သရဲနီလုခ်ရှောပြောလာတဲ့ နည်းပြဆိုးလ်ရှားနဲ့ အာဆင်နယ်အကြောင်း…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်ကစားသမား လုခ်ရှောပြောလာတဲ့ပထမဆုံးအကြောင်းအရာကတော့ အာဆင်နယ်အသင်းအကြောင်းဖြစ်ပါတယ်။ သူပြောတာကတော့ အဖြစ်ဆိုးချင်းတူရင်တောင် လူတွေက ယူနိုက်တက်ကိုပဲအပြစ်တင်ပြီး၊ အာဆင်နယ်ကိုသိပ်အပြစ်ပြောလေ့မရှိတဲ့အကြောင်းကိုပါ။ အဖြစ်ဆိုးနဲ့ကြုံပြီး၊ ရုန်းကန်နေရတာချင်းအတူတူ အာဆင်နယ် အသင်းဟာ မျက်စိဒေါက်ထောက်ဝေဖန်ခံရတာမျိုးသိပ် မကြုံရဘဲ ယူနိုက်တက်ကပဲ ပစ်မှတ်ဖြစ်နေတယ်ဆိုပြီး လုခ်ရှောက ယူဆထားတာဖြစ်ပါတယ်။

photo internet

ယူနိုက်တက်အသင်းဟာ ပရိသတ်မျှော်မှန်းချက်တွေနဲ့လွဲချော်နေတာကိုတော့ လုခ်ရှောက ဝန်ခံပါတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်နှစ်သင်းလုံးဟာ လတ်တလောရာသီတွေမှာ အကျဘက်ရောက်နေပြီး ချန်ပီယံလိဂ်နေရာအတွက် ပြိုင်ဘက်အသင်းတွေအောက် နောက်ကောက်ကျနေခဲ့ရပါတယ်။
“လူတိုင်းကယူနိုက်တက်ကိုဝေဖန်ကြတယ်။ ဒါပေမယ့် အာဆင်နယ်ကျတော့ သိပ်မပြောကြဘူး။ ကျွန်တော်က အရေထူအောင်နေခဲ့ရပါတယ်။ ကျွန်တော် အမှန်တကယ်ဖြတ်သန်းခဲ့ရတာတွေကို လူတွေမေ့သွားဖို့ လွယ်ကူပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘောလုံးကစားဖို့အတွက် အရေထူဖို့လိုအပ်ပါတယ်။ ယူနိုက်တက်လို ကမ္ဘာ့အကြီးဆုံးကလပ်ကြီးမှာ အထူးသဖြင့် ပိုလိုအပ်ပါတယ်။ လူတိုင်းကကြည့်နေကြပြီး ခင်ဗျားရှုံးနိမ့်တ ဲ့အခါတိုင်း အားရပါးရကို ပြစ်တင်ပြောဆိုပါလိမ့်မယ်။ အချို့တွေက ဘာပဲဖြစ်ဖြစ် ပြစ်တင်ဝေဖန်ချင်လို့ကို စောင့်ပြောနေကြသလိုပါပဲ။ ဒါကလည်း ယူနိုက်တက်မှာကစားသရွေ့ဖြစ်နေမယ့် ကိစ္စမျိုးပါ။ အသင်း ကောင်းတစ်သင်းဖြစ်တဲ့အာဆင်နယ်ကို မလေးစားတဲ့သဘောမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေလည်း အကောင်းမွန်ဆုံးရာသီတစ်ခုကို ပိုင်ဆိုင်ထားတာမှ မဟုတ်ဘဲနဲ့ သူတို့ကိုကျတော့ အပြစ်ပြောခဲကြပါတယ်။ အဲလိုခွဲခြားပြောခံရတဲ့အခါ ရယ်စရာကောင်းတယ်လို့မြင်ပါတယ်။ ကျွန်တော်တို့အသင်း မကောင်းတဲ့ အနေအထားတွေရှိခဲ့တယ်ဆိုတာကိုသိပါတယ်။ အချို့ပွဲတွေမှာကျွန်တော်တို့အခြေအနေဆိုးပါတယ်။ ယူနိုက်တက်အသင်းကိုထိုက်တန်တဲ့နေရာဆီရောက်အောင်ပြန်လုပ်ဖို့ကျွန်တော်တို့ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့အသင်းအောင်မြင်တဲ့လမ်းကြောင်းပေါ်ပြန်ရောက်မယ်လို့ယုံကြည်ပါတယ်။”ဆိုပြီးလုခ်ရှောကပြောပါတယ်။

