သရဲနီဘဝမှာ အောင်မြင်မှုတွေရယူသွားမယ့် ဆန်ချို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်က ဂျေဒန် ဆန်ချိုကို ( ၂၀၂၆ ) ခုနှစ် ဇွန်လထိ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းဝက်ဆိုဒ်ကနေ ယနေ့ ဇူလိုင် ( ၂၃ ) ရက် ၊ ၂၀၂၁ ခုနှစ်မှာ တရားဝင် ကေြညာသွားခဲ့ပါတယ်။

အသက် ( ၂၁ ) နှစ်အရွယ် ဆန်ချိုဟာ ဘိုရပ်ရှား ဒေါ့မွန်အသင်းနဲ့ ( ၄ ) ရာသီအတွင်းမှာ သွင်းဂိုး ( ၅၀ ) ရယူနိုင်ခဲ့ပြီး ( ၆၄ ) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

နောက်ပြီး အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ယခုနွေရာသီ ယူရို ( ၂၀၂၀ ) ဗိုလ်လုပွဲထိရောက်ရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဂျေဒန်ဆန်ချိုက “ ကျွန်တော် တစ်နေ့ အင်္ဂလန်ကို ပြန်သွားမယ်ဆိုတာ သိလျက်နဲ့ ပထမအသင်းကြီးမှာ ကစားခွင့်ပေးခဲ့တဲ့ ဒေါ့မွန်အသင်းကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။

မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွေ့ခွင့်ရတာက အိပ်မက်တွေ တစ်ကယ်ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။

ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ပြဖို့ မစောင့်နိုင်အောင် ဖြစ်မိပါတယ်။

လက်ရှိက ငယ်ရွယ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသင်းတစ်သင်းဆိုပေမယ့် ကျွန်တော်တို့က ပရိသတ်တွေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေကို အတူတကွ ရယူသွားမယ်လို့ နားလည်ထားပါတယ်။

ကျွန်တော်ရဲ့ စွမ်းဆောင်ရည်တွေ ဆက်လက်တိုးတက်လာဖို့ မန်နေဂျာ ၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ လက်တွဲဆောင်ရွက်သွားပါမယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဆန်ချိုက လက်ရှိမှာ အားလပ်ရက်အပန်းဖြေခရီးထွက်နေပြီး သြဂုတ်လ ( ၇ ) ရက်နေ့ အဲဗာတန်အသင်းနဲ့ ခြေစမ်းပွဲစဥ်မှာတော့ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သရဲနီဘ၀မွာ ေအာင္ျမင္မႈေတြရယူသြားမယ့္ ဆန္ခ်ဳိ

မန္ခ်က္စတာ ယူႏိုက္တက္က ေဂ်ဒန္ ဆန္ခ်ိဳကို ( ၂၀၂၆) ခုႏွစ္ ဇြန္လထိ ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အသင္းဝက္ဆိုဒ္ကေန ယေန႔ ဇူလိုင္ ( ၂၃ ) ရက္ ၊ ၂၀၂၁ ခုႏွစ္မွာ တရားဝင္ ေၾကညာသြားခဲ့ပါတယ္။

အသက္ ( ၂၁ ) ႏွစ္အ႐ြယ္ ဆန္ခ်ိဳဟာ ဘိုရပ္ရွား ေဒါ့မြန္အသင္းနဲ႔ ( ၄ ) ရာသီအတြင္းမွာ သြင္းဂိုး ( ၅၀ ) ရယူႏိုင္ခဲ့ၿပီး ( ၆၄ ) ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ေနာက္ၿပီး အဂၤလန္လက္ေ႐ြးစင္ကစားသမားဟာ ယခုေႏြရာသီ ယူ႐ို ( ၂၀၂၀ ) ဗိုလ္လုပြဲထိေရာက္ရွိေအာင္လည္း စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ေဂ်ဒန္ဆန္ခ်ိဳက “ ကြၽန္ေတာ္ တစ္ေန႔ အဂၤလန္ကို ျပန္သြားမယ္ဆိုတာ သိလ်က္နဲ႔ ပထမအသင္းႀကီးမွာ ကစားခြင့္ေပးခဲ့တဲ့ ေဒါ့မြန္အသင္းကို အၿမဲတမ္း ေက်းဇူးတင္ေနမွာပါ ။ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ြ႕ခြင့္ရတာက အိပ္မက္ေတြ တစ္ကယ္ျဖစ္လာတာလို႔ ဆိုႏိုင္ပါတယ္။

ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ျပဖို႔ မေစာင့္ႏိုင္ေအာင္ ျဖစ္မိပါတယ္။ လက္ရွိက ငယ္႐ြယ္ၿပီး စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ အသင္းတစ္သင္းဆိုေပမယ့္ ကြၽန္ေတာ္တို႔က ပရိသတ္ေတြနဲ႔ ထိုက္တန္တဲ့ ေအာင္ျမင္မႈေတြကို အတူတကြ ရယူသြားမယ္လို႔ နားလည္ထားပါတယ္။ ကြၽန္ေတာ္ရဲ႕ စြမ္းေဆာင္ရည္ေတြ ဆက္လက္တိုးတက္လာဖို႔ မန္ေနဂ်ာ ၊ နည္းျပအဖြဲ႕ဝင္ေတြနဲ႔အတူ လက္တြဲေဆာင္႐ြက္သြားပါမယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆန္ခ်ိဳက လက္ရွိမွာ အားလပ္ရက္အပန္းေျဖခရီးထြက္ေနၿပီး ၾသဂုတ္လ ( ၇ ) ရက္ေန႔ အဲဗာတန္အသင္းနဲ႔ ေျခစမ္းပြဲစဥ္မွာေတာ့ ျပန္လည္ပါဝင္လာႏိုင္ပါတယ္။