သရဲနီဂျာစီ ဝတ်တာ ၁၀ နှစ်ပြည့်ပြီ ဖြစ်တဲ့ ဒီဂီယာရဲ့ ကောက်နှုတ်ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ဂိုးစောင့် နတ်ဘုရား ဒီဂီယာ ဟာ သရဲနီကစားသမားအဖြစ်နဲ့နေထိုင်လာခဲ့တာဟာဒီကနေ့မှာ(၁၀)နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဒီဂီယာနဲ့ ပတ်သက်တဲ့ ကောက်နုတ်ချက် တချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

ယူနိုက်တက်ကစားသမားဘဝပွဲဦးထွက်ပွဲစဉ်ကို ၂၀၁၁ ၊ သြဂုတ်မှာ မန်စီးတီးနှင့်ပွဲတွင်ဝင်ရောက်ကစားခဲ့ပါတယ်။

ပေါင်၁၈သန်းဆိုတဲ့ အံအားသင့်ဖွယ် ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ယူနိုက်တက်ဆီ ရောက်လာတဲ့ ရွှေလက်ပိုင်ရှင်ဟာ ယူနိုက်တက်မှာ အများဆုံး လစာရ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်၊လိဂ်ဖလား၊FAဖလား၊ကွန်မြူနတီဒိုင်း လိဂ်အတွင်းရနိုင်သမျှဖလားအကုန်ကိုင်မြှောက်ဖူးခဲ့ပြီးပြီဖြစ်တဲ့ ဒီဂီယာဟာ ၂၀၁၃၊ မေလမှာ ပထမဦးဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုကိုကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်ပရိသတ်များရွေးချယ်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့တဲ့ ပထမဦးဆုံးဂိုးသမားဖြစ်လာခဲ့ပါတယ်။

၂၀၁၃-၂၀၁၄-၂၀၁၅-၂၀၁၇ မှာလည်း ယူနိုက်တက်အကောင်းဆုံးကစားသမားဆု လေးကြိမ် ရခဲ့ပါတယ်။

ကစားသမားဘဝပထမဦးဆုံးအကြိမ်အဖြစ် ယူနိုက်တက်ကပ္ပတိန်ဖြစ်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်မှာပါ။

ဒီဂီယာဟာ ၂၀၁၈ မှာတော့ Clean Sheet(၁၈)ပွဲစံချိန်နဲ့ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကိုရရှိခဲ့ပါတယ်။

၂၀၂၀၊ ၇လပိုင်းမှာတော့ ဒီဂီယာ တစ်ယောက် ယူနိုက်တက်ကစားသမားဘဝ ပြိုင်ပွဲစုံပွဲ(၄၀၀)ပြည့်ခဲ့ပါတယ်။

တစ်ပွဲချင်းအကောင်းဆုံးကာကွယ်နိုင်မှုငါးနှစ်ဆက်၊ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသမား၊ရွှေလက်အိတ်ဆုရှင်၊ ကမ္ဘာ့အကောင်းဆုံးဂိုးသမား၊

တစ်ဦးချင်းဆုတံဆိပ်တွေရထားတဲ့ ဒီဂီယာဟာပြိုင်ပွဲစုံ(၄၄၁)ပွဲကစားပြီး၊ Clean Sheet – (၁၅၅)ပွဲရထားပါတယ်။

လောလောဆယ်မှာတော့ ဒီဂီယာဟာ နိုင်ငံလက်ရွေးစင် အသင်းမှာပါ။

အခုနှစ်အတွင်းမှာ ဒီဂီယာဟာ ဝေဖန်ခံရပြီး၊ လူငယ် ဂိုးသမား ဟန်ဒါဆန်နဲ့ ယှဉ်ပြိုင်နေရပါတယ်။

နည်းပြဆိုလ်းရှား ကတော့ ဒီဂီယာဘက်ကရှိနေဆဲပါ။ ဒီဂီယာ အကျဘက်ကို ရောက်လာပါပြီလား။

ဆက်လက်ပြီး ရွှေလက်တစ်စုံရဲ့ အရည်အသွေးကို ပြဖို့ မျှော်လင့်သူတွေကလည်း မျှော်လင့်ကြဆဲပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သရဲနီဂ်ာစီ ၀တ္တာ ၁၀ ႏွစ္ျပည့္ၿပီ ျဖစ္တဲ့ ဒီဂီယာရဲ႕ ေကာက္ႏႈတ္ခ်က္

ယူႏိုက္တက္ ဂိုး​ေစာင့္ နတ္ဘုရား ဒီဂီယာ ဟာ သရဲနီကစားသမားအျဖစ္နဲ႔ေနထိုင္လာခဲ့တာဟာဒီကေန႔မွာ(၁၀)ႏွစ္တိတိျပည့္ခဲ့ၿပီျဖစ္ပါတယ္။ ဒီဂီယာနဲ႔ ပတ္သက္တဲ့ ​ေကာက္ႏုတ္ခ်က္ တခ်ိဳ႕ကို တင္ဆက္​ေပးလိုက္ပါတယ္။

ယူႏိုက္တက္ကစားသမားဘဝပြဲဦးထြက္ပြဲစဥ္ကို ၂၀၁၁ ၊ ၾသဂုတ္မွာ မန္စီးတီးႏွင့္ပြဲတြင္ဝင္ေရာက္ကစားခဲ့ပါတယ္။ ေပါင္၁၈သန္းဆိုတဲ့ အံအားသင့္ဖြယ္ ေျပာင္းေ႐ႊ႕ေၾကးတစ္ခုနဲ႔ ယူႏိုက္တက္ဆီ ​ေရာက္လာတဲ့ ​ေ႐ႊလက္ပိုင္ရွင္ဟာ ယူႏိုက္တက္မွာ အမ်ားဆုံး လစာရ ကစားသမား ျဖစ္လာခဲ့ပါတယ္။

ပရီးမီးယားလိဂ္၊လိဂ္ဖလား၊FAဖလား၊ကြန္ျမဴနတီဒိုင္း လိဂ္အတြင္းရႏိုင္သမွ်ဖလားအကုန္ကိုင္ေျမႇာက္ဖူးခဲ့ၿပီးၿပီျဖစ္တဲ့ ဒီဂီယာဟာ ၂၀၁၃၊ ​ေမလမွာ ပထမဦးဆုံးပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။

ဒီဂီယာဟာ ယူႏိုက္တက္ပရိသတ္မ်ားေ႐ြးခ်ယ္တဲ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့တဲ့ ပထမဦးဆုံးဂိုးသမားျဖစ္လာခဲ့ပါတယ္။ ၂၀၁၃- ၂၀၁၄-၂၀၁၅- ၂၀၁၇ မွာလည္း ယူႏိုက္တက္အေကာင္းဆုံးကစားသမားဆု ေလးႀကိမ္ ရခဲ့ပါတယ္။ ကစားသမားဘဝပထမဦးဆုံးအႀကိမ္အျဖစ္ ယူႏိုက္တက္ကပၸတိန္ျဖစ္ခဲ့တာက​ေတာ့ ၂၀၁၅ ခုႏွစ္မွာပါ။ ဒီဂီယာဟာ ၂၀၁၈ မွာ​ေတာ့ Clean Sheet(၁၈)ပြဲစံခ်ိန္နဲ႔ ပရီးမီးယားလိဂ္ေ႐ႊလက္အိတ္ဆုကိုရရွိခဲ့ပါတယ္။

၂၀၂၀၊ ၇လပိုင္းမွာ​ေတာ့ ဒီဂီယာ တစ္​ေယာက္ ယူႏိုက္တက္ကစားသမားဘဝ ၿပိဳင္ပြဲစုံပြဲ(၄၀၀)ျပည့္ခဲ့ပါတယ္။ တစ္ပြဲခ်င္းအေကာင္းဆုံးကာကြယ္ႏိုင္မႈငါးႏွစ္ဆက္၊ ပရီးမီးယားလိဂ္အေကာင္းဆုံးဂိုးသမား၊ေ႐ႊလက္အိတ္ဆုရွင္၊ ကမာၻ႔အေကာင္းဆုံးဂိုးသမား၊ တစ္ဦးခ်င္းဆုတံဆိပ္ေတြရထားတဲ့ ဒီဂီယာဟာၿပိဳင္ပြဲစုံ(၄၄၁)ပြဲကစား ၿပီး၊ Clean Sheet – (၁၅၅)ပြဲရထားပါတယ္။

​ေလာ​ေလာဆယ္မွာ​ေတာ့ ဒီဂီယာဟာ ႏိုင္ငံလက္​ေ႐ြးစင္ အသင္းမွာပါ။ အခုႏွစ္အတြင္းမွာ ဒီဂီယာဟာ ​ေ၀ဖန္ခံရၿပီး၊ လူငယ္ ဂိုးသမား ဟန္ဒါဆန္နဲ႔ ယွဥ္ၿပိဳင္​ေနရပါတယ္။ နည္းျပဆိုလ္းရွား က​ေတာ့ ဒီဂီယာဘက္ကရွိ​ေနဆဲပါ။ ဒီဂီယာ အက်ဘက္ကို ​ေရာက္လာပါၿပီလား။ ဆက္လက္ၿပီး ​ေ႐ႊလက္တစ္စုံရဲ႕ အရည္အ​ေသြးကို ျပဖို႔ ​ေမွ်ာ္လင့္သူ​ေတြကလည္း ​ေမွ်ာ္လင့္ၾကဆဲပါ။