
Photo Credit
Photo Credit
မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ရဲ့သမိုင်းဝင်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယနေ့ညနေက မြောက်ကိုရီးယားနိုင်ငံ၊ မြို့တော်ပြုံယန်မှာ ကျင်းပပြုလုပ်ခဲ့ရာ ဂိုးမရှိသရေကျသွားခဲ့ပြီး အဲဒီပွဲကို လာရောက်ကြည့်ရှုတဲ့ပရိသတ်တစ်ဦးမှမရှိကြောင်း သိရပါတယ်။
Photo Credit
တောင်ကိုရီးယားအသင်း ယခုပွဲမတိုင်ခင် နောက်ဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံမှာ လာရောက်ကစားခဲ့တာက ၁၉၉၀ ပြည့်နှစ်မှာ ခြေစမ်းပွဲကစားခဲ့တာဖြစ်ပေမယ့် မြောက်ကိုရီးယားနိုင်ငံမှာ တစ်ခါမှပြိုင်ပွဲအသွင်ပွဲတွေမကစားဖူးခဲ့ပါဘူး။
Photo Credit
တောင်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာ အခုချိန်အထိ ဆက်ဆံရေးတင်းမာနေဆဲဖြစ်ပြီး နိုင်ငံအစိုးရကြားဆက်ဆံရေးကလည်း အေးစက်နေတာပါ။ အဲဒီပွဲကို ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုတက်ရောက်အားပေးခဲ့ပေမယ့် အဲဒီပွဲနဲ့ပတ်သက်လို့ ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေအရ ကွင်းက ထိုင်ခုံလွတ်တွေချည်းဖြစ်နေခဲ့ပါတယ်။
Photo Credit
တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ကြေညာချက်အရ နှစ်သင်းစလုံးအနိုင်ရဖို့ အားကုန်ထုတ်ကစားသွားခဲ့ပြီး အဝါကတ် ၄ကြိမ်ပြသခဲ့ရာမှာ တစ်သင်း ၂ကြိမ်စီပြသခံခဲ့ရကြောင်း သိရပါတယ်။ နည်းပြပေါ်လိုဘင်တိုရဲ့တောင်ကိုရီးယားမှာ တော့တင်ဟမ်ကြယ်ပွင့် ဆွန်ဟောင်မင်း ပွဲချိန်ပြည့်ကစားသွားပါတယ်။
Photo Credit
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တာဖြစ်ပြီး ပွဲစဉ် ၃ပွဲကစားပြီးချိန်မှာ ၂သင်းစလုံး ၇မှတ်စီပိုင်ဆိုင်ထားပါတယ်။ ၂၀၂၀ ဇွန်လမှာ တောင်ကိုရီးယားက အိမ်ရှင်အဖြစ် ပြန်လည်ဧည့်ခံကစားရမှာဖြစ်ပါတယ်။
Photo Credit
Zawgyi
သေရတစ္မွတ္စီခြဲယူသြားတဲ့ ေတာင္နဲ႔ေျမာက္တုိ႔ရဲ႕သမုိင္း၀င္ကမၻာ့ဖလားေျခစစ္ပြဲ
ေျမာက္ကိုရီးယားနဲ႔ေတာင္ကိုရီးယားတို႔ရဲ႕သမိုင္း၀င္ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ ယေန႔ညေနက ေျမာက္ကိုရီးယားႏိုင္ငံ၊ ၿမိဳ႕ေတာ္ၿပံဳယန္မွာ က်င္းပျပဳလုပ္ခဲ့ရာ ဂိုးမရွိသေရက်သြားခဲ့ၿပီး အဲဒီပြဲကို လာေရာက္ၾကည့္႐ႈတဲ့ပရိသတ္တစ္ဦးမွမရွိေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားအသင္း ယခုပြဲမတိုင္ခင္ ေနာက္ဆုံးအႀကိမ္အျဖစ္ ေျမာက္ကိုရီးယားႏိုင္ငံမွာ လာေရာက္ကစားခဲ့တာက ၁၉၉၀ ျပည့္ႏွစ္မွာ ေျခစမ္းပြဲကစားခဲ့တာျဖစ္ေပမယ့္ ေျမာက္ကိုရီးယားႏိုင္ငံမွာ တစ္ခါမွၿပိဳင္ပြဲအသြင္ပြဲေတြမကစားဖူးခဲ့ပါဘူး။
ေတာင္နဲ႔ေျမာက္ကိုရီးယားႏုိင္ငံတုိ႔ဟာ အခုခ်ိန္အထိ ဆက္ဆံေရးတင္းမာေနဆဲျဖစ္ၿပီး ႏုိင္ငံအစိုးရၾကားဆက္ဆံေရးကလည္း ေအးစက္ေနတာပါ။ အဲဒီပြဲကို ဖီဖာဥကၠ႒ အင္ဖာတီႏိုတက္ေရာက္အားေပးခဲ့ေပမယ့္ အဲဒီပြဲနဲ႔ပတ္သက္လုိ႔ ထြက္ေပၚလာတဲ့ဓာတ္ပုံေတြအရ ကြင္းက ထိုင္ခုံလြတ္ေတြခ်ည္းျဖစ္ေနခဲ့ပါတယ္။
ေတာင္ကိုရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ထုတ္ျပန္ေၾကညာခ်က္အရ ႏွစ္သင္းစလုံးအႏုိင္ရဖို႔ အားကုန္ထုတ္ကစားသြားခဲ့ၿပီး အ၀ါကတ္ ၄ႀကိမ္ျပသခဲ့ရာမွာ တစ္သင္း ၂ႀကိမ္စီျပသခံခဲ့ရေၾကာင္း သိရပါတယ္။ နည္းျပေပၚလိုဘင္တုိရဲ႕ေတာင္ကိုရီးယားမွာ ေတာ့တင္ဟမ္ၾကယ္ပြင့္ ဆြန္ေဟာင္မင္း ပြဲခ်ိန္ျပည့္ကစားသြားပါတယ္။
၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲ အာရွဇုန္ဒုတိယအဆင့္ပြဲစဥ္အျဖစ္ ကစားခဲ့တာျဖစ္ၿပီး ပြဲစဥ္ ၃ပြဲကစားၿပီးခ်ိန္မွာ ၂သင္းစလုံး ၇မွတ္စီပိုင္ဆုိင္ထားပါတယ္။ ၂၀၂၀ ဇြန္လမွာ ေတာင္ကိုရီးယားက အိမ္ရွင္အျဖစ္ ျပန္လည္ဧည့္ခံကစားရမွာျဖစ္ပါတယ္။