သရဲနီပရိသတ်တွေကို သူ့ရဲ့အမှားအတွက် တောင်းပန်လိုက်တဲ့ လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဂျက်စီ လင်ဂတ်ကတော့ ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ရတာ နဲ့ ပတ်သက်ပြီး ၎င်းရဲ့ ဆိုရှယ် မီဒီယာကနေတဆင့် ပရိသတ်တွေကို တောင်းပန်စကားဆိုသွားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ တစ်ယောက်လျော့ နဲ ကစားခဲ့ရကာ ပြိုင်ဘက်အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျနေချိန် လင်ဂတ်က ရော်နာလ်ဒိုရဲ့ နေရာကို လူစားလဲဝင်ရောက် ကစားခဲ့တာပါ။

ဒါပေမယ့် နာကျင်ချိန်ပို အရောက်မှာ လင်ဂတ်ရဲ့ အနောက်ကို ဘောလုံးပြန်ပေးပို့မှု အမှားကနေတဆင့် ပြိုင်ဘက်အသင်းက အခွင့်အရေး ရသွားခဲ့ပြီး အနိုင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး …. ” အဲ့ဒီနေ့ပွဲရဲ့ ရလဒ်ဟာ ကျွန်တော်တို့ကို နာကျင်စေခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ ယူနိုက်တက်ရဲ့ ဂျာစီကို ဝတ်ဆင်ထားချိန်တိုင်းမှာ အသင်း နဲ့ အသင်းရဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးတွေကိုသာ ပေးဆပ်ဖို့ ဆန္ဒရှိတာကိုတော့ နားလည်ပေးကြစေချင်ပါတယ်”

” အဲ့ဒီ ရှုံးပွဲမှာ ကျွန်တော်ရဲ့ အမှားတစ်ခုက အဓိက ကျခဲ့ပါတယ်။

ဒါပေမယ့် ဘောလုံးမှာက အမှားအယွင်းတွေဆိုတာဖြစ်တတ်စမြဲမို့ ဒီအမှားတွေကနေ ရုန်းထပြီး ရှေ့ဆက် ပိုကြိုးစားသွားပါမယ်” လို့ လင်ဂတ်က ၎င်းရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်ပြီးတဲ့နောက်မှာ အဓိက အမှားတွေပြုလုပ်ခဲ့ကြတဲ့ လင်ဂတ် နဲ့ ဘစ်ဆာကာတို့ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ ကစားသမားတွေဘက်က ကာကွယ်ပြောဆိုပေးထားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သရဲနီပရိသတ္ေတြကုိ သူ႔ရဲ႕အမွားအတြက္ ေတာင္းပန္လုိက္တဲ့ လင္ဂတ္

ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ဂ်က္စီ လင္ဂတ္ကေတာ့ ခ်န္ပီယံလိဂ္မွာ ရႈံးနိမ့္ခဲ့ရတာ နဲ႔ ပတ္သက္ၿပီး ၎ရဲ႕ ဆိုရွယ္ မီဒီယာကေနတဆင့္ ပရိသတ္ေတြကို ေတာင္းပန္စကားဆိုသြားခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္မွာေတာ့ ယူႏိုက္တက္ဟာ တစ္ေယာက္ေလ်ာ့ နဲ ကစားခဲ့ရကာ ၿပိဳင္ဘက္အသင္းနဲ႔ တစ္ဖက္ တစ္ဂိုးစီ သေရက်ေနခ်ိန္ လင္ဂတ္က ေရာ္နာလ္ဒိုရဲ႕ ေနရာကို လူစားလဲဝင္ေရာက္ ကစားခဲ့တာပါ။

ဒါေပမယ့္ နာက်င္ခ်ိန္ပို အေရာက္မွာ လင္ဂတ္ရဲ႕ အေနာက္ကို ေဘာလုံးျပန္ေပးပို႔မႈ အမွားကေနတဆင့္ ၿပိဳင္ဘက္အသင္းက အခြင့္အေရး ရသြားခဲ့ၿပီး အႏိုင္ဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အဆိုပါ ကိစၥနဲ႔ပတ္သက္ၿပီး ….

” အဲ့ဒီေန႔ပြဲရဲ႕ ရလဒ္ဟာ ကြၽန္ေတာ္တို႔ကို နာက်င္ေစခဲ့ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ယူႏိုက္တက္ရဲ႕ ဂ်ာစီကို ဝတ္ဆင္ထားခ်ိန္တိုင္းမွာ အသင္း နဲ႔ အသင္းရဲ႕ ပရိသတ္ေတြအတြက္ အေကာင္းဆုံးေတြကိုသာ ေပးဆပ္ဖို႔ ဆႏၵရွိတာကိုေတာ့ နားလည္ေပးၾကေစခ်င္ပါတယ္”

” အဲ့ဒီ ရႈံးပြဲမွာ ကြၽန္ေတာ္ရဲ႕ အမွားတစ္ခုက အဓိက က်ခဲ့ပါတယ္။ ဒါေပမယ့္ ေဘာလုံးမွာက အမွားအယြင္းေတြဆိုတာျဖစ္တတ္စၿမဲမို႔ ဒီအမွားေတြကေန ႐ုန္းထၿပီး ေရွ႕ဆက္ ပိုႀကိဳးစားသြားပါမယ္” လို႔ လင္ဂတ္က ၎ရဲ႕ ဆိုရွယ္မီဒီယာမွာ ေရးသားခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္ၿပီးတဲ့ေနာက္မွာ အဓိက အမွားေတြျပဳလုပ္ခဲ့ၾကတဲ့ လင္ဂတ္ နဲ႔ ဘစ္ဆာကာတို႔ကို ပရိသတ္ေတြက ေဝဖန္ခဲ့ၾကေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ ကစားသမားေတြဘက္က ကာကြယ္ေျပာဆိုေပးထားခဲ့ပါတယ္။