photo internet

ယူနိုက်တက်တို့ဟာ သူတို့ရဲ့နောက်ဆုံးသုံးပွဲမှာ နိုင်ပွဲမဲ့ဖြစ်နေပြီး အမှတ်ပေးဇယားမှာ အဆင့်၄နေရာက ချယ်လ်ဆီးတို့နောက် ၆မှတ်အကွာ၊ အဆင့်၉ဖြစ်နေပါတယ်။ အာဆင်နယ်တို့ကတော့ ပြီးခဲ့တဲ့ နယူးကာဆယ် နဲ့ပွဲမှာ ဂိုးပြတ်နိုင်ခဲ့တာကြောင့် အဆင့် ၁၀ဖြစ်သွားပါပြီ။ သရေပွဲတွေသာအားပေးခဲ့ရတဲ့ အာဆင်နယ် ပရိသတ်တွေကတော့ အပျော်ကြီးပျော်နေကြပါတယ်။ လုခ်ရှောပြောထားတဲ့နောက်ထပ်အကြောင်းအရာ တစ်ခုကတော့ နည်းပြဆိုးလ်ရှားကို ယူနိုက်တက်ကစားသမားအချို့ ဒုက္ခရောက်အောင်၊ လုပ်နေတယ်ဆိုတဲ့အကြောင်းဖြစ် ပါတယ်။

photo internet

“မန်နေဂျာက ဒီရာသီမှာ ဝေဖန်ပြစ်တင်မှုတွေကို သူ့ဘာသာတစ်ယောက်တည်းခံယူဖို့ကြိုးစားနေခဲ့တယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်နားလည်ကြပါတယ်။အဲဒီအတွက်လည်း ကျွန်တော်တို့က သူ့ကိုလေးစားမြတ်နိုးကြရပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ ဒါတွေအားလုံးက ကိုယ့်အပြစ်တွေပဲဆိုတာကို သဘောပေါက် သွားတဲ့အချိန်တစ်ခုလည်းရှိပါတယ်။ မန်နေဂျာက ဝေဖန်မှုတွေအားလုံးခံနေလို့မရနိုင်ပါဘူး။ ကစားသမားတွေ ကသာ အပြစ်တင်ခံသင့်တဲ့သူတွေဖြစ်ပြီး ကွင်းထဲမှာ ခြေစွမ်းစတင်ပြသင့်ကြတာပါ။ အဝတ်လဲခန်းထဲမှာတော့ သူမှန်းထားသလိုမျိုး ကိစ္စတွေကို ကျွန်တော်တို့တွေကလုပ်မနေဘူးဆိုရင် သူကအမြဲတမ်းအသိပေးပါတယ်။ ဒါပေမဲ့ ကွင်းထဲကို ကျွန်တော်တို့ဝင်သွားပြီးပြီဆိုရင်တော့ အဲဒီမှာသူလုပ်နိုင်တာ အများကြီးမရှိတော့ပါဘူး။ ဒါက ကျွန်တော်တို့နဲ့ပဲ ဆိုင်ပါတော့တယ်။ ဒီရာသီမှာ ကျွန်တော်တို့က သူ့ကို ဆွဲချနေတဲ့ အနေအထားမျိုးဖြစ်နေပါတယ်။ ယူနိုက်တက်အတွက်ကောင်းတဲ့အချက်လည်းရှိပါတယ်။ အဆင့်လေးအတွက်ရော ဖလားပွဲတွေအတွက်ရောပေ့ါ။ ဒီတော့ လမ်းကြောင်းမှန်အောင်တည့်ဖို့ အချိန်ရှိပါသေးတယ်။”ဆိုပြီးအသက် 24နှစ်အရွယ် လုခ်ရှောကပြောပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

သရဲနီလုခ္ေရွာေျပာလာတဲ့ နည္းျပဆိုးလ္ရွားနဲ႔ အာဆင္နယ္အေၾကာင္း…..

ယူႏိုက္တက္ကစားသမား လုခ္ေရွာေျပာလာတဲ့ပထမဆုံးအေၾကာင္းအရာကေတာ့ အာဆင္နယ္အသင္းအေၾကာင္းျဖစ္ပါတယ္။ သူေျပာတာကေတာ့ အျဖစ္ဆုိးခ်င္းတူရင္ေတာင္ လူေတြက ယူႏိုက္တက္ကိုပဲအျပစ္တင္ၿပီး၊ အာဆင္နယ္ကိုသိပ္အျပစ္ေျပာေလ့မရိွတဲ့အေၾကာင္းကိုပါ။ အျဖစ္ဆုိးနဲ႔ႀကံဳၿပီး၊ ရုန္းကန္ေနရတာခ်င္းအတူတူ အာဆင္နယ္ အသင္းဟာ မ်က္စိေဒါက္ေထာက္ေဝဖန္ခံရတာမ်ိဳးသိပ္ မၾကံဳရဘဲ ယူႏိုက္တက္ကပဲ ပစ္မွတ္ျဖစ္ေနတယ္ဆိုၿပီး လုခ္ေရွာက ယူဆထားတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ပရိသတ္ေမွ်ာ္မွန္းခ်က္ေတြနဲ႔လြဲေခ်ာ္ေနတာကိုေတာ့ လုခ္ေရွာက ၀န္ခံပါတယ္။ ယူႏိုက္တက္နဲ႔ အာဆင္နယ္နွစ္သင္းလံုးဟာ လတ္တေလာရာသီေတြမွာ အက်ဘက္ေရာက္ေနျပီး ခ်န္ပီယံလိဂ္ေနရာအတြက္ ျပိဳင္ဘက္အသင္းေတြေအာက္ ေနာက္ေကာက္က်ေနခဲ့ရပါတယ္။
“လူတုိင္းကယူႏိုက္တက္ကိုေဝဖန္ၾကတယ္။ ဒါေပမယ့္ အာဆင္နယ္က်ေတာ့ သိပ္မေျပာၾကဘူး။ ကၽြန္ေတာ္က အေရထူေအာင္ေနခဲ့ရပါတယ္။ ကၽြန္ေတာ္ အမွန္တကယ္ျဖတ္သန္းခဲ့ရတာေတြကို လူေတြေမ့သြားဖို႔ လြယ္ကူပါတယ္။ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ေဘာလံုးကစားဖုိ႔အတြက္ အေရထူဖုိ႔လိုအပ္ပါတယ္။ ယူနုိက္တက္လုိ ကမၻာ့အၾကီးဆံုးကလပ္ၾကီးမွာ အထူးသျဖင့္ ပိုလုိအပ္ပါတယ္။ လူတုိင္းကၾကည့္ေနၾကျပီး ခင္ဗ်ားရံႈးနိမ့္တ ဲ့အခါတုိင္း အားရပါးရကို ျပစ္တင္ေျပာဆိုပါလိမ့္မယ္။ အခ်ဳိ႕ေတြက ဘာပဲျဖစ္ျဖစ္ ျပစ္တင္ေဝဖန္ခ်င္လုိ႔ကို ေစာင့္ေျပာေနၾကသလိုပါပဲ။ ဒါကလည္း ယူႏိုက္တက္မွာကစားသေရြ႕ျဖစ္ေနမယ့္ ကိစၥမ်ဳိးပါ။ အသင္း ေကာင္းတစ္သင္းျဖစ္တဲ့အာဆင္နယ္ကို မေလးစားတဲ့သေဘာမဟုတ္ပါဘူး။ ဒါေပမယ့္ သူတုိ႔ေတြလည္း အေကာင္းမြန္ဆံုးရာသီတစ္ခုကို ပိုင္ဆုိင္ထားတာမွ မဟုတ္ဘဲနဲ႔ သူတုိ႔ကိုက်ေတာ့ အျပစ္ေျပာခဲၾကပါတယ္။ အဲလိုခြဲျခားေျပာခံရတဲ့အခါ ရယ္စရာေကာင္းတယ္လို႔ျမင္ပါတယ္။ ကၽြန္ေတာ္တို႔အသင္း မေကာင္းတဲ့ အေနအထားေတြရိွခဲဲ့တယ္ဆိုတာကိုသိပါတယ္။ အခ်ဳိ႕ပြဲေတြမွာကၽြန္ေတာ္တို႔အေျခအေနဆုိးပါတယ္။ ယူႏိုက္တက္အသင္းကိုထိုက္တန္တဲ့ေနရာဆီေရာက္ေအာင္ျပန္လုပ္ဖို႔ကၽြန္ေတာ္တို႔ႀကိဳးစားေနၾကပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းေအာင္ျမင္တဲ့လမ္းေၾကာင္းေပၚျပန္ေရာက္မယ္လုိ႔ယုံၾကည္ပါတယ္။”ဆိုၿပီးလုခ္ေရွာကေျပာပါတယ္။

ယူနုိက္တက္တုိ႔ဟာ သူတုိ႔ရဲ႕ေနာက္ဆံုးသံုးပြဲမွာ နုိင္ပြဲမဲ့ျဖစ္ေနျပီး အမွတ္ေပးဇယားမွာ အဆင့္၄ေနရာက ခ်ယ္လ္ဆီးတုိ႔ေနာက္ ၆မွတ္အကြာ၊ အဆင့္၉ျဖစ္ေနပါတယ္။ အာဆင္နယ္တုိ႔ကေတာ့ ၿပီးခဲ့တဲ့ နယူးကာဆယ္ နဲ႔ပြဲမွာ ဂိုးျပတ္ႏိုင္ခဲ့တာေၾကာင့္ အဆင့္ ၁၀ျဖစ္သြားပါၿပီ။ သေရပြဲေတြသာအားေပးခဲ့ရတဲ့ အာဆင္နယ္ ပရိသတ္ေတြကေတာ့ အေပ်ာ္ႀကီးေပ်ာ္ေနၾကပါတယ္။ လုခ္ေရွာေျပာထားတဲ့ေနာက္ထပ္အေၾကာင္းအရာ တစ္ခုကေတာ့ နည္းျပဆိုးလ္ရွားကို ယူႏိုက္တက္ကစားသမားအခ်ဳိ႕ ဒုကၡေရာက္ေအာင္၊ လုပ္ေနတယ္ဆိုတဲ့အေၾကာင္းျဖစ္ ပါတယ္။ “မန္ေနဂ်ာက ဒီရာသီမွာ ေဝဖန္ျပစ္တင္မႈေတြကို သူ႔ဘာသာတစ္ေယာက္တည္းခံယူဖုိ႔ၾကိဳးစားေနခဲ့တယ္ဆုိတာ ကၽြန္ေတာ္တုိ႔အားလံုး သေဘာေပါက္နားလည္ၾကပါတယ္။အဲဒီအတြက္လည္း ကၽြန္ေတာ္တုိ႔က သူ႔ကိုေလးစားျမတ္နုိးၾကရပါတယ္။ ဒါေပမယ့္ ကစားသမားတစ္ေယာက္အေနနဲ႔ ဒါေတြအားလံုးက ကိုယ့္အျပစ္ေတြပဲဆုိတာကို သေဘာေပါက္ သြားတဲ့အခ်ိန္တစ္ခုလည္းရိွပါတယ္။ မန္ေနဂ်ာက ေဝဖန္မႈေတြအားလံုးခံေနလုိ႔မရနုိင္ပါဘူး။ ကစားသမားေတြ ကသာ အျပစ္တင္ခံသင့္တဲ့သူေတြျဖစ္ျပီး ကြင္းထဲမွာ ေျခစြမ္းစတင္ျပသင့္ၾကတာပါ။ အဝတ္လဲခန္းထဲမွာေတာ့ သူမွန္းထားသလိုမ်ိဳး ကိစၥေတြကို ကၽြန္ေတာ္တုိ႔ေတြကလုပ္မေနဘူးဆုိရင္ သူကအျမဲတမ္းအသိေပးပါတယ္။ ဒါေပမဲ့ ကြင္းထဲကို ကၽြန္ေတာ္တုိ႔ဝင္သြားျပီးျပီဆုိရင္ေတာ့ အဲဒီမွာသူလုပ္နုိင္တာ အမ်ားၾကီးမရွိေတာ့ပါဘူး။ ဒါက ကၽြန္ေတာ္တို႔နဲ႔ပဲ ဆိုင္ပါေတာ့တယ္။ ဒီရာသီမွာ ကၽြန္ေတာ္တို႔က သူ႔ကို ဆြဲခ်ေနတဲ့ အေနအထားမ်ဳိးျဖစ္ေနပါတယ္။ ယူႏိုက္တက္အတြက္ေကာင္းတဲ့အခ်က္လည္းရိွပါတယ္။
အဆင့္ေလးအတြက္ေရာ ဖလားပြဲေတြအတြက္ေရာေပ့ါ။ ဒီေတာ့ လမ္းေၾကာင္းမွန္ေအာင္တည့္ဖုိ႔ အခ်ိန္ရွိပါေသးတယ္။”ဆိုၿပီးအသက္ 24ႏွစ္အရြယ္ လုခ္ေရွာကေျပာပါတယ္။