သမိုင်းသစ်ရေးထိုးနေတဲ့လီဗာပူးအသင်း ဒီထက်ပိုကောင်းလာနိုင်သေးတယ်လို့ ဗန်ဒိုက် သတိပေး

Photo Credit

Photo Credit

လီဗာပူးဟာ သမိုင်းသစ်ဆက်လက်ရေးထိုးပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ပိုမိုနီးစပ်