သရဲနီတို့ ဘယ်လောက်ရှူံးထားပါစေ မကြာခင် ရလဒ်ကောင်းရမယ် ဆိုတဲ့ ဗာရန်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၈နှစ်သားဟာ နွေရာသီမှာ ယူနိုက်တက်ကို ဆန်ချို၊ ရော်နယ်ဒိုတို့နဲ့အတူ ရောက်ရှိလာခဲ့တာပါ။
ယူနိုက်တက် အသင်းကတော့ ယခုအပတ်တွေအတွင်း ရလဒ်တွေဆိုးနေခဲ့ပြီး ယန်းဘွိုင်းစ်ကို ၂-၁ဂိုးနဲ့ ရှုံးခဲ့သလို ဝက်စ်ဟမ်းကိုလည်း ရှုံးပြီး ကာရာဘောင်ကနေ ထွက်ခဲ့ရကာ ပရီးမီးယားလိဂ်မှာလည်း ဗီလာကို ရှုံးခဲ့ပါတယ်။
ယနေ့ည ဗီလာရီးရဲလ်နဲ့ ပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ နိုင်ပွဲပြန်ရှာဖို့ လိုအပ်ပြီး ဗာရန်းကတော့ ခြေစွမ်းကျဆင်းနေမှုဟာ အခိုက်အတန့်ပဲ ဖြစ်တာကြောင့် ယနေ့ည သက်သေပြနိုင်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
” ဒီပွဲမှာအနိုင်ရရင် ပြီးခဲ့တဲ့ပွဲတွေတုန်းက ကျွန်တော်တို့ရဲ့ ဆိုးရွားမှုအနည်းငယ်ကို ချေဖျက်နိုင်မယ်လို့ ယုံကြည် ထားပါတယ်။
မကြာသေးခင်ရထားတဲ့ ရလဒ်ဆိုးတွေ လည်းပျောက်သွားမှာပါ။
အကောင်းဆုံးဖြစ်အောင်လုပ် ဆောင်ဖို့ ကျွန်တော်တို့ဆီမှာ ပွဲစဉ်များစွာရှိပါသေးတယ်။
ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကိုပြသဖို့အတွက် လာမယ့်ပွဲတွေကို ကစားဖို့ မစောင်နိုင်တော့ပါ ဘူး။”
“ကျွန်တော်တို့ရဲ့လူစာရင်းမှာ မာကျောတဲ့စိတ်ဓာတ်တွေရှိ တဲ့ ကစားသမားတွေအများကြီးရှိထားပါတယ်။
ကျွန်တော်တို့ရဲ့ အရည်အသွေး နဲ့ စွမ်းဆောင်မှုအပိုင်းကို ယုံကြည်ပါတယ်။
ဖိအားနဲ့ ကစားနိုင်ခြင်းက ကျွန်တော်တို့ကို များစွာ ကူညီပေးပါလိမ့်မယ်။
နောက်ပြီး ကိုယ်ပိုင်လုပ်ငန်းစဉ်ကိုလည်း အထောက်အကူပြုပါလိမ့် မယ်။”
“ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကစားနိုင်ဖို့ ဖိအား တွေ စိတ်ထဲထားပြီး ကစားဖို့လိုအပ်ပါတယ်။
ကျွန်တော် တို့ ကစားရမယ့်ပွဲစဉ်တိုင်းဟာ အပတ်စဉ်အပတ်တိုင်း ဖိအားရှိတာကို ကျွန်တော်တို့သိပါတယ်။
ဗီလာရီးရဲလ် နဲ့ ကစားမယ့်ပွဲဟာ ကျွန်တော်တို့အတွက် မျှော်လင့်ချက် တစ်ခုလိုဖြစ်စေမယ်လို့ သိထားပါတယ်။ “ဆိုပြီး ဗာရန်းက ပြောဆိုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi