္ဘာ(၁၃)ရက္ေန႔က ဆိုးလ္ရွားနဲ႔ အက္၀ုဒ္ကိုေျပာခ့ဲတယ္လို႔ သိရပါတယ္။ ဒါေပမ့ဲလည္း အာလင္းအေနနဲ႔ ရုတ္တရက္စိတ္ေျပာင္းလဲခ့ဲျပီးေတာ့ ေဒါ့မြန္အသင္းကိုေျပာင္းေရႊ႕သြားခ့ဲတာျဖစ္ပါတယ္။ ယူႏုိက္တက္အတြက္ေတာ့ အာလင္းကိုမေခၚယူႏိုင္ခ့ဲတာ ဟာ ေတာ္ေတာ္ေလးနစ္နာတယ္လို႔ေျပာရမွာျဖစ္ျပီးေတာ့၊အာလင္းရ႕ဲယူႏုိက္တက္ ကိုေျပာင္းခ်င္တ့ဲစိတ္ေတြရုတ္တရက္ေျပာင္းသြားရတ့ဲ အေၾကာင္းအရင္းကလည္း အာလင္းရဲ႕ေအးဂ်င့္ျဖစ္သူ ရိြဳင္းအိုလာေၾကာင့္ျဖစ္ႏိုင္တယ္လို႔သတင္းေတြထြက္ထားပါတယ္။ေနာက္ထပ္သတင္း အေၾကာင္းအရာ ကေတာ့ သရဲနီလက္သစ္ေလးအေၾကာင္းျဖစ္ပါတယ္။ဘရက္ဂါနဲ႔ ရင္ဆိုင္ရမယ့္ ယူရိုပါလိဂ္ (၃၂)သင္းအဆင့္ ပြဲစဥ္အတြက္ ယူႏိုက္တက္တို႔ ေလ့က်င့္ေရးအစီအစဥ္ေတြျပဳ လုပ္ခ့ဲၿပီး၊ အဲဒီမွာလူငယ္ကစားသမားေလး ေကာ္နာစတန္ေလ ဆိုတဲ့အသက္(၁၈)ႏွစ္အရြယ္လူငယ္ ကစားသမားေလးပါ၀င္လာခ့ဲပါတယ္။ စတန္ေလဟာ အသက္(၁၈)ႏွစ္ရွိျပီျဖစ္ျပီးေတာ့ ညာေတာင္ပံကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ လာမယ့္ ဒီဇင္ဘာဆိုေတာ့ (၁၉)ႏွစ္ျပည့္မွာပဲျဖစ္ပါတယ္။ စတန္ေလဟာ (၂၀၁၈)ခုႏွစ္ၾသဂုတ္လတုန္းကမွ ယူနိုက္တက္ကို ဘာမင္ဂမ္စီးတီးကေနျပီးေတာ့ေျပာင္းေရႊ႕ လာခ့ဲတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ယူႏိုက္တက္ ယူ(၁၈)မွာ ကစားေနတာပဲျဖစ္ပါတယ္။ အျခားသတင္းတိုေတြအေနနဲ႔ကေတာ့ လူငယ္ကစားသမားမ်ားျဖစ္ၾကတဲ့ တာဟစ္ေခ်ာင္၊ အိန္ဂ်ယ္ဂိုးမက္ႏွင့္ ဂ်ိန္းဂါနာတို႔ဟာ စီနီယာလူစာရင္းႏွင့္ဘယ္ဂ်ီယံခရီးစဥ္ကိုမလုိက္ပါသြားခဲ့ၾကပါဘူး။ အင္တာမီလန္အသင္းႏွင့္ သတင္းႀကီးေနတဲ့ ကြင္းလယ္လူ တာဟစ္ေခ်ာင္ကေတာ့ လာမည့္ေႏြအေျပာင္းအေရႊ႕တြင္ ဘာစီလုိနာအသင္းထံသို႔ေျပာင္းေရႊ႔သြားမယ့္ အလားအလာ ရွိေနပါတယ္။