သရဲနီတပ်သားသစ်လေး ဘရူနို ဖာနန်ဒက်စ်ရဲ့နှုတ်ဆက်စကား

photo internet

နွေရာသီ ကတည်းက စောင့်မျှော် နေခဲ့ ရတဲ့ စပို့တင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ ဆောင်းရာသီ ဈေးကွက် ပိတ်သိမ်းဖို့ ၂ ရက် အလိုမှာမှ ယူနိုက်တက် ကစား သမား ဖြစ်လာခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဖာနန်ဒက်စ် အတွက် ယူရို ၅၅ သန်း ပေးချေ ခဲ့ရပြီး နောက်ထပ် ယူရို ၂၅ သန်း ကို အပို ဆု ကြေး အဖြစ် ထပ်မံ ပေးအပ် ရမှာ ဖြစ်ပါတယ် ။ယူနိုက်တက် ဟာ အကျိုးဆောင်ခ အဖြစ် အေးဂျင့် ဂျော့ မန်ဒက်စ် ကို ပေါင် ၄.၆ သန်း ပေးချေ ခဲ့ရတယ် လို့ သိရပြီး၊ ယူနိုက်တက် ဟာ ဘရူနို ဖာနန်ဒက်စ် ကို အသင်း တစ်သင်းသင်းထံ ပြန်လည် ရောင်းချ ခဲ့ပါက ပြောင်းရွှေ့ကြေး ရဲ့ ၁၀% ကို စပို့တင်း လစ္စဘွန်း အသင်းက ရရှိ မှာပဲ ဖြစ် ပါတယ် ။ ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် မှာ တစ်ပတ် လုပ်ခ ပေါင် 7 သောင်း နဲ့ စတင် မှာ ဖြစ်ပြီး ၄ နှစ် စာချုပ် ချုပ်ဆိုခဲ့ တယ်လို့ သိရပါတယ်။

photo internet

ဖာနန်ဒက်စ် ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ မှာ စပို့တင်း အတွက် ပြိုင်ပွဲစုံ ၃၁ ဂိုး သွင်းယူ ပေးခဲ့ပြီး တစ်ရာသီ အတွင်းမှာ ဂိုး အများဆုံး သွင်းယူနိုင်တဲ့ ပေါ်တူဂီ ကစား သမား အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင် ခဲ့ ပါတယ် ။ အဆိုပါ ရာသီ မှာလည်း ဖာနန်ဒက်စ် ဟာ ပေါ်တူဂီ လိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမားဆု ကို ၂ နှစ်ဆက်တိုက် အဖြစ် ရယူနိုင်ခဲ့ပြန် ပါတယ် ။ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီခဲ့ပြီးနောက် ဘရူနိုဖာနန်ဒက်ဟာ စပို့တင်းလစ်စဘွန်းအသင်းက သက်ဆိုင်သူအားလုံးကို နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

photo internet

အသက်၂၅နှစ်အရွယ် ဘရူနိုဖာနန်ဒက်ဟာ ဗီဒီယိုဖိုင်တစ်ခုကို စပို့တင်းအသင်းရဲ့ တရားဝင်ဝက်ဆိုဒ်မှာတင်ခဲ့ပြီး ပရိတ်သတ်များကို နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာ “ဟဲလို ပရိတ်သတ်တို့ရေ၊မကြာခင်ပြန်တွေ့ကြမယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်ခင်ဗျားတို့ရဲ့ပွဲစဉ်တွေကို ကြည့်နေမှာပါ။ အခုလိုခင်ဗျာတို့နဲ့ဆုံခဲ့ရတာအတွက် ဝမ်းသာရပါတယ်။ ကျွန်တော်မကြာခင်မှာအသင်းကနေ ထွက်ခွာ တော့မှာပါ။ ဒါကြောင့် ကျွန်တော်အားလုံးကို နှုတ်ဆက်ပါတယ်”ဆိုပြီးပြောထားပါတယ်။

photo internet

လက်ရှိအချိန်မှာတော့ ဘရူနိုဖာနန်ဒက်ဟာ ယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှုပြုလုပ်ဖို့ သွားနေပါတယ်။ ကိုယ်ပိုင်လေယာဉ်ဘေးမှာ မိသားစုနဲ့အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေတဲ့ ဖာနန်ဒက်ရဲ့ပုံကို ဖာနန်ဒက်ရဲ့အေဂျင့်က ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်ဟာ နည်းပြဆိုးလ်ရှား လက်ထက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စတုတ္ထမြောက်ကစားသမားဝယ်ယူမှုဖြစ်ပါ တယ်။ဘရူနို ဖာနန်ဒက်စ် ဟာ ကွင်းလယ် တိုက်စစ် သမား အဖြစ် အများဆုံး ကစား သလို ကွင်းလယ် ဗဟိုလူ ၊ ကွင်းလယ် ညာတောင်ပံ အဖြစ် လည်း ကစားနိုင် ပါတယ် ။ ဖာနန်ဒက်စ် ဟာ တိကျသေသပ်တဲ့ ပေးပို့ မှုတွေ ၊ ဖန်တီးပေးမှုတွေ ပြုလုပ် နိုင်သလို အဝေးကန်ချက် တွေ ၊ တည်ကန်ဘောတွေ ကနေ လည်း သွင်းဂိုးတွေ ကို ရှာဖွေ ပေးနိုင် ပါတယ် ။ မန်စီးတီးနဲ့ပွဲမှာ နှစ်ဝါတစ်နီထိပြီးကွင်းထဲကထွက်သွားရတဲ့ မာတစ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို ပွဲပယ်ရမှာဖြစ်ပြီး၊ ဝုဗ်လ်နဲ့ပွဲမှာ ပါဝင်ခွင့်ရဖွယ်မရှိဘူးလို့ သိရပါတယ်။ ယူနိုက်တက်မှာလည်းဒဏ်ရာရ ကစားသမားအင်အားမနည်းတာကြောင့် အသစ်ရောက်လာမယ့် ဖာနန်ဒက်စ်ပွဲထွက်မှာကို ပရိသတ်တွေကစောင့်မျှော်နေကြပါတယ်။ ဒါကြောင့် ဝုဗ်လ်နဲ့ပွဲမှာ ဖာနန်ဒက်စ်ပွဲထွက်လာမှာလားဆိုပြီး ယူနိုက်တက်ပရိသတ်တွေကမျှော်လင့်နေကြပါတယ်။

photo internet

ဖာနန်ဒက်စ်ယူနိုက်တက်ကိုရောက်လာမှာနဲ့ပတ်သက်ပြီးတော့ ယူနိုက်တက် ကွင်းလယ်လူဟောင်းဖြစ်သူ ဒါရင်းဖလက်ချာကအခုလိုပြောထားပါတယ်။ “သူက သူရဲ့ခြေထောက်တွေအပေါ် အကြောက်အရွံ့မရှိကစားတတ်ပြီး စွမ်းအင်တွေအများကြီး ပြသထားတဲ့ကစားသမားတစ်ယောက်ပါ။ဒါကြောင့် ဆိုးလ်ရှားလိုချင်တဲ့ ယူနိုက်တက်ကစားသမားဖြစ်ဖို့ အံဝင်ပါလိမ့်မယ်။ တိုက်စစ်မှူးတွေအတွက် သူ့ ဆီက ဖန်တီးမှုတွေကို ကျွန်တော်တို့မျှော်လင့်ကြရအောင်ပါ။”ဆိုပြီးပြောထားပါတယ်။ အချို့ကတော့ ဖာနန်ဒက်စ်ဟာမျက်လှည့် ပညာရှင်မဟုတ် တာကြောင့် သူရောက်လာလည်းယူနိုက်တက်အနေအထား ရုတ်တရက် အပြောင်းအလဲမဖြစ်နိုင်ဘူး လို့မှတ်ချက်ပြုထားပါတယ်။ ဖာနန်ဒက်စ်ရောက်လာချိန်မှာ ယူနိုက်တက်အသင်းဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့် အားပေးကြရအောင်ပါ။

photo internet

(Zawgyi Version)

သရဲနီတပ္သားသစ္ေလး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ႏႈတ္ဆက္စကား

ေႏြရာသီ ကတည္းက ေစာင့္ေမွ်ာ္ ေနခဲ့ ရတဲ့ စပို႔တင္း ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ ေဆာင္းရာသီ ေဈးကြက္ ပိတ္သိမ္းဖို႔ ၂ ရက္ အလိုမွာမွ ယူႏိုက္တက္ ကစား သမား ျဖစ္လာခဲ့ ပါတယ္ ။ ယူႏိုက္တက္ ဟာ ဖာနန္ဒက္စ္ အတြက္ ယူ႐ို ၅၅ သန္း ေပးေခ် ခဲ့ရၿပီး ေနာက္ထပ္ ယူ႐ို ၂၅ သန္း ကို အပို ဆု ေၾကး အျဖစ္ ထပ္မံ ေပးအပ္ ရမွာ ျဖစ္ပါတယ္ ။ယူႏိုက္တက္ ဟာ အက်ိဳးေဆာင္ခ အျဖစ္ ေအးဂ်င့္ ေဂ်ာ့ မန္ဒက္စ္ ကို ေပါင္ ၄.၆ သန္း ေပးေခ် ခဲ့ရတယ္ လို႔ သိရၿပီး၊ ယူႏိုက္တက္ ဟာ ဘ႐ူႏို ဖာနန္ဒက္စ္ ကို အသင္း တစ္သင္းသင္းထံ ျပန္လည္ ေရာင္းခ် ခဲ့ပါက ေျပာင္းေ႐ႊ႕ေၾကး ရဲ႕ ၁၀% ကို စပို႔တင္း လစၥဘြန္း အသင္းက ရရွိ မွာပဲ ျဖစ္ ပါတယ္ ။ ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ မန္ခ်က္စတာ ယူႏိုက္တက္ မွာ တစ္ပတ္ လုပ္ခ ေပါင္ 7 ေသာင္း နဲ႔ စတင္ မွာ ျဖစ္ၿပီး ၄ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ တယ္လို႔ သိရ ပါတယ္ ။

ဖာနန္ဒက္စ္ ဟာ ၂၀၁၈-၂၀၁၉ ေဘာလုံးရာသီ မွာ စပို႔တင္း အတြက္ ၿပိဳင္ပြဲစုံ ၃၁ ဂိုး သြင္းယူ ေပးခဲ့ၿပီး တစ္ရာသီ အတြင္းမွာ ဂိုး အမ်ားဆုံး သြင္းယူႏိုင္တဲ့ ေပၚတူဂီ ကစား သမား အျဖစ္ မွတ္တမ္းသစ္ ေရးထိုးႏိုင္ ခဲ့ ပါတယ္ ။ အဆိုပါ ရာသီ မွာလည္း ဖာနန္ဒက္စ္ ဟာ ေပၚတူဂီ လိဂ္ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစား သမားဆု ကို ၂ ႏွစ္ဆက္တိုက္ အျဖစ္ ရယူႏိုင္ခဲ့ျပန္ ပါတယ္ ။ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔သေဘာတူညီခဲ့ၿပီးေနာက္ ဘ႐ူႏိုဖာနန္ဒက္ဟာ စပို႔တင္းလစ္စဘြန္းအသင္းက သက္ဆိုင္သူအားလုံးကို ႏႈတ္ဆက္စကားဆိုခဲ့ပါတယ္။
အသက္၂၅ႏွစ္အ႐ြယ္ ဘ႐ူႏိုဖာနန္ဒက္ဟာ ဗီဒီယိုဖိုင္တစ္ခုကို စပို႔တင္းအသင္းရဲ႕ တရားဝင္ဝက္ဆိုဒ္မွာတင္ခဲ့ၿပီး ပရိတ္သတ္မ်ားကို ႏႈတ္ဆက္ခဲ့ပါတယ္။ အဲဒီဗီဒီယိုဖိုင္ထဲမွာ “ဟဲလို ပရိတ္သတ္တို႔ေရ၊မၾကာခင္ျပန္ေတြ႕ၾကမယ္လို႔ ေျပာခ်င္ပါတယ္။ ကြၽန္ေတာ္ခင္ဗ်ားတို႔ရဲ႕ပြဲစဥ္ေတြကို ၾကည့္ေနမွာပါ။ အခုလိုခင္ဗ်ာတို႔နဲ႔ဆုံခဲ့ရတာအတြက္ ဝမ္းသာရပါတယ္။ ကြၽန္ေတာ္မၾကာခင္မွာအသင္းကေန ထြက္ခြာ ေတာ့မွာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္အားလုံးကို ႏႈတ္ဆက္ပါတယ္”ဆိုၿပီးေျပာထားပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဘ႐ူႏိုဖာနန္ဒက္ဟာ ယူႏိုက္တက္အသင္းရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ေဆးစစ္မႈျပဳလုပ္ဖို႔ သြားေနပါတယ္။ ကိုယ္ပိုင္ေလယာဥ္ေဘးမွာ မိသားစုနဲ႔အတူ မွတ္တမ္းတင္ဓာတ္ပုံ ႐ိုက္ကူးေနတဲ့ ဖာနန္ဒက္ရဲ႕ပုံကို ဖာနန္ဒက္ရဲ႕ေအဂ်င့္က ဆိုရွယ္မီဒီယာမွာ ေဖာ္ျပခဲ့ပါတယ္။ဘ႐ူႏိုဖာနန္ဒက္ဟာ နည္းျပဆိုးလ္ရွား လက္ထက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စတုတၳေျမာက္ကစားသမားဝယ္ယူမႈျဖစ္ပါတယ္။
ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ ကြင္းလယ္ တိုက္စစ္ သမား အျဖစ္ အမ်ားဆုံး ကစား သလို ကြင္းလယ္ ဗဟိုလူ ၊ ကြင္းလယ္ ညာေတာင္ပံ အျဖစ္ လည္း ကစားႏိုင္ ပါတယ္ ။ ဖာနန္ဒက္စ္ ဟာ တိက်ေသသပ္တဲ့ ေပးပို႔ မႈေတြ ၊ ဖန္တီးေပးမႈေတြ ျပဳလုပ္ ႏိုင္သလို အေဝးကန္ခ်က္ ေတြ ၊ တည္ကန္ေဘာေတြ ကေန လည္း သြင္းဂိုးေတြ ကို ရွာေဖြ ေပးႏိုင္ ပါတယ္ ။ မန္စီးတီးနဲ႔ပြဲမွာ ႏွစ္ဝါတစ္နီထိၿပီးကြင္းထဲကထြက္သြားရတဲ့ မာတစ္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲကို ပြဲပယ္ရမွာျဖစ္ၿပီး၊ ဝုဗ္လ္နဲ႔ပြဲမွာ ပါဝင္ခြင့္ရဖြယ္မရွိဘူးလို႔ သိရပါတယ္။ ယူႏိုက္တက္မွာလည္းဒဏ္ရာရ ကစားသမားအင္အားမနည္းတာေၾကာင့္ အသစ္ေရာက္လာမယ့္ ဖာနန္ဒက္စ္ပြဲထြက္မွာကို ပရိသတ္ေတြကေစာင့္ေမွ်ာ္ေနၾကပါတယ္။ ဒါေၾကာင့္ ဝုဗ္လ္နဲ႔ပြဲမွာ ဖာနန္ဒက္စ္ပြဲထြက္လာမွာလားဆိုၿပီး ယူႏိုက္တက္ပရိသတ္ေတြကေမွ်ာ္လင့္ေနၾကပါတယ္။

ဖာနန္ဒက္စ္ယူႏိုက္တက္ကိုေရာက္လာမွာနဲ႔ပတ္သက္ၿပီးေတာ့ ယူႏိုက္တက္ ကြင္းလယ္လူေဟာင္းျဖစ္သူ ဒါရင္းဖလက္ခ်ာကအခုလိုေျပာထားပါတယ္။ “သူက သူရဲ႕ေျခေထာက္ေတြအေပၚ အေၾကာက္အ႐ြံ႕မရွိကစားတတ္ၿပီး စြမ္းအင္ေတြအမ်ားႀကီး ျပသထားတဲ့ကစားသမားတစ္ေယာက္ပါ။ဒါေၾကာင့္ ဆိုးလ္ရွားလိုခ်င္တဲ့ ယူႏိုက္တက္ကစားသမားျဖစ္ဖို႔ အံဝင္ပါလိမ့္မယ္။ တိုက္စစ္မႉးေတြအတြက္ သူ႔ ဆီက ဖန္တီးမႈေတြကို ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ၾကရေအာင္ပါ။”ဆိုၿပီးေျပာထားပါတယ္။ အခ်ိဳ႕ကေတာ့ ဖာနန္ဒက္စ္ဟာမ်က္လွည့္ပညာရွင္ မဟုတ္တာေၾကာင့္ သူေရာက္လာလည္းယူႏိုက္တက္အေနအထား ႐ုတ္တရက္ အေျပာင္းအလဲမျဖစ္ႏိုင္ဘူး လို႔မွတ္ခ်က္ျပဳထား ပါတယ္။ ဖာနန္ဒက္စ္ေရာက္လာခ်ိန္မွာ ယူႏိုက္တက္အသင္းဘယ္လိုျဖစ္မလဲဆို တာေစာင့္ၾကည့္အားေပးၾကရေအာင္ပါ။