သမ္မတဟောင်း အိုဘားမားနဲ့ ဆွေးနွေးခန်း ဖွင့်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အကယ်ဒမီထွက် တိုက်စစ်မှူးရက်ရှ်ဖို့ဟာ ယူရိုပါလိဂ် ဖိုင်နယ် ရှူံးပွဲအပြီး ယမန်နေ့ က အမေရိကန် သမ္မတဟောင်း အိုဘားမား နဲ့ ဗီဒီယို ကွန်ဖရန့် က တစ်ဆင့် တွေ့ဆုံ စကားပြောခဲ့ တယ်လို့ သိရပါတယ်။
အိုဘာမား ကရက်ရှ်ဖို့ကို “မင်းလုပ်နေတဲ့အရာက ငါ့အသက်(23)နှစ်တုန်းက လုပ်နေတဲ့အရာတွေထက် သာလွန်တာတွေရှိပါတယ်။
ငါလည်း အခုထက်ထိ ဆက်လက်ပြီး ကြိုးစားနေတုန်းပါပဲ။”
“တစ်ကမ္ဘာလုံးနီးပါးကအရာတွေဟာ စာအုပ်များလိုပါပဲ။ အဲဒါတွေကိုကြည့်ပြီး မင်းကြီးပြင်းနိုင်တယ်။ နောက်ပြီးအတုယူနိုင်တယ်။
စာအုပ်ကိုကောက်ယူပြီးဖွင့်လိုက်ရင်တောင် ကိုယ့်မှာမရှိတဲ့အရာတွေကို ဆက်နွယ်ချိတ်ဆက်နိုင်ပါတယ်” ဆိုပြီး ပြောထားပါတယ်။
ရက်ရှ်ဖို့က”ဒါက အိပ်မက်ဆန်လွန်း ပါတယ်။
ကျွန်တော် က မန်ချက်စတာ က ကျွန်တော့်အိမ်ထဲက မီးဖိုချောင်ထဲမှာ ထိုင်ပြီး အမေရိကန် သမ္မတဟောင်း နဲ့ စကားပြောနေရတာပါ။
ဒါပေမယ့် သူက ကျွန်တော့်ကို သက်တောင့် သက်သာစကားပြောနိုင်ဖို့ ဦးဆောင်ပေးပါတယ်”
“ကျွန်တော့်အတွက်တော့ အားကစားလောက မှာရှိတာဟာ ကျွန်တော့်ဘဝကို လျင်မြန်စွာပြောင်းလဲစေမယ်လို့သိထားပါတယ်။
ကျွန်တော့်ဆီမှာရှိတဲ့ သေချာတဲ့အရည် အသွေးတွေဟာ ကျော်ကြားစေမယ်လို့လည်းသိထားပါတယ်။
အဲဒါမျိုးဖြစ်မြောက်ရေး စီမံခန့်ခွဲရတာ ဟာ အခက်အခဲရှိနေတာကို ခင်ဗျားလည်းအသိပါ။”လို့ ပြောပါတယ်။
လူငယ်ဘ၀ ရဲ့ အချိန်တွေ ၊ အခန်းကဏ္ဍတွေ ဟာ အရေးပါတယ် ဆိုတာကို ရက်ရှ်ဖို့က မစ္စတာ အိုဘားမား နဲ့ ဆွေးနွေးခဲ့တာပါ။
ရက်ရှ်ဖို့ဟာ ကိုဗစ်ကာလအတွင်းကအစားအသောက် ထောက်ပံ့မှုကိစ္စတွေမှာ ပါဝင်ကူညီခဲ့တာကြောင့် နာမည်ကောင်းနဲ့ ကျော်ကြားခဲ့ပြီး ဗြိတိန်ဘုရင်မကြီးရဲ့ MBE ဘွဲ့ကိုပင်ရရှိခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi