
photo-gettyimages
photo-gettyimages
ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေနဲ့ စပိန်နည်းပြရာထူးကနေ ရုတ်တရတ်နုတ်ထွက်သွားခဲ့တဲ့ လူးဝစ်အင်းနရစ်ဟာ အခုတော့ စပိန်နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံလိုက်ရပါပြီ။ သူနုတ်ထွက်သွားပြီး ၅ လအကြာမှာ စပိန်အသင်းကို ပြန်ရောက်လာတာဖြစ်သလို သမီးဖြစ်သူသေဆုံးပြီး ၃ လအကြာမှာ သူ့ရဲ့အရင်တာဝန်ဟောင်းကို ပြန်လည်ထမ်းဆောင်တာပါ။ အင်းနရစ်ရဲ့သမီးလေးဖြစ်တဲ့ ၉ နှစ်အရွယ်ဇာနာဟာ ပြီးခဲ့တဲ့သြဂုတ်လကမှ အရိုးကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့တာပါ။
photo-gettyimages
ရောဂါဝေဒနာခံစားနေရတဲ့သမီးဖြစ်သူကို အနီးကပ်ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် ၄၉ နှစ်အရွယ် အဲဒီဘာစီလိုနာနည်းပြဟောင်းဟာ ပြီးခဲ့တဲ့ဇွန်လကတည်းက စပိန်အသင်းကနေ နုတ်ထွက်သွားခဲ့တာပါ။ လက်ရွေးစင်အသင်းကို ကိုင်တွယ်ပြီး ၁၁ လအကြာမှာပဲ အကြောင်းကိစ္စနဲ့ သူနုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့နေရာမှာ လက်ထောက်နည်းပြမိုရီနိုက ပြောင်းလဲတာဝန်ယူခဲ့ပြီး အင်းနရစ်မရှိတဲ့ကာလထဲမှာ မိုရီနိုဟာ စပိန်ကို ယူရိုခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
photo-gettyimages
မိုရီနိုဟာ ကိုင်တွယ်ခဲ့ရတဲ့ ၆ ပွဲမှာ ၄ ပွဲနိုင်အောင် လုပ်ပေးနိုင်ခဲ့ပြီး သူ့လက်ထက်မှာ စပိန်ဟာ ရှုံးပွဲမရှိခဲ့ကာ အုပ်စုနောက်ဆုံး ၂ ပွဲမရောက်ခင်ကတည်းက စပိန်ကို ခြေစစ်ပွဲအောင်စေခဲ့တာပါ။ ကြားထဲမှာ သူက စပိန်နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် အင်းနရစ်သာ ပြန်လာချင်တယ်ဆိုရင် ဘေးဖယ်ပေးမယ်လို့ ပြောထားပြီးသား ဖြစ်ပါတယ်။ အခုတော့ အင်းနရစ်ဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားအထိ စပိန်အသင်းကို ပြန်လည်ကိုင်တွယ်သွားတော့မှာပါ။
[Zawgyi]
သမီးျဖစ္သူေသဆုံးၿပီး ၃ လအၾကာမွာ စပိန္နည္းျပအျဖစ္ ျပန္ေရာက္လာတဲ့အင္းနရစ္
ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္ေတြနဲ႔ စပိန္နည္းျပရာထူးကေန ရုတ္တရတ္ႏုတ္ထြက္သြားခဲ့တဲ့ လူး၀စ္အင္းနရစ္ဟာ အခုေတာ့ စပိန္နည္းျပအျဖစ္ ျပန္လည္ခန္႔အပ္ခံလိုက္ရပါၿပီ။ သူႏုတ္ထြက္သြားၿပီး ၅ လအၾကာမွာ စပိန္အသင္းကို ျပန္ေရာက္လာတာျဖစ္သလို သမီးျဖစ္သူေသဆုံးၿပီး ၃ လအၾကာမွာ သူ႔ရဲ႕အရင္တာ၀န္ေဟာင္းကုိ ျပန္လည္ထမ္းေဆာင္တာပါ။ အင္းနရစ္ရဲ႕သမီးေလးျဖစ္တဲ့ ၉ ႏွစ္အရြယ္ဇာနာဟာ ၿပီးခဲ့တဲ့ၾသဂုတ္လကမွ အရိုးကင္ဆာေရာဂါနဲ႔ ဆုံးပါးသြားခဲ့တာပါ။
ေရာဂါေ၀ဒနာခံစားေနရတဲ့သမီးျဖစ္သူကုိ အနီးကပ္ျပဳစုေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ ၄၉ ႏွစ္အရြယ္ အဲဒီဘာစီလိုနာနည္းျပေဟာင္းဟာ ၿပီးခဲ့တဲ့ဇြန္လကတည္းက စပိန္အသင္းကေန ႏုတ္ထြက္သြားခဲ့တာပါ။ လက္ေရြးစင္အသငး္ကို ကုိင္တြယ္ၿပီး ၁၁ လအၾကာမွာပဲ အေၾကာင္းကိစၥနဲ႔ သူႏုတ္ထြက္ခဲ့ရတာ ျဖစ္ပါတယ္။ သူ႔ေနရာမွာ လက္ေထာက္နည္းျပမိုရီႏိုက ေျပာင္းလဲတာ၀န္ယူခဲ့ၿပီး အင္းနရစ္မရွိတဲ့ကာလထဲမွာ မိုရီႏိုဟာ စပိန္ကို ယူရိုေျခစစ္ပြဲေအာင္ျမင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။
မိုရီႏိုဟာ ကိုင္တြယ္ခဲ့ရတဲ့ ၆ ပြဲမွာ ၄ ပြဲႏိုင္ေအာင္ လုပ္ေပးႏိုင္ခဲ့ၿပီး သူ႔လက္ထက္မွာ စပိန္ဟာ ရႈံးပြဲမရွိခဲ့ကာ အုပ္စုေနာက္ဆုံး ၂ ပြဲမေရာက္ခင္ကတည္းက စပိန္ကို ေျခစစ္ပြဲေအာင္ေစခဲ့တာပါ။ ၾကားထဲမွာ သူက စပိန္နည္းျပသစ္အျဖစ္ ခန္႔အပ္ခံခဲ့ရေပမယ့္ အင္းနရစ္သာ ျပန္လာခ်င္တယ္ဆိုရင္ ေဘးဖယ္ေပးမယ္လို႔ ေျပာထားၿပီးသား ျဖစ္ပါတယ္။ အခုေတာ့ အင္းနရစ္ဟာ ၂၀၂၂ ကာတာကမာၻ႔ဖလားအထိ စပိန္အသင္းကို ျပန္လည္ကိုင္တြယ္သြားေတာ့မွာပါ။