

မန်ယူနဲ့စပါးတွေ့ဆုံပွဲဟာ အသင်းနှစ်ခုစလုံးအတွက်သာမက နည်းပြနှစ်ယောက်စလုံးအတွက် အမှတ်ရစရာတွေဖြစ်ခဲ့ပါတယ်။ ပွဲမစခင်တုန်းကတော့ မော်ရင်ဟိုတစ်ယောက်အသာစီးရနိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သရဲနီတို့ကပဲအောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ စပါးနဲ့ပွဲမှာ သရဲနီကစားသမားတွေဟာ ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့စိတ်ဓာတ်တွေပြန်လည်တက်ကြွလာခဲ့ရပါတယ်။ အဲဒီပွဲက သရဲနီတို့ရဲ့ အမိုက်စားကိန်းဂဏန်းတွေကို ဖော်ပြပေးပါမယ်။

နောက်တန်းခံတပ်ကြီး ဒီဂီယာကတော့ 10 မှတ်မှာ 7 မှတ်ရထားပါတယ်။ တစ်ဖက်အသင်းက အပိုင်ကန်ချက်တွေကို ခုခံကာကွယ်နိုင်ခဲ့သလို၊ တဖက်စပါးအသင်းဂိုးများများစားစားမသွင်းနိုင်အောင်လည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အာရွမ်ဝမ်ဘစ်ဆာကာ ကတော့ 6 မှတ်ရပါတယ်။ ဖြတ်တင်ဘောအနေအ ထားမှာလိုအပ်ချက်တွေရှိသေးပေမယ့် ခြေစွမ်းအနေအထားမဆိုးဘူးလို့ပြောရမှာပါ။

လင်ဒီလောဖ့်ကတော့ 8 မှတ်တောင်ရထားပါတယ်။ ဒီရာသီမှာပထမဆုံးဂိုးရထားပြီးတော့ စပါးရဲ့တိုက်စစ်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယားကတော့ အမှားတစ်ခုဖြစ်ခဲ့တာကြောင့် 7 မှတ်သာရခဲ့ပါတယ်။ ကောင်းမွန်တဲ့ပံ့ပိုးမှုတွေလုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် အက်ရှလေယန်း လည်း 7 မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။

အားစိုက်ထုတ်မှုတွေရှိခဲ့တဲ့ တော်မီနေးက 8 မှတ်ရပါတယ်။ မန်ယူအတွက်လွမ်းရကျိုးနပ်စေတဲ့ ကစားသမားတစ်ယောက်ပါ။ ဖရဒ်တစ်ယောက်လည်း မဆိုးပါဘူး။ ခြေစွမ်းမနိမ့်တာကြောင့် အမှတ် 8 မှတ်တောင်ရပါတယ်။ ဂျက်ဆီလင်ဂါဒ့်တစ်ယောက်ကတော့ အာရွမ်ဝမ်ဘစ်ဆာကာလိုပါပဲ 6 မှတ်သာရပါတယ်။ မာတာနေရာကို ဝင်ရောက်ကစားခဲ့ပြီးတော့ ပထမဂိုးမှာ သူ့ရဲ့အားထုတ်မှုတွေပါပါတယ်။

မာစီရယ် အစားဝင်ကစားရတဲ့ မေဆင်ဂရင်းဝုဒ်ကတော့ တိုက်စစ်အတွက်လှုပ်ရှားမှုကောင်းသလို၊ မားကပ်စ်အတွက် နေရာတွေဖန်တီးပေးနိုင်ခဲ့တာကြောင့် 7 မှတ်ရပါတယ်။အရွယ်နဲ့မလိုက်အောင်စပါး အသင်းကို အခက်အခဲဖြစ်စေခဲ့တဲ့ ဒယ်နီရယ်ဂျိမ်းဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဝေလ်းနယ်သား ချာတိတ်လေးဟာ 9 မှတ်တောင်ရယူနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာအကောင်းတကာတို့ရဲ့ထိပ်အကောင်းဆုံးကစားသမားကတော့ မားကပ်စ်ရရ်ှဖိုဒ့်ပါ။ သွင်းဂိုးဘုရင်လို့ခေါ်ထိုက်တဲ့ အဲဒီကစားသမားဟာ ပထမဂိုးမှာ ကန်ချက်ပြင်းပြင်းနဲ့ ကြည့်ရှုသူတွေကို ဝမ်းသာစေခဲ့ပါတယ်။ ပင်နယ်တီကိုလည်းတည်တည်ငြိမ်ငြိမ်ကန်နိုင်ခဲ့တဲ့ သူဟာ နောက်ဆုံး 13ပွဲမှာ 12ဂိုးထိသွင်းထားနိုင်ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့သရဲနီအသင်းဟာ ပြီးခဲ့တဲ့စပါးပွဲလိုသာ အားထုတ်ကြိုးပမ်းမှုတွေဆက်လက်လုပ်ဆောင်မယ်၊လိုအပ်ချက်တွေဖြည့်တင်းမယ်ဆိုရင် အနီရောင်တွေက ပြန်လည်ပြီးလင်းလက်တောက်ပလာမှာပါ။

(Zawgyi Version)
သရဲနီတို႔ရဲ႕အလန္းစား ကိန္းဂဏန္းမ်ား
မန္ယူနဲ႔စပါးေတြ႕ဆုံပြဲဟာ အသင္းႏွစ္ခုစလုံးအတြက္သာမက နည္းျပႏွစ္ေယာက္စလုံးအတြက္ အမွတ္ရစရာေတြျဖစ္ခဲ့ပါတယ္။ ပြဲမစခင္တုန္းကေတာ့ ေမာ္ရင္ဟုိတစ္ေယာက္အသာစီးရႏိုင္တယ္လုိ႔ ထင္ခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ သရဲနီတို႔ကပဲေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။ စပါးနဲ႔ပြဲမွာ သရဲနီကစားသမားေတြဟာ ေကာင္းမြန္တဲ့ေျခစြမ္းေတြကိုျပသႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕စိတ္ဓာတ္ေတြျပန္လည္တက္ၾကြလာခဲ့ရပါတယ္။ အဲဒီပြဲက သရဲနီတို႔ရဲ႕ အမိုက္စားကိန္းဂဏန္းေတြကို ေဖာ္ျပေပးပါမယ္။
ေနာက္တန္းခံတပ္ႀကီး ဒီဂီယာကေတာ့ 10 မွတ္မွာ 7 မွတ္ရထားပါတယ္။ တစ္ဖက္အသင္းက အပိုင္ကန္ခ်က္ေတြကို ခုခံကာကြယ္ႏိုင္ခဲ့သလုိ၊ တဖက္စပါးအသင္းဂိုးမ်ားမ်ားစားစားမသြင္းႏိုင္ေအာင္လည္း လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အာရြမ္၀မ္ဘစ္ဆာကာ ကေတာ့ 6 မွတ္ရပါတယ္။ ျဖတ္တင္ေဘာအေနအထားမွာလိုအပ္ခ်က္ေတြရိွေသးေပမယ့္ ေျခစြမ္းအေနအထားမဆိုးဘူးလို႔ေျပာရမွာပါ။
လင္ဒီေလာဖ့္ကေတာ့ 8 မွတ္ေတာင္ရထားပါတယ္။ ဒီရာသီမွာပထမဆုံးဂိုးရထားၿပီးေတာ့ စပါးရဲ႕တိုက္စစ္ကို အေကာင္းဆုံးကာကြယ္ႏိုင္ခဲ့ပါတယ္။ မက္ဂိြဳင္းယားကေတာ့ အမွားတစ္ခုျဖစ္ခဲ့တာေၾကာင့္ 7 မွတ္သာရခဲ့ပါတယ္။ ေကာင္းမြန္တဲ့ပ့ံပိုးမႈေတြလုပ္ေဆာင္ေပးႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ အက္ရွေလယန္း လည္း 7 မွတ္နဲ႔သာေက်နပ္ခဲ့ရပါတယ္။
အားစိုက္ထုတ္မႈေတြရိွခဲ့တဲ့ ေတာ္မီေနးက 8 မွတ္ရပါတယ္။ မန္ယူအတြက္လြမ္းရက်ဳိးနပ္ေစတဲ့ ကစားသမားတစ္ေယာက္ပါ။ ဖရဒ္တစ္ေယာက္လည္း မဆုိးပါဘူး။ ေျခစြမ္းမနိမ့္တာေၾကာင့္ အမွတ္ 8 မွတ္ေတာင္ရပါတယ္။ ဂ်က္ဆီလင္ဂါဒ့္တစ္ေယာက္ကေတာ့ အာရြမ္၀မ္ဘစ္ဆာကာလိုပါပဲ 6 မွတ္သာရပါတယ္။ မာတာေနရာကို ၀င္ေရာက္ကစားခဲ့ၿပီးေတာ့ ပထမဂိုးမွာ သူ႔ရဲ႕အားထုတ္မႈေတြပါပါတယ္။
မာစီရယ္ အစား၀င္ကစားရတဲ့ ေမဆင္ဂရင္း၀ုဒ္ကေတာ့ တိုက္စစ္အတြက္လႈပ္ရွားမႈေကာင္းသလို၊ မားကပ္စ္အတြက္ ေနရာေတြဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ 7 မွတ္ရပါတယ္။အရြယ္န႔ဲမလုိက္ေအာင္စပါး အသင္းကို အခက္အခဲျဖစ္ေစခဲ့တဲ့ ဒယ္နီရယ္ဂ်ိမ္းဟာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ေ၀လ္းနယ္သားခ်ာတိတ္ေလးဟာ 9 မွတ္ေတာင္ရယူႏိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာအေကာင္းတကာတို႔ရဲ႕ထိပ္အေကာင္းဆုံးကစားသမားကေတာ့ မားကပ္စ္ရရ္ွဖိုဒ့္ပါ။ သြင္းဂုိးဘုရင္လို႔ေခၚထိုက္တဲ့ အဲဒီကစားသမားဟာ ပထမဂိုးမွာ ကန္ခ်က္ျပင္းျပင္းနဲ႔ ၾကည့္ရႈသူေတြကို ၀မ္းသာေစခဲ့ပါတယ္။ ပင္နယ္တီကိုလည္းတည္တည္ၿငိမ္ၿငိမ္ကန္ႏိုင္ခဲ့တဲ့ သူဟာ ေနာက္ဆုံး 13ပြဲမွာ 12ဂိုးထိသြင္းထားႏိုင္ပါတယ္။ နည္းျပဆုိးလ္ရွားရဲ႕သရဲနီအသင္းဟာ ၿပီးခဲ့တဲ့စပါးပြဲလုိသာ အားထုတ္ႀကိဳးပမ္းမႈေတြဆက္လက္လုပ္ေဆာင္မယ္၊လုိအပ္ခ်က္ေတြျဖည့္တင္းမယ္ဆိုရင္ အနီေရာင္ေတြက ျပန္လည္ၿပီးလင္းလက္ေတာက္ပလာမွာပါ။