သရဲနီတွေနဲ့ ပြန်ကစားချင်လို့ Soccer Aid ပွဲကို လက်ခံလိုက်တဲ့ နဗီးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂယ်ရီနဗီးလ်က၎င်းမှာယူနီဆက်ဖ်အတွက်ရန်ပုံငွေများစွာရရှိရေးအတွက် Soccer Aid ရန်ပုံငွေပွဲတွင်ကစားရန်ဆုံးဖြတ်ခဲ့ခြင်းမှာမန်ယူကစားဖော်များနှင့်ပြန်လည်ဆုံစည်းလိုခြင်းကြောင့်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၄၆နှစ်ရှိဂယ်ရီနဗီးလ်ဟာ Soccer Aid ပွဲတွင်မန်ယူကစားဖော်များဖြစ်ကြတဲ့ဝိန်းရွန်းနီ၊ပေါလ်စခိုးတို့နှင့်တွဲကစားရမှာလည်းဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်ဟာအီတီဟတ်ကွင်းမှာနောက်ဆုံးကစားတဲ့ပွဲတုန်းကပွဲအပြီးမှာအနိုင်ဂိုးသွင်းခဲ့တဲ့ပေါလ်စခိုးလ်ကိုနမ်းခဲ့သူလည်းဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်က “ယူနီဆက်ဖ်အတွက်ရန်ပုံငွေမြင့်တက်ရေးကစားတဲ့ပွဲပါ။

ဒါကတော့ရှင်းရှင်းလေးပါပဲ။ ဂယ်ရီနဗီးလ်ဘောလုံးကစားတာကတော့ဘာမှစွဲမက်စရာမရှိပါဘူး။

ကျွန်တော့်အသက်၃၆နှစ်တုန်းကတောင်ရုန်းကန်ခဲ့ရတာပါ။

အခုကျွန်တော့်အသက်က၄၆နှစ်ဖြစ်နေပါပြီ။ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာပွဲအချို့ကစားပေမယ့်အမြဲတမ်းရုန်းကန်ရပါတယ်။

ဒီပွဲက Soccer Aid ဆယ်နှစ်ပြည့်ပွဲပါ။ယူနီအက်ဖ်နဲ့လက်တွဲလုပ်ခွင့်ရတာကောင်းပါတယ်။

အစိုးရတစ်ခုကကြီးမှူးလုပ်တာမဟုတ်ပါဘူး။ဒီပွဲကိုအမြဲကြည့်ဖြစ်ပါတယ်။

ပါဝင်ကစားဖို့တော့မတွေးခဲ့ဖူးပါဘူး။နောက်ဆုံးမှာတော့ကျွန်တော်ဟာရွန်းနီ၊စခိုးလ်တို့နဲ့ပြန်တွဲကစားခွင့်ရခဲ့ပါပြီ။

အနိုင်ရမယ့်အသင်းမှာပါဝင်ကစားဖို့လည်းမျှော်လင့်နေခဲ့တာပါ။

အီတီဟတ်မှာနောက်ဆုံးကစားတဲ့နေ့တုန်းကကျွန်တော် စခိုးလ်ကိုနမ်းခဲ့တယ်။

ကောင်းတဲ့အတွေ့အကြုံလား၊ဆိုးရွားတဲ့အတွေ့အကြုံလားမသိပါဘူး။

ဒီပွဲကကျွန်တော့်ရဲ့ကလပ်နောက်ဆုံးပွဲတွေထဲကတစ်ပွဲပါ။

အဲဒီနောက်ပိုင်းမှာကျွန်တော်ဟာကလပ်ပွဲလေးငါးပွဲလောက်ပဲကစားခဲ့ပါတယ်။

နောက်ဆုံးမိနစ်မှာဂိုးသွင်းခဲ့တာပါ။အီဗရာရဲ့ဖြတ်တင်ဘောကနေစခိုးလ်ကခေါင်းတိုက်ခဲ့တာ။

ကွင်းစည်းအတိုင်းပြေးလွှားသွားခဲ့တယ်။

အဲဒါပဲမှတ်မိတယ်။အဲဒီနောက်အဆိုးတွေကြုံခဲ့ရတယ်။

စီးတီးအတွက်အဂွဲရိုးနောက်ဆုံးမိနစ်ဂိုးသွင်းတဲ့အချိန်မှာကွင်းထဲမှာကျွန်တော်ရှိနေခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူကစားသမားဟောင်းသုံးဦးတို့ဟာ၂၀၂၀ခုနှစ်တုန်းကရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့အသင်းကိုစနေနေ့အီတီဟတ်ပွဲစဉ်တွင်အနိုင်ရရှိရန်မျှော်လင့်နေပါတယ်။

အင်္ဂလန်အသင်းမှာနဗီးလ်၊စခိုးလ်၊ဒေးဗစ်ဂျိမ်းစ်၊ရွန်းနီ၊ကယ်လီစမစ်၊အက်ရှ်လေကိုးလ်၊ဟတ်စကီး၊ကာရေဂါ၊ဖာရာဝီလီယမ်၊ရှောင်ရိုက်ဖီးလစ်၊ဂျေမီရက်နပ်တို့ပါဝင်ပါမယ်။အင်္ဂလန်အသင်းကိုအင်္ဂလန်နည်းပြဟောင်းအဲရစ်ဆင်ကကြီးကြပ်သွားပါမယ်။

ကမ္ဘာ့အသင်းတွင်ဒီဂျောင်၊ရေးဂစ်ဗင်း၊ကားလို့်စ်၊ရီဗယ်ဒို၊ဇာဘလက်တာ၊အီဗရာ၊ဟူစိန်ဘို့တို့ပါဝင်ပြီးဂျေမီရက်နပ်ကကြီးကြပ်သွားပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သရဲနီေတြနဲ႔ ျပန္ကစားခ်င္လုိ႔ Soccer Aid ပြဲကုိ လက္ခံလုိက္တဲ့ နဗီးလ္

ဂယ္ရီနဗီးလ္က၎မွာယူနီဆက္ဖ္အတြက္ရန္ပုံေငြမ်ားစြာရရွိေရးအတြက္ Soccer Aid ရန္ပုံေငြပြဲတြင္ကစားရန္ဆုံးျဖတ္ခဲ့ျခင္းမွာမန္ယူကစားေဖာ္မ်ားႏွင့္ျပန္လည္ဆုံစည္းလိုျခင္းေၾကာင့္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၄၆ႏွစ္ရွိဂယ္ရီနဗီးလ္ဟာ Soccer Aid ပြဲတြင္မန္ယူကစားေဖာ္မ်ားျဖစ္ၾကတဲ့ဝိန္း႐ြန္းနီ၊ေပါလ္စခိုးတို႔ႏွင့္တြဲကစားရမွာလည္းျဖစ္ပါတယ္။

ဂယ္ရီနဗီးလ္ဟာအီတီဟတ္ကြင္းမွာေနာက္ဆုံးကစားတဲ့ပြဲတုန္းကပြဲအၿပီးမွာအႏိုင္ဂိုးသြင္းခဲ့တဲ့ေပါလ္စခိုးလ္ကိုနမ္းခဲ့သူလည္းျဖစ္ပါတယ္။

ဂယ္ရီနဗီးလ္က “ယူနီဆက္ဖ္အတြက္ရန္ပုံေငြျမင့္တက္ေရးကစားတဲ့ပြဲပါ။ဒါကေတာ့ရွင္းရွင္းေလးပါပဲ။ဂယ္ရီနဗီးလ္ေဘာလုံးကစားတာကေတာ့ဘာမွစြဲမက္စရာမရွိပါဘူး။ကြၽန္ေတာ့္အသက္၃၆ႏွစ္တုန္းကေတာင္႐ုန္းကန္ခဲ့ရတာပါ။အခုကြၽန္ေတာ့္အသက္က၄၆ႏွစ္ျဖစ္ေနပါၿပီ။ၿပီးခဲ့တဲ့ဆယ္ႏွစ္အတြင္းမွာပြဲအခ်ိဳ႕ကစားေပမယ့္အၿမဲတမ္း႐ုန္းကန္ရပါတယ္။ဒီပြဲက Soccer Aid ဆယ္ႏွစ္ျပည့္ပြဲပါ။ယူနီအက္ဖ္နဲ႔လက္တြဲလုပ္ခြင့္ရတာေကာင္းပါတယ္။အစိုးရတစ္ခုကႀကီးမႉးလုပ္တာမဟုတ္ပါဘူး။ဒီပြဲကိုအၿမဲၾကည့္ျဖစ္ပါတယ္။ပါဝင္ကစားဖို႔ေတာ့မေတြးခဲ့ဖူးပါဘူး။ေနာက္ဆုံးမွာေတာ့ကြၽန္ေတာ္ဟာ႐ြန္းနီ၊စခိုးလ္တို႔နဲ႔ျပန္တြဲကစားခြင့္ရခဲ့ပါၿပီ။

အႏိုင္ရမယ့္အသင္းမွာပါဝင္ကစားဖို႔လည္းေမွ်ာ္လင့္ေနခဲ့တာပါ။အီတီဟတ္မွာေနာက္ဆုံးကစားတဲ့ေန႔တုန္းကကြၽန္ေတာ္ စခိုးလ္ကိုနမ္းခဲ့တယ္။ေကာင္းတဲ့အေတြ႕အႀကဳံလား၊ဆိုး႐ြားတဲ့အေတြ႕အႀကဳံလားမသိပါဘူး။ဒီပြဲကကြၽန္ေတာ့္ရဲ႕ကလပ္ေနာက္ဆုံးပြဲေတြထဲကတစ္ပြဲပါ။အဲဒီေနာက္ပိုင္းမွာကြၽန္ေတာ္ဟာကလပ္ပြဲေလးငါးပြဲေလာက္ပဲကစားခဲ့ပါတယ္။ေနာက္ဆုံးမိနစ္မွာဂိုးသြင္းခဲ့တာပါ။အီဗရာရဲ႕ျဖတ္တင္ေဘာကေနစခိုးလ္ကေခါင္းတိုက္ခဲ့တာ။ကြင္းစည္းအတိုင္းေျပးလႊားသြားခဲ့တယ္။အဲဒါပဲမွတ္မိတယ္။အဲဒီေနာက္အဆိုးေတြႀကဳံခဲ့ရတယ္။စီးတီးအတြက္အဂြဲ႐ိုးေနာက္ဆုံးမိနစ္ဂိုးသြင္းတဲ့အခ်ိန္မွာကြင္းထဲမွာကြၽန္ေတာ္ရွိေနခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူကစားသမားေဟာင္းသုံးဦးတို႔ဟာ၂၀၂၀ခုႏွစ္တုန္းကရႈံးနိမ့္ခဲ့တဲ့ ကမာၻ႔အသင္းကိုစေနေန႔အီတီဟတ္ပြဲစဥ္တြင္အႏိုင္ရရွိရန္ေမွ်ာ္လင့္ေနပါတယ္။

အဂၤလန္အသင္းမွာနဗီးလ္၊စခိုးလ္၊ေဒးဗစ္ဂ်ိမ္းစ္၊႐ြန္းနီ၊ကယ္လီစမစ္၊အက္ရွ္ေလကိုးလ္၊ဟတ္စကီး၊ကာေရဂါ၊ဖာရာဝီလီယမ္၊ေရွာင္႐ိုက္ဖီးလစ္၊ေဂ်မီရက္နပ္တို႔ပါဝင္ပါမယ္။အဂၤလန္အသင္းကိုအဂၤလန္နည္းျပေဟာင္းအဲရစ္ဆင္ကႀကီးၾကပ္သြားပါမယ္။

ကမာၻ႔အသင္းတြင္ဒီေဂ်ာင္၊ေရးဂစ္ဗင္း၊ကားလို႔္စ္၊ရီဗယ္ဒို၊ဇာဘလက္တာ၊အီဗရာ၊ဟူစိန္ဘို႔တို႔ပါဝင္ၿပီးေဂ်မီရက္နပ္ကႀကီးၾကပ္သြားပါမယ္။