သရဲနီတို့ နှစ်ပေါင်း ၁၀၀ ကျော်ကရရှိခဲ့ဖူးတဲ့ စံချိန်ကို လိုက်မီခဲ့ပြီ

မနေ့က ဝက်စ်ဟမ်းနဲ့ပွဲမှာ ယူနိုက်တက်ဟာ အတောင့်တင်းဆုံးလူစာရင်းနဲ့ပွဲထုတ်လာခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ခဲ့တဲ့အချိန်အထိ သရေကျနေခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။အဲဒီနောက်လူစားဝင်ကစားသမားတော်မီနေးက အချိန်ပိုပထမပိုင်းမှာပဲ အသင်းအတွက်အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာဝက်စ်ဟမ်းကိုအနိုင်ရခဲ့ပြီးတဲ့နောက်နှစ်ပေါင်း၁၀၉နှစ်ကျော်ကရရှိဖူးတဲ့စံချိန်ကိုလိုက်မိသွားခဲ့ပါတယ်။ဝက်စ်ဟမ်းအသင်းကို၁ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တာဟာယူနိုက်တက်အသင်းအတွက်အက်ဖ်အေဖလားပွဲစဉ်မှာအိမ်ကွင်း၉ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ၁၉၀၈ ကနေ ၁၉၁၂ ခုနှစ်အတွင်း အိမ်ကွင်း ၉ ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ စံချိန်ကို ပြန်လည်လိုက်မီခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာအသင်းသမိုင်းတစ်လျှောက်အက်ဖ်အေဖလားပြိုင်ပွဲမှာနိုင်ပွဲရယူနိုင်မှုအချိန်အကြာဆုံးစံချိန်ကိုလိုက်မိသွားခဲ့တာပါ။ တော်မီနေးကတော့ ယူနိုက်တက်အတွက် ဒီရာသီ ၇ ဂိုးမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဆက်တိုက်ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။တော်မီနေးဟာလက်ရှိရာသီမှာယူနိုက်တက်အတွက် ပွဲပေါင်း ၃၀မှာ ၇ ဂိုးသွင်းယူပေးထားတဲ့သူဖြစ်ပါတယ်။

ကွင်းလယ်လူ တော်မီနေးဟာ သူနောက်ဆုံးကစား ခဲ့တဲ့ဆောက်သမ်တန်၊ အဲဗာတန်၊ ဝက်စ်ဟမ်း သုံးပွဲစလုံးမှာ တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်း နဲ့ပွဲစဉ်အပြီး မှာတော့ ယူနိုက် တက်ကပေးအပ်တဲ့ Man Of The Match ဆုကို တော်မီနေးကရရှိသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်စ်ဘရွန်းစ်အသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

Zawgyi

သရဲနီတို႔ ႏွစ္ေပါင္း ၁၀၀ေက်ာ္ကရရွိခဲ့ဖူးတဲ့ စံခ်ိန္ကို လိုက္မီခဲ့ၿပီ

မေန႔က ဝက္စ္ဟမ္းနဲ႔ပြဲမွာ ယူႏိုက္တက္ဟာ အေတာင့္တင္းဆုံးလူစာရင္းနဲ႔ပြဲထုတ္လာခဲ့ေပမယ့္ မိနစ္ ၉၀ ျပည့္ခဲ့တဲ့အခ်ိန္အထိ သေရက်ေနခဲ့တာေၾကာင့္ အခ်ိန္ပိုဆက္ကစားခဲ့ရပါတယ္။အဲဒီေနာက္လူစားဝင္ကစားသမားေတာ္မီေနးက အခ်ိန္ပိုပထမပိုင္းမွာပဲ အသင္းအတြက္အဖိုးတန္အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာဝက္စ္ဟမ္းကိုအႏိုင္ရခဲ့ၿပီးတဲ့ေနာက္ႏွစ္ေပါင္း၁၀၉ႏွစ္ေက်ာ္ကရရွိဖူးတဲ့စံခ်ိန္ကိုလိုက္မိသြားခဲ့ပါတယ္။ဝက္စ္ဟမ္းအသင္းကို၁ဂိုးဂိုးမရွိနဲ႔အႏိုင္ရခဲ့တာဟာယူႏိုက္တက္အသင္းအတြက္အက္ဖ္ေအဖလားပြဲစဥ္မွာအိမ္ကြင္း၉ပြဲဆက္တိုက္အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္ဟာ ၁၉၀၈ ကေန ၁၉၁၂ ခုႏွစ္အတြင္း အိမ္ကြင္း ၉ ပြဲဆက္တိုက္အႏိုင္ရခဲ့တဲ့ စံခ်ိန္ကို ျပန္လည္လိုက္မီခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာအသင္းသမိုင္းတစ္ေလွ်ာက္အက္ဖ္ေအဖလားၿပိဳင္ပြဲမွာႏိုင္ပြဲရယူႏိုင္မႈအခ်ိန္အၾကာဆုံးစံခ်ိန္ကိုလိုက္မိသြားခဲ့တာပါ။

ေတာ္မီေနးကေတာ့ ယူႏိုက္တက္အတြက္ ဒီရာသီ ၇ ဂိုးေျမာက္သြင္းဂိုးကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး ဆက္တိုက္ေျခစြမ္းျပေနတာလည္းျဖစ္ပါတယ္။ေတာ္မီေနးဟာလက္ရွိရာသီမွာယူႏိုက္တက္အတြက္ ပြဲေပါင္း ၃၀မွာ ၇ ဂိုးသြင္းယူေပးထားတဲ့သူျဖစ္ပါတယ္။ ကြင္းလယ္လူ ​ေတာ္မီေနးဟာ သူေနာက္ဆုံးကစား ခဲ့တဲ့ေဆာက္သမ္တန္၊ အဲဗာတန္၊ ဝက္စ္ဟမ္း သုံးပြဲစလုံးမွာ တစ္ဂိုးစီသြင္းယူႏိုင္ခဲ့ပါတယ္။ ဝက္စ္ဟမ္း နဲ႔ပြဲစဥ္အၿပီး မွာ​ေတာ့ ယူႏိုက္ တက္ကေပးအပ္တဲ့ Man Of The Match ဆုကို ​ေတာ္မီေနးကရရွိသြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ အက္ဖ္ေအဖလားကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ကာ လာမယ့္တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္ပြဲအျဖစ္ ဝက္စ္ဘ႐ြန္းစ္အသင္းနဲ႔ ကစားသြားရမွာျဖစ္ပါတယ္။