သရေကျခဲ့တဲ့ပွဲက ခြေစွမ်းမကောင်းခဲ့တဲ့ သရဲနီတို့ရဲ့အဆင့်သတ်မှတ်ချက်များ…..
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ယူနိုက်တက် အသင်း ဟာ မနေ့ ည က ယူရိုပါ လိဂ် ရှုံးထွက် ပွဲစဉ် ပထမ အကျော့ အဖြစ် ကလပ်ဘရုချ်ကို အဝေးကွင်း ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားပြီး တစ်ဖက် တစ်ဂိုးစီ နဲ့ သရေကျခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ အဝေးဂိုး သွင်းနိုင်ခဲ့ တဲ့ အတွက် အိုးထရက်ဖိုဒ့် မှာ ကစားမယ့် ဒုတိယ အကျော့ အတွက် ဖိအား လျော့သွား စေခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် တစ်လုံးတည်းသော ဂိုးကို တော့ တိုက်စစ်မှုး မာရှယ် က ပထမပိုင်းမှာ သွင်းယူပေးခဲ့တာဖြစ် ပါတယ် ။
photo internet
ဘလ်ဂျီယံ မှာ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိက်တက် ကစားသမားတွေအားလုံးနီးပါး ခြေစွမ်းကျဆင်းခဲ့ပြီး အတော်လေးဆိုးရွားခဲ့ကြပါတယ်။ ဆိုးလ်ရှားကတော့ ရာသီဥတုနဲ့ဘောလုံးပွဲဆက်တဲ့အနေအထားကို အကြောင်းပြချက်ပေး ပါတယ်။ အဲဒီပွဲက သရဲနီတို့ရဲ့ခြေစွမ်းသတ်မှတ်ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်။
ရိုမဲရိုး – 4
ပွဲထွက်ခွင့်ရတဲ့အနေအထားမှာ အတော်လေး အမှားများခဲ့သလို ပေးပို့မှု့တွေကလည်း လိုရာမရောက်ပဲ လွဲချော်တာသာများပါတယ်။
photo internet
ဒါးလော့- 4
ဘောလုံးပေးပို့မှုလွဲချော်တဲ့အထဲမှာသူလည်းပါပါတယ်။ အသင်းဖော်တွေနဲ့ပြိုင်ဖို့တောင် အတော်လုပ်ရပါမယ်။
လင်ဒီလောဖ့်-4
နေမကောင်းရာကနေပြန်လာပေမယ့် အရင်ခြေတွေပြန်မပါလာတဲ့လင်ဒီလောဖ့်ဖြစ်နေပါတယ်။
မက်ဂွိုင်းယား-5
တစ်ဖက်အသင်းဂိုးရအောင် လုပ်တဲ့ထဲမှာပါဝင်သူပါ။ အခြားအချိန်မှာကစားချက်တွေက အရမ်းမကောင်းပေမယ့် အဆင်ပြေတဲ့အနေအထားရှိပါတယ်။
လုခ်ရှော-5
ခံစစ်မှာ မဆိုးဘူးဆိုပေမယ့် တိုက်စစ်လိုက်ပါချိန်တွေမှာ အားနည်းချက်တွေရှိပါတယ်။
ဝီလီယမ်-5
လူငယ်ခြေတက်လေးခြေစွမ်းသိပ်မပြနိုင်ခဲ့ပါဘူး။ လိုအပ်ချက်တွေရှိပေမယ့်အကောင်းဆုံးတော့ကြိုးစားခဲ့ပါ တယ်။
မာတခ်ျ-5
ကွင်းလယ်အတွက်အကောင်းဆုံးကြိုးစားပေးခဲ့ပါတယ်။ အသင်းဖော်တွေနဲ့ချိတ်ဆက်ပိုင်းလည်းမဆိုးပါဘူး။
photo internet
ပါရဲရား-4
ဝေဖန်ခံသင့်တဲ့ ယူနိုက်တက်ကစားသမားဖြစ်နေပါတယ်။ကြိုးစားပြီးခြေစွမ်းပြသင့်နေပါတယ်။
မာတာ-4
ဒီပွဲမှာတော့ အသက်ကြီးလို့ခြေစွမ်းကျတဲ့အနေအထားဖြစ်နေပါတယ်။ ဘောလုံးအတွက်ဆုံးဖြတ်တဲ့အပိုင်းမှာ အားနည်းချက်တွေရှိပါတယ်။
လင်ဂတ်-3
ယူနိုက်တက်ကနေမထွက်ထွက်ရအောင်ကန်နေသလိုပါပဲ။
မာရှယ်-7
ယူနိုက်တက်ကိုကယ်ပေးခဲ့တဲ့သူပါ။သူ့ကြောင့်သာမဟုတ်ရင် ယူနိုက်တက်ဒီထက်အရှက်ကွဲရမှာပါ။ အခုတော့အရမ်းကြီးဟန်မပျက်ခဲ့ပါဘူး။
photo internet
အစားထိုးကစားသမားတွေဖြစ်တဲ့ အီဟာလို၊ ဖရတ်တို့ကတော့ အဆင့်5 ရပေမယ့် ဖာနန်ဒက်စ်ကတော့ အဆင့်6 ရပါတယ်။ အဲဒီပွဲနဲ့ပတ်သက်ပြီးနည်းပြဆိုးလ်ရှားကတော့ အခုလိုပြောပါတယ်။”ဒီနေ့ ပွဲမှာ ဘောလုံး ပေးပို့ ကစား ရတာ ခက်ခဲ ခဲ့ ပါတယ် ။ အတော်လေး အာရုံ စူးစိုက် ကစား ခဲ့ရ ပါတယ် ။ အထူးသဖြင့် ကွင်း နဲ့ ဘောလုံး က ကျွန်တော် တို့ကို ကစားရ ခက်ခဲ စေခဲ့ ပါတယ် ။ ကွင်းထဲက ကစားသမား တိုင်းနဲ့ မေးမြန်း နိုင်ပါတယ် ။ ကျွန်တော် တို့ ဘောလုံး ကိုင် ကစား ခဲ့တဲ့ အချိန် တွေမှာ ဒီ ဘောလုံး က ကစားသမား တွေ အတွက် အကူအညီ မဖြစ် စေခဲ့ ပါဘူး ။ဝေဖန်တဲ့သူတွေကိုလည်း ဘောလုံးတစ်ကြိမ်လောက်ကစား စေချင်ပါတယ်။ဒါဟာ နှစ်သင်းလုံး အတွက် တူညီတဲ့ အရာ တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။ ပြီးတော့ ကွင်းရဲ့ အနေအထား ကလည်း လေတွေ မိုးတွေ နဲ့ တစ်ကယ် ပဲ နှစ်သက် စရာ မကောင်းမွန် ခဲ့ ပါဘူး ။
ဘယ်လိုပဲ ဖြစ်နေ ပါစေ ၊ နှစ်သင်းလုံး က ထူးဆန်းတဲ့ ဂိုးတွေ သွင်းယူ နိုင်ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် နှစ်သင်းစလုံးက အာရုံ စူးစိုက်ပြီး ကစား တဲ့နေရာမှာ အားနည်း ခဲ့ကြ ပါတယ် ” ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
ရိုမဲရိုး – 4
ဒါးလော့- 4
လင်ဒီလောဖ့်-4
မက်ဂွိုင်းယား-5
လုခ်ရှော-5
ဝီလီယမ်-5
မာတခ်ျ-5
ပါရဲရား-4
မာတာ-4
လင်ဂတ်-3
မာရှယ်-7