သရဲနီတို့ရဲ့ သမိုင်းမှာ ဘယ်တော့မှ မေ့ဖျောက်လို့မရမယ့် ပဲ့ကိုင်ရှင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၈-၅-၂၀၁၃၊ အဲဒီနေ့ရက်က ယူနိုက်တက်ပရိသတ်တွေအတွက် ဘယ်တော့မှ မေ့လို့ မရမယ့် နေ့တွေထဲမှာ အပါအ၀င်ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထ၀င်နည်းပြကြီး ဖာဂူဆန် နည်းပြလောကကနေ အနားယူဖို့ ဆုံးဖြတ်ချက်ကို အတည်ပြုထုတ်ပြန်ခဲ့တဲ့နေ့ ဖြစ်နေလို့ပါပဲ။

ယူနိုက်တက်အသင်းကို ၁၉၈၆ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး စိတ်၊ အာရုံတွေ အားလုံးကို ယူနိုက်တက်တစ်သင်းတည်းအတွက် နှစ်မြုပ်ထားခဲ့သူ။ အသင်းအတွက် နောက်ထပ် ပြန်မရနိုင်တော့တဲ့ နည်းပြတစ်ဦး။ အခုအချိန်မှာ ယူနိုက်တက်ပရိသတ်တွေ အလိုအပ်ဆုံးက ဖာဂူဆန်လို နည်းပြပါပဲ။

ပြန်တွေးကြည့်ရင်လည်း ယူနိုက်တက်အသင်းကို (၂၆)နှစ်လုံးလုံး ကိုင်တွယ်ခဲ့တဲ့ Scottish အဖိုးအိုတစ်ဦးရဲ့ စိတ်ဝိညာဉ်ထဲမှာ ကိုယ့်အိမ်လိုဖြစ်နေတဲ့အသင်း၊ ကိုယ့်သားတွေလိုဖြစ်နေတဲ့ ကစားသမားတွေကို လွယ်လွယ်နဲ့ ဘယ်စွန့်ခွာနိုင်ပါ့မလဲ။

၁၉၈၆၊ နို၀င်ဘာလ (၆)ရက်မှာ အိုးလ်ထရက်ဖို့ဒ်ဆီကို ဆာအဲလက်စ် ခြေချခွင့်ရခဲ့တယ်။ အဲဒီအချိန်တုန်းက ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတချို့က အရက်စွဲတဲ့သူကစွဲ ဖြစ်ချင်တိုင်းတွေဖြစ်နေကြတဲ့အချိန်ပါပဲ။ စကော့တွေရဲ့ သွေးက ဘယ်လောက်ရဲလဲဆိုတာ စမ်းသပ်ခံရတဲ့အချိန်လို့တောင် ပြောရမယ်။ ယူနိုက်တက်ကို ကိုင်တွယ်ပြီး နှစ်ပိုင်းအကြာမှာပဲ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။

ပရိသတ်တွေကိုယ်တိုင်က “Three years of excuses and it’s still crap … ta-ra Fergie” (၃ နှစ်အတွင်း အကြောင်းပြချက်အမျိုးမျိုးတွေ ပေးခဲ့ပြီး အခုအချိန်အထိ အသင်းက စုတ်ချာနေတုန်းပဲ။ တာ့တာ ဖာဂီရေ)ဆိုတဲ့ စာတမ်းကို အိုးလ်ထရက်ဖို့ဒ် ကွင်းထဲမှာ ချိတ်ဆွဲခဲ့တဲ့အထိ ဖာဂူဆန် ရင်ဆိုင်ခဲ့ရတဲ့ ဖိအားက ကြီးမားလွန်းတယ်။

ဒါပေမဲ့ အဲဒါတွေကို ဆာအဲလက်စ် စာမဖွဲ့ခဲ့ဘူး။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ရောက်အောင် ခေါင်းမာမာနဲ့ ဆက်လျှောက်ခဲ့ပြီး ဒီနေရာမှာ ကျေးဇူးတင်ရမှာက သူ့ကို လုံး၀ယုံကြည်ခဲ့တဲ့ အသင်းဘုတ်အဖွဲ့ပါပဲ။ တကယ်လို့သာ အဲဒီအချိန်မှာများ ဖာဂီကို ထုတ်ပယ်ခဲ့ရင် ဒီနေ့လို မန်ချက်စတာယူနိုက်တက်ဆိုတာ ရှိနိုင်ပါဦးမလား။

၁၉၈၉-၉၀ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးဆုဖလားဖြစ်တဲ့ FA ဖလားကို စတင်ရယူခဲ့ပြီးနောက်မှာတော့ ဖာဂီရဲ့ ရွှေရောင်နေ့စွဲတွေက မကြာခင်ရောက်ရှိလာပါတော့တယ်။

၁၉၉၂-၉၃ မှာ ပထမဆုံးပရီးမီးယားလိဂ်ဖလား၊ အဲဒီနောက်ပိုင်း ပြည်တွင်းချန်ပီယံဖလားတွေ တောက်လျှောက် ရယူနိုင်ခဲ့ပြီး ၁၉၉၈-၉၉ ရာသီမှာတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး၊ အင်္ဂလန်ကလပ်တွေထဲမှာ ပထမဆုံးအဖြစ် မှတ်တမ်း၀င်ခဲ့တဲ့ တစ်ရာသီအတွင်း ဆုဖလား (၃)လုံးဆိုတဲ့ အောင်မြင်မှုကို ရယူပြခဲ့တယ်။

ယူနိုက်တက်နည်းပြဘ၀ (၂၆)နှစ်အတွင်း ဖာဂီ ရယူခဲ့တဲ့ဆုဖလားအရေအတွက်က (၃၈)လုံး။ နောက်နည်းပြတွေ မယှဉ်သာအောင် လုပ်ခဲ့တာလားလို့တောင် မေးယူရမယ်။ ၂၀၁၂-၁၃ ရာသီအပြီးမှာတော့ နည်းပြဘ၀ကို ပြည်ဖုံးကားချခဲ့ပေမယ့် သူ့ရဲ့ ရင်ထဲက ယူနိုက်တက်အသင်းကို အသွေးထဲအသားထဲ ချစ်တဲ့စိတ်ကတော့ ဘယ်တော့မှ မလျော့ကျသွားခဲ့ဘူး။

သူအနားယူပြီးနောက်ပိုင်း ရိုလာကိုစတာခရီးစဉ် စတင်ခဲ့တဲ့ ယူနိုက်တက်အသင်းကို ရင်နာနာနဲ့ ကြည့်နေရတာ ဖာဂူဆန်အတွက် ဘယ်လောက်များ ခက်ခဲနေမလဲ။

ဖာဂူဆန်ဆိုတာ ကျွန်တော်တို့လို 90s Born တွေရဲ့ ရင်ထဲမှာ မန်ချက်စတာယူနိုက်တက်ကို အသည်းစွဲဖြစ်အောင် ရိုက်သွင်းပေးခဲ့သူ၊ ယူနိုက်တက်အသင်းကို ဖီးနစ်ငှက်တစ်ကောင်လို ပြန်လည်ရှင်သန်နိုင်အောင် မွေးဖွားပေးခဲ့တဲ့ လက်တစ်စုံပိုင်ရှင်၊ အသင်းသမိုင်းတစ်လျှောက် သူ့လို နည်းပြမျိုး ထပ်မရှိနိုင်အောင် လုပ်ပြခဲ့သူ စတဲ့ စတဲ့ ဂုဏ်ပုဒ်တွေ အများကြီးပါပဲ။

နည်းပြလောကကနေ ဖာဂူဆန်အနားယူခဲ့တာက ယူနိုက်တက်အသင်းအတွက် ကံဆိုးမှုတွေ ၀င်လာဖို့ တံခါးဖွင့်လိုက်တာလို့ ပြောရမယ်။ ဖာဂူဆန် မရှိတော့ကတည်းက ယူနိုက်တက်အသင်းဟာ နည်းပြအဆက်ဆက် လက်ထက်မှာ ဖရိုဖရဲ၊ စုစည်းမှုမရှိ၊ ဦးဆောင်မယ့်သူ မရှိ စတဲ့ စတဲ့ မရှိခြင်းပေါင်းများစွာနဲ့အတူ ရုန်းကန်နေရပါပြီ။ ၈-၅-၂၀၁၃ နေ့ကတော့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကံဆိုးမှုတွေ စတင်မွေးဖွားခဲ့တဲ့ နေ့လို့ပဲ ပြောရတော့မှာပဲဖြစ်ပါတယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သရဲနီတို႔ရဲ႕ သမိုင္းမွာ ဘယ္ေတာ့မွ ေမ့ေဖ်ာက္လို႔မရမယ့္ ပဲ့ကိုင္ရွင္

၈-၅-၂၀၁၃၊ အဲဒီေန႔ရက္က ယူႏိုက္တက္ပရိသတ္ေတြအတြက္ ဘယ္ေတာ့မွ ေမ့လို႔ မရမယ့္ ေန႔ေတြထဲမွာ အပါအ၀င္ျဖစ္လိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၴ၀င္နည္းျပႀကီး ဖာဂူဆန္ နည္းျပေလာကကေန အနားယူဖို႔ ဆုံးျဖတ္ခ်က္ကို အတည္ျပဳထုတ္ျပန္ခဲ့တဲ့ေန႔ ျဖစ္ေနလို႔ပါပဲ။ ယူႏိုက္တက္အသင္းကို ၁၉၈၆ ကေန ၂၀၁၃ ခုႏွစ္အထိ ကိုင္တြယ္ခဲ့ၿပီး စိတ္၊ အာ႐ုံေတြ အားလုံးကို ယူႏိုက္တက္တစ္သင္းတည္းအတြက္ ႏွစ္ျမဳပ္ထားခဲ့သူ။ အသင္းအတြက္ ေနာက္ထပ္ ျပန္မရႏိုင္ေတာ့တဲ့ နည္းျပတစ္ဦး။ အခုအခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြ အလိုအပ္ဆုံးက ဖာဂူဆန္လို နည္းျပပါပဲ။

ျပန္ေတြးၾကည့္ရင္လည္း ယူႏိုက္တက္အသင္းကို (၂၆)ႏွစ္လုံးလုံး ကိုင္တြယ္ခဲ့တဲ့ Scottish အဖိုးအိုတစ္ဦးရဲ႕ စိတ္ဝိညာဥ္ထဲမွာ ကိုယ့္အိမ္လိုျဖစ္ေနတဲ့အသင္း၊ ကိုယ့္သားေတြလိုျဖစ္ေနတဲ့ ကစားသမားေတြကို လြယ္လြယ္နဲ႔ ဘယ္စြန္႔ခြာႏိုင္ပါ့မလဲ။

၁၉၈၆၊ ႏို၀င္ဘာလ (၆)ရက္မွာ အိုးလ္ထရက္ဖို႔ဒ္ဆီကို ဆာအဲလက္စ္ ေျခခ်ခြင့္ရခဲ့တယ္။ အဲဒီအခ်ိန္တုန္းက ယူႏိုက္တက္အသင္းရဲ႕ အဓိက ကစားသမားတခ်ိဳ႕က အရက္စြဲတဲ့သူကစြဲ ျဖစ္ခ်င္တိုင္းေတြျဖစ္ေနၾကတဲ့အခ်ိန္ပါပဲ။ စေကာ့ေတြရဲ႕ ေသြးက ဘယ္ေလာက္ရဲလဲဆိုတာ စမ္းသပ္ခံရတဲ့အခ်ိန္လို႔ေတာင္ ေျပာရမယ္။ ယူႏိုက္တက္ကို ကိုင္တြယ္ၿပီး ႏွစ္ပိုင္းအၾကာမွာပဲ ရလဒ္ဆိုးေတြေၾကာင့္ ဖိအားေတြ အမ်ားႀကီး ရင္ဆိုင္ခဲ့ရတယ္။ ပရိသတ္ေတြကိုယ္တိုင္က “Three years of excuses and it’s still crap … ta-ra Fergie” (၃ ႏွစ္အတြင္း အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေတြ ေပးခဲ့ၿပီး အခုအခ်ိန္အထိ အသင္းက စုတ္ခ်ာေနတုန္းပဲ။ တာ့တာ ဖာဂီေရ)ဆိုတဲ့ စာတမ္းကို အိုးလ္ထရက္ဖို႔ဒ္ ကြင္းထဲမွာ ခ်ိတ္ဆြဲခဲ့တဲ့အထိ ဖာဂူဆန္ ရင္ဆိုင္ခဲ့ရတဲ့ ဖိအားက ႀကီးမားလြန္းတယ္။

ဒါေပမဲ့ အဲဒါေတြကို ဆာအဲလက္စ္ စာမဖြဲ႕ခဲ့ဘူး။ ကိုယ္သြားခ်င္တဲ့ လမ္းေၾကာင္းကို ေရာက္ေအာင္ ေခါင္းမာမာနဲ႔ ဆက္ေလွ်ာက္ခဲ့ၿပီး ဒီေနရာမွာ ေက်းဇူးတင္ရမွာက သူ႔ကို လုံး၀ယုံၾကည္ခဲ့တဲ့ အသင္းဘုတ္အဖြဲ႕ပါပဲ။ တကယ္လို႔သာ အဲဒီအခ်ိန္မွာမ်ား ဖာဂီကို ထုတ္ပယ္ခဲ့ရင္ ဒီေန႔လို မန္ခ်က္စတာယူႏိုက္တက္ဆိုတာ ရွိႏိုင္ပါဦးမလား။ ၁၉၈၉-၉၀ ယူႏိုက္တက္နည္းျပဘ၀ ပထမဆုံးဆုဖလားျဖစ္တဲ့ FA ဖလားကို စတင္ရယူခဲ့ၿပီးေနာက္မွာေတာ့ ဖာဂီရဲ႕ ေ႐ႊေရာင္ေန႔စြဲေတြက မၾကာခင္ေရာက္ရွိလာပါေတာ့တယ္။

၁၉၉၂-၉၃ မွာ ပထမဆုံးပရီးမီးယားလိဂ္ဖလား၊ အဲဒီေနာက္ပိုင္း ျပည္တြင္းခ်န္ပီယံဖလားေတြ ေတာက္ေလွ်ာက္ ရယူႏိုင္ခဲ့ၿပီး ၁၉၉၈-၉၉ ရာသီမွာေတာ့ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံး၊ အဂၤလန္ကလပ္ေတြထဲမွာ ပထမဆုံးအျဖစ္ မွတ္တမ္း၀င္ခဲ့တဲ့ တစ္ရာသီအတြင္း ဆုဖလား (၃)လုံးဆိုတဲ့ ေအာင္ျမင္မႈကို ရယူျပခဲ့တယ္။

ယူႏိုက္တက္နည္းျပဘ၀ (၂၆)ႏွစ္အတြင္း ဖာဂီ ရယူခဲ့တဲ့ဆုဖလားအေရအတြက္က (၃၈)လုံး။ ေနာက္နည္းျပေတြ မယွဥ္သာေအာင္ လုပ္ခဲ့တာလားလို႔ေတာင္ ေမးယူရမယ္။ ၂၀၁၂-၁၃ ရာသီအၿပီးမွာေတာ့ နည္းျပဘ၀ကို ျပည္ဖုံးကားခ်ခဲ့ေပမယ့္ သူ႔ရဲ႕ ရင္ထဲက ယူႏိုက္တက္အသင္းကို အေသြးထဲအသားထဲ ခ်စ္တဲ့စိတ္ကေတာ့ ဘယ္ေတာ့မွ မေလ်ာ့က်သြားခဲ့ဘူး။ သူအနားယူၿပီးေနာက္ပိုင္း ႐ိုလာကိုစတာခရီးစဥ္ စတင္ခဲ့တဲ့ ယူႏိုက္တက္အသင္းကို ရင္နာနာနဲ႔ ၾကည့္ေနရတာ ဖာဂူဆန္အတြက္ ဘယ္ေလာက္မ်ား ခက္ခဲေနမလဲ။

ဖာဂူဆန္ဆိုတာ ကြၽန္ေတာ္တို႔လို 90s Born ေတြရဲ႕ ရင္ထဲမွာ မန္ခ်က္စတာယူႏိုက္တက္ကို အသည္းစြဲျဖစ္ေအာင္ ႐ိုက္သြင္းေပးခဲ့သူ၊ ယူႏိုက္တက္အသင္းကို ဖီးနစ္ငွက္တစ္ေကာင္လို ျပန္လည္ရွင္သန္ႏိုင္ေအာင္ ေမြးဖြားေပးခဲ့တဲ့ လက္တစ္စုံပိုင္ရွင္၊ အသင္းသမိုင္းတစ္ေလွ်ာက္ သူ႔လို နည္းျပမ်ိဳး ထပ္မရွိႏိုင္ေအာင္ လုပ္ျပခဲ့သူ စတဲ့ စတဲ့ ဂုဏ္ပုဒ္ေတြ အမ်ားႀကီးပါပဲ။ နည္းျပေလာကကေန ဖာဂူဆန္အနားယူခဲ့တာက ယူႏိုက္တက္အသင္းအတြက္ ကံဆိုးမႈေတြ ၀င္လာဖို႔ တံခါးဖြင့္လိုက္တာလို႔ ေျပာရမယ္။ ဖာဂူဆန္ မရွိေတာ့ကတည္းက ယူႏိုက္တက္အသင္းဟာ နည္းျပအဆက္ဆက္ လက္ထက္မွာ ဖ႐ိုဖရဲ၊ စုစည္းမႈမရွိ၊ ဦးေဆာင္မယ့္သူ မရွိ စတဲ့ စတဲ့ မရွိျခင္းေပါင္းမ်ားစြာနဲ႔အတူ ႐ုန္းကန္ေနရပါၿပီ။ ၈-၅-၂၀၁၃ ေန႔ကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ကံဆိုးမႈေတြ စတင္ေမြးဖြားခဲ့တဲ့ ေန႔လို႔ပဲ ေျပာရေတာ့မွာပဲျဖစ္ပါတယ္…