သရဲနီလက်သစ်လေး အီဟာလိုနဲ့ပတ်သက်တဲ့ မှတ်ချက်စကားသံများ…..

photo internet

ယူနိုက်တက်ဟာ ဈေးကွက်နောက်ဆုံးနေ့မှာ အီဟာလိုကို အငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ယူနိုက်တက် အသင်းကို အငှားနဲ့ရောက်ရှိလာခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးအီဟာလိုက သူ့ရဲ့အိပ်မက်တွေအမှန် တကယ်ဖြစ် လာခဲ့ပြီလို့ ပြောဆိုထားပါတယ်။ ရှန်ဟိုင်းရှန်ဟွာကနေ ယူနိုက်တက်ကို ရာသီဝက်အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၃ဝအရွယ် တိုက်စစ်မှူးဟာ ငယ်ဘဝအိပ်မက်ဖြစ်တဲ့ ယူနိုက်တက်အသင်းမှာ ကစားခွင့်ရရှိခဲ့တဲ့အပေါ် ကျေနပ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သူ မာ့ခ် ဘော့စ်နစ်ချ် က ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူးသစ် ဖြစ်လာသူ အီဟာလိုဆီမှာ ဆုံးရှုံးစရာ ဘာမှရှိမနေတဲ့ အတွက် ယူနိုက်တက် ဂန္ဓဝင် အဲရစ် ကန်တိုနာ လက်သစ် ဖြစ်လာနိုင်ကြောင်းပြောကြားလာခဲ့ ပါတယ်။

photo internet

“အီဟာလိုကိုခေါ်ယူခဲ့တာဟာ အရေးပေါ်အနေအထားအတွက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ကိုခေါ်တဲ့အတွက် ဝေဖန်ပြောဆိုနေတဲ့သူတွေလည်းရှိပါတယ်။ ရက်ရ်ှဖို့ ဒဏ်ရာရနေတဲ့အတွက် အခုလို အပြောင်းအရွှေ့ ဖြစ်လာခဲ့တာပါ။ အီဟာလိုဆီမှာ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။သူ့ဆီက အံ့သြဖွယ်ခြေစွမ်းမျှော်လင့်နေတဲ့ သူနည်း ပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်အတော်ကြာကြာက ယူနိုက်တက်အသင်းဟာ ဘယ်သူမှမသိကြတဲ့ ပြင်သစ် နိုင်ငံသား ကန်တိုနာ ကို ခေါ်ယူခဲ့ပါတယ်။ သူ့ဆီကပရိသတ်တွေအများကြီးမမျှော်လင့်ခဲ့ကြပါဘူး။ဒါပေမယ့် အဲဒီ ကစားသမားက အအောင်မြင်ဆုံး ဘောလုံး ရာသီတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။ အခုလည်း ယူနိုက်တက်မှာ အဲဒီလိုအနေအထား ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။”ဆိုပြီး မာ့ခ် ဘော့စ်နစ်ချ် ကပြောဆိုပါတယ်။

photo internet

အီဟာလိုအနေနဲ့ အသင်းသစ်မှာအထိုင်ကျဖို့ တစ်လလောက်အချိန်ယူရမှာဖြစ်ကြောင်း ဝက်ဖို့ဒ်နည်းပြဟောင်း ဖလော်ရက်စ်က သုံးသပ်ထားပါတယ်။ ဖလော်ရက်စ်ဟာ ဝက်ဖို့ဒ်နည်းပြဘဝမှာ အီဟာလိုနဲ့ လက်တွဲခဲ့ ဖူးပါတယ်။ အီဟာလိုဟာ ပရီးမီးယားလိဂ်ကစားသမားဟောင်းတစ်ဦးဖြစ်ပေမယ့်လည်း စူပါလိဂ်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်တာ ကြောင့် ယူနိုက်တက်နဲ့အံဝင်ဖို့ အချိန်ယူရဦးမယ်လို့ ဖလော်ရက်စ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ “အဓိကကတော့ တရုတ်စူပါလိဂ်မှာ ကစားသမားတွေရဲ့ လေ့ကျင့်ခန်းဆင်း တဲ့ပုံစံပါပဲ။ ဒါဟာ ပရီးမီးယားလိဂ်နဲ့ မတူပါဘူး။ လက်ရှိမှာ အီဟာလိုအနေနဲ့ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားဖို့ အသင့်ဖြစ်ဦးမှာမဟုတ်ပါဘူး။ သူ့အနေနဲ့အချိန်တစ်လလောက်ယူရနိုင်ပါတယ်။ အဆင်ပြေတာတစ်ခုကတော့ သူဟာ ပရီးမီးယား လိဂ်ကစားသမားဟောင်းတစ်ဦးဖြစ်သလို အလုပ်ကြိုးစားသူဖြစ်နေတဲ့အချက်ပါပဲ။ ဒါပေမယ့် အသင်းအတွက် ချက်ချင်းခြေစွမ်းပြပြီး ဂိုးတွေသွင်းလာမယ်လို့တော့ မမျှော်လင့်ထားသင့်ပါဘူး။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းကတော့ သူအရမ်းမြန်ပါတယ်။အခုတော့ တော်တော်ကြာသွားပါပြီ။သူလည်း အတော်လေး ပြောင်းလဲ သွားပါပြီ။ဒါပေမယ့် ကြံ့ခိုင်မှု တိုက်ပွဲမှာတော့ သူအမြဲတမ်းကောင်းမွန်နေပါသေးတယ်။”ဆိုပြီး ဖလော်ရက်စ်က ပြောကြားခဲ့ပါတယ်။

photo internet

အီဟာလိုကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ ကျေနပ်မိတယ်လို့ နည်းပြဆိုးလ်ရှားကတော့ပြောဆိုပါတယ်။ အီဟာလိုဟာ ၂၀၁၇ ခုနှစ်ထဲက တရုတ်လိဂ်ကိုရောက်ရှိနေတာဖြစ်ပြီး ယခုလက်ရှိမှာတော့ တရုတ်လိဂ်ရပ်နားမှု့နဲ့အတူ ယူနိုက်တက်ဆီကိုပြောင်းရွှေ့လာတာဖြစ်ပါတယ်။ အီဟာလိုဟာ အီတလီ၊စပိန်၊အင်္ဂလန် အစရှိတဲ့လိဂ်ပေါင်းစုံမှာ အူဒီးနိစ်၊ဂရန်ဒါ၊ဝက်ဖိုဒ့် အသင်းတွေဆီမှာ ကစားခဲ့ပြီး၊ ၂၀၁၇ ခုနှစ်မှာတော့ တရုတ်လိဂ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။အီဟာလိုဟာ အူဒီးနိစ်အသင်းမှာကစားခဲ့စဉ်က ဘရူနိုဖာနန်ဒက်စ် နဲ့ အသင်းဖော်ဖြစ်ခဲ့ဖူးပါတယ်။ အီတလီမှာကစားခဲ့စဉ်တုန်းက အီဟာလိုဟာ ၁၆ပွဲမှာ၁၄ဂိုးထိသွင်းယူပြီးခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာတော့ စပိန်ကလပ် ဂရန်ဒါအသင်းကိုပြောင်းရွှေ့ခဲ့ပြီး ၂၁ဂိုးသွင်းယူကာ ၆ကြိမ်ဂိုးဖန်တီးမှု့ပြုလုပ်နိုင်ခဲ့ပါတယ်။ အီတလီ နဲ့ စပိန် ပြီးနောက်မှာတော့ ဝက်ဖို့ဒ့်အသင်းထံရောက်လာခဲ့ပြီး ပရီးမီးယားလိဂ်ဆီကိုထပ်မံခြေဆန့်လာခဲ့ပါတယ်။

photo internet

ဝက်ဖိုဒ့်အသင်းမှာတော့ အီဟာလိုတစ်ယောက် ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ ၁၅ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်လိဂ်ကလပ်ရှန်ဟိုင်းရှန်ဟွာဆီကို ပြောင်းရွှေ့သွားပါတယ်။ ရှန်ဟိုင်းရှန်ဟွာအသင်းမှာလစာငွေတစ်ပတ်ပေါင်သုံးသိန်း ခန့်ရရှိနေတဲ့ အီဟာလိုဟာ ၁၉ပွဲကစားရာမှာ ၁၀ဂိုးသွင်းယူပေးထားပါတယ်။ ၂၀၁၉ အာဖရိကဖလားပွဲမှာလည်း အီဟာလိုဟာ ဂိုးသွင်းဘုရင်လို့တင်စား ရလောက်အောင်ခြေစွမ်းတွေပြသထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဘက်ကတော့ အီဟာလိုကိုအငှားနဲ့ ခေါ်ယူထားပြီး အပြီးသတ်ဝယ်ဖို့ အစီအစဉ်မရှိဘူးလို့တော့ပြောထားပါတယ်။ အီဟာလိုတစ်ယောက် ယူနိုက်တက်မှာဘယ်လိုအနေအထားရှိမလဲဆိုတာအားပေးစောင့်ကြည့်ကြရအောင်ပါ။

photo internet

(Zawgyi Version)

သရဲနီလက္သစ္ေလး အီဟာလိုနဲ႔ပတ္သက္တဲ့ မွတ္ခ်က္စကားသံမ်ား…..

ယူႏိုက္တက္ဟာ ေဈးကြက္ေနာက္ဆုံးေန႔မွာ အီဟာလိုကို အငွားနဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။ယူႏိုက္တက္ အသင္းကို အငွားနဲ႔ေရာက္ရွိလာခဲ့တဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးအီဟာလိုက သူ႔ရဲ႕အိပ္မက္ေတြအမွန္တကယ္ျဖစ္ လာခဲ့ၿပီလို႔ ေျပာဆိုထားပါတယ္။ ရွန္ဟိုင္းရွန္ဟြာကေန ယူႏိုက္တက္ကို ရာသီဝက္အငွားနဲ႔ ေရာက္ရွိလာခဲ့တဲ့ အသက္ ၃ဝအ႐ြယ္ တိုက္စစ္မႉးဟာ ငယ္ဘဝအိပ္မက္ျဖစ္တဲ့ ယူႏိုက္တက္အသင္းမွာ ကစားခြင့္ရရွိခဲ့တဲ့အေပၚ ေက်နပ္ေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ဂိုးသမားေဟာင္း ျဖစ္သူ မာ့ခ္ ေဘာ့စ္နစ္ခ်္ က ယူႏိုက္တက္ အသင္း ရဲ႕ တိုက္စစ္မႉးသစ္ ျဖစ္လာသူ အီဟာလိုဆီမွာ ဆုံးရႈံးစရာ ဘာမွရွိမေနတဲ့အတြက္ ယူႏိုက္တက္ ဂႏၶဝင္ အဲရစ္ ကန္တိုနာ လက္သစ္ ျဖစ္လာႏိုင္ေၾကာင္းေျပာၾကားလာခဲ့ပါတယ္။

“အီဟာလိုကိုေခၚယူခဲ့တာဟာ အေရးေပၚအေနအထားအတြက္ေခၚယူခဲ့တာျဖစ္ပါတယ္။ သူ႔ကိုေခၚတဲ့အတြက္ ေဝဖန္ေျပာဆိုေနတဲ့သူေတြလည္းရွိပါတယ္။ ရက္ရ္ွဖို႔ ဒဏ္ရာရေနတဲ့အတြက္ အခုလို အေျပာင္းအေ႐ႊ႕ ျဖစ္လာခဲ့တာပါ။ အီဟာလိုဆီမွာ ဆုံးရႈံးစရာ ဘာမွမရွိပါဘူး။သူ႔ဆီက အံ့ၾသဖြယ္ေျခစြမ္းေမွ်ာ္လင့္ေနတဲ့သူနည္း ပါတယ္။ ဟိုးလြန္ခဲ့တဲ့ ႏွစ္အေတာ္ၾကာၾကာက ယူႏိုက္တက္အသင္းဟာ ဘယ္သူမွမသိၾကတဲ့ ျပင္သစ္ ႏိုင္ငံသား ကန္တိုနာ ကို ေခၚယူခဲ့ပါတယ္။ သူ႔ဆီကပရိသတ္ေတြအမ်ားႀကီးမေမွ်ာ္လင့္ခဲ့ၾကပါဘူး။ဒါေပမယ့္ အဲဒီ ကစားသမားက အေအာင္ျမင္ဆုံး ေဘာလုံး ရာသီေတြကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္ ။ အခုလည္း ယူႏိုက္တက္မွာ အဲဒီလိုအေနအထား ျဖစ္လာႏိုင္ေျခ ရွိေနပါတယ္။”ဆိုၿပီး မာ့ခ္ ေဘာ့စ္နစ္ခ်္ ကေျပာဆိုပါတယ္။

အီဟာလိုအေနနဲ႔ အသင္းသစ္မွာအထိုင္က်ဖို႔ တစ္လေလာက္အခ်ိန္ယူရမွာျဖစ္ေၾကာင္း ဝက္ဖို႔ဒ္နည္းျပေဟာင္း ဖေလာ္ရက္စ္က သုံးသပ္ထားပါတယ္။ ဖေလာ္ရက္စ္ဟာ ဝက္ဖို႔ဒ္နည္းျပဘဝမွာ အီဟာလိုနဲ႔ လက္တြဲခဲ့ ဖူးပါတယ္။ အီဟာလိုဟာ ပရီးမီးယားလိဂ္ကစားသမားေဟာင္းတစ္ဦးျဖစ္ေပမယ့္လည္း စူပါလိဂ္မွာ ၂ ႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္နဲ႔အံဝင္ဖို႔ အခ်ိန္ယူရဦးမယ္လို႔ ဖေလာ္ရက္စ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “အဓိကကေတာ့ တ႐ုတ္စူပါလိဂ္မွာ ကစားသမားေတြရဲ႕ ေလ့က်င့္ခန္းဆင္း တဲ့ပုံစံပါပဲ။ ဒါဟာ ပရီးမီးယားလိဂ္နဲ႔ မတူပါဘူး။ လက္ရွိမွာ အီဟာလိုအေနနဲ႔ ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားဖို႔ အသင့္ျဖစ္ဦးမွာမဟုတ္ပါဘူး။ သူ႔အေနနဲ႔အခ်ိန္တစ္လေလာက္ယူရႏိုင္ပါတယ္။ အဆင္ေျပတာတစ္ခုကေတာ့ သူဟာ ပရီးမီးယား လိဂ္ကစားသမားေဟာင္းတစ္ဦးျဖစ္သလို အလုပ္ႀကိဳးစားသူျဖစ္ေနတဲ့အခ်က္ပါပဲ။ ဒါေပမယ့္ အသင္းအတြက္ ခ်က္ခ်င္းေျခစြမ္းျပၿပီး ဂိုးေတြသြင္းလာမယ္လို႔ေတာ့ မေမွ်ာ္လင့္ထားသင့္ပါဘူး။ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္တုန္းကေတာ့ သူအရမ္းျမန္ပါတယ္။အခုေတာ့ ေတာ္ေတာ္ၾကာသြားပါၿပီ။သူလည္း အေတာ္ေလး ေျပာင္းလဲ သြားပါၿပီ။ဒါေပမယ့္ ႀကံ့ခိုင္မႈ တိုက္ပြဲမွာေတာ့ သူအၿမဲတမ္းေကာင္းမြန္ေနပါေသးတယ္။”ဆိုၿပီး ဖေလာ္ရက္စ္က ေျပာၾကားခဲ့ပါတယ္။

အီဟာလိုကို ေခၚယူႏိုင္ခဲ့တဲ့အတြက္ သူ႔အေနနဲ႔ ေက်နပ္မိတယ္လို႔ နည္းျပဆိုးလ္ရွားကေတာ့ေျပာဆိုပါတယ္။ အီဟာလိုဟာ ၂၀၁၇ ခုႏွစ္ထဲက တ႐ုတ္လိဂ္ကိုေရာက္ရွိေနတာျဖစ္ၿပီး ယခုလက္ရွိမွာေတာ့ တ႐ုတ္လိဂ္ရပ္နားမႈ႕နဲ႔အတူ ယူႏိုက္တက္ဆီကိုေျပာင္းေ႐ႊ႕လာတာျဖစ္ပါတယ္။ အီဟာလိုဟာ အီတလီ၊စပိန္၊အဂၤလန္ အစရွိတဲ့လိဂ္ေပါင္းစုံမွာ အူဒီးနိစ္၊ဂရန္ဒါ၊ဝက္ဖိုဒ့္ အသင္းေတြဆီမွာ ကစားခဲ့ၿပီး၊ ၂၀၁၇ ခုႏွစ္မွာေတာ့ တ႐ုတ္လိဂ္ကိုေျပာင္းေ႐ႊ႕ခဲ့ပါတယ္။အီဟာလိုဟာ အူဒီးနိစ္အသင္းမွာကစားခဲ့စဥ္က ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ အသင္းေဖာ္ျဖစ္ခဲ့ဖူးပါတယ္။ အီတလီမွာကစားခဲ့စဥ္တုန္းက အီဟာလိုဟာ ၁၆ပြဲမွာ၁၄ဂိုးထိသြင္းယူၿပီးေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။ဒီေနာက္မွာေတာ့ စပိန္ကလပ္ ဂရန္ဒါအသင္းကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး ၂၁ဂိုးသြင္းယူကာ ၆ႀကိမ္ဂိုးဖန္တီးမႈ႕ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အီတလီ နဲ႔ စပိန္ ၿပီးေနာက္မွာေတာ့ ဝက္ဖို႔ဒ့္အသင္းထံေရာက္လာခဲ့ၿပီး ပရီးမီးယားလိဂ္ဆီကိုထပ္မံေျခဆန႔္လာခဲ့ပါတယ္။

ဝက္ဖိုဒ့္အသင္းမွာေတာ့ အီဟာလိုတစ္ေယာက္ ၂၀၁၅-၂၀၁၆ ေဘာလုံးရာသီမွာ ၁၅ဂိုးသြင္းယူ ႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ တ႐ုတ္လိဂ္ကလပ္ရွန္ဟိုင္းရွန္ဟြာဆီကို ေျပာင္းေ႐ႊ႕သြားပါတယ္။ ရွန္ဟိုင္းရွန္ဟြာအသင္းမွာလစာေငြတစ္ပတ္ေပါင္သုံးသိန္း ခန႔္ရရွိေနတဲ့ အီဟာလိုဟာ ၁၉ပြဲကစားရာမွာ ၁၀ဂိုးသြင္းယူေပးထားပါတယ္။ ၂၀၁၉ အာဖရိကဖလားပြဲမွာလည္း အီဟာလိုဟာ ဂိုးသြင္းဘုရင္လို႔တင္စား ရေလာက္ေအာင္ေျခစြမ္းေတြျပသထားႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဘက္ကေတာ့ အီဟာလိုကိုအငွားနဲ႔ ေခၚယူထားၿပီး အၿပီးသတ္ဝယ္ဖို႔ အစီအစဥ္မရွိဘူးလို႔ေတာ့ေျပာထားပါတယ္။ အီဟာလိုတစ္ေယာက္ ယူႏိုက္တက္မွာဘယ္လိုအေနအထားရွိမလဲဆိုတာအားေပးေစာင့္ၾကည့္ၾကရေအာင္ပါ။