သရေပွဲအပြီးမှာ ယူရိုပါလိဂ်ပြိုင်ပွဲဘောလုံးကို ဝေဖန်လိုက်တဲ့ ဆိုးလ်ရှား

photo-daily mail

photo-reuters

ဘရုဂျက်နဲ့ယူရိုပါလိဂ်သရေပွဲအပြီးမှာ မန်ယူနည်းပြဆိုးလ်ရှားဟာ အဲဒီပွဲစဉ်အသုံးပြုခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဘောလုံးကို ဝေဖန်ပြစ်တင်မှုပြုလုပ်လိုက်ပါတယ်။ အဲဒီပွဲမှာ မန်ယူဟာ ပွဲချိန်အစောပိုင်းကတည်းက ဦးဆောင်ဂိုးပေးခဲ့ရပြီး ပထမပိုင်းအတွင်းမှာပဲ မာရှယ်ရဲ့သွင်းယူမှုနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ဘယ်အသင်းကမှ အနိုင်ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

photo-gettyimages

မိုးထဲရေထဲမှာ ကစားခဲ့ရတာဖြစ်သလို ကွင်းတစ်ဝိုက်မှာ မိုးသီးတွေတောင် ရှိနေတဲ့အတွက် ခက်ခဲတဲ့အခြေအနေတွေမှာ ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီလို မိုးရွာ၊လေတိုက်နေတဲ့ပွဲမျိုးမှာ ဘောလုံးကလည်း ပေါ့ပါးနေလွန်းတဲ့အတွက် ဆိုးလ်ရှားက အဲဒါကို မကျေနပ်ခဲ့ပါဘူး။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အသုံးပြုနေတဲ့ အဲဒီဘောလုံးကို ဂျပန်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Molten က ချုပ်လုပ်ပေးတာပါ။

photo-gettyimages

”ခက်ခဲတဲ့အခြေအနေမှာ စုစုစည်းစည်းကစားနိုင်တဲ့အသင်းနဲ့ဆိုတော့ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပေါ့။ ဒီပွဲကြည့်မိတဲ့ဘယ်သူမဆို ပွဲကောင်းလို့ ထင်မှာ မဟုတ်ပါဘူး။ ကွင်းခြေအနေနဲ့ ဘောလုံးကလည်း ကစားရပိုခက်စေပါတယ်။ ခင်ဗျားတို့လည်း ဘောလုံးတစ်လုံးယူပြီး စမ်းကြည့်လိုက်ပေါ့။ အဲဒါက ပေါ့ရွှတ်နေတာပဲ။ နှစ်သင်းစလုံးအတွက်ကို ကစားရခက်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။ ဒါပေမဲ့ မိုးလည်းရွာ၊ လေလည်းတိုက်နေတဲ့အတွက် ရာသီဥတုအခြေအနေကလည်း မကောင်းခဲ့ပါဘူး”လို့ အဲဒီပွဲအပြီးမှာ ဆိုးလ်ရှားက ပြောသွားခဲ့တာပါ။

[Zawgyi]

သေရပြဲအၿပီးမွာ ယူရုိပါလိဂ္ၿပိဳင္ပြဲေဘာလုံးကို ေ၀ဖန္လုိုက္တဲ့ ဆိုးလ္ရွား

ဘရုဂ်က္နဲ႔ယူရိုပါလိဂ္သေရပြဲအၿပီးမွာ မန္ယူနည္းျပဆိုးလ္ရွားဟာ အဲဒီပြဲစဥ္အသုံးျပဳခဲ့တဲ့ ယူရိုပါလိဂ္ၿပိဳင္ပြဲရဲ႕ေဘာလုံးကုိ ေ၀ဖန္ျပစ္တင္မႈျပဳလုပ္လိုက္ပါတယ္။ အဲဒီပြဲမွာ မန္ယူဟာ ပြဲခ်ိန္အေစာပိုင္းကတည္းက ဦးေဆာင္ဂိုးေပးခဲ့ရၿပီး ပထမပိုင္းအတြင္းမွာပဲ မာရွယ္ရဲ႕သြင္းယူမႈနဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒုတိယပိုင္းမွာေတာ့ ဘယ္အသင္းကမွ အႏုိင္ဂိုးသြင္းယူႏိုင္ျခင္း မရွိခဲ့ပါဘူး။

မိုးထဲေရထဲမွာ ကစားခ့ဲရတာျဖစ္သလုိ ကြင္းတစ္၀ိုက္မွာ မိုးသီးေတြေတာင္ ရွိေနတဲ့အတြက္ ခက္ခဲတဲ့အေျခအေနေတြမွာ ယွဥ္ၿပိဳင္ခဲ့ရတာလည္း ျဖစ္ပါတယ္။ ဒီလို မိုးရြာ၊ေလတိုက္ေနတဲ့ပြဲမ်ိဳးမွာ ေဘာလုံးကလည္း ေပါ့ပါးေနလြန္းတဲ့အတြက္ ဆုိးလ္ရွားက အဲဒါကို မေက်နပ္ခဲ့ပါဘူး။ ယူရိုပါလိဂ္ၿပိဳင္ပြဲမွာ အသုံးျပဳေနတဲ့ အဲဒီေဘာလုံးကို ဂ်ပန္အားကစားပစၥည္းထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ Molten က ခ်ဳပ္လုပ္ေပးတာပါ။

”ခက္ခဲတဲ့အေျခအေနမွာ စုစုစည္းစည္းကစားႏိုင္တဲ့အသင္းနဲ႔ဆုိေတာ့ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္ခဲ့တာေပါ့။ ဒီပြဲၾကည့္မိတဲ့ဘယ္သူမဆို ပြဲေကာင္းလို႔ ထင္မွာ မဟုတ္ပါဘူး။ ကြင္းေျခအေနနဲ႔ ေဘာလုံးကလည္း ကစားရပိုခက္ေစပါတယ္။ ခင္ဗ်ားတုိ႔လည္း ေဘာလုံးတစ္လုံးယူၿပီး စမ္းၾကည့္လိုက္ေပါ့။ အဲဒါက ေပါ့ရႊတ္ေနတာပဲ။ ႏွစ္သင္းစလုံးအတြက္ကို ကစားရခက္တဲ့ပြဲတစ္ပြဲျဖစ္ခဲ့တာပါ။ ဒါေပမဲ့ မိုးလည္းရြာ၊ ေလလည္းတိုက္ေနတဲ့အတြက္ ရာသီဥတုအေျခအေနကလည္း မေကာင္းခဲ့ပါဘူး”လို႔ အဲဒီပြဲအၿပီးမွာ ဆိုးလ္ရွားက ေျပာသြားခဲ့တာပါ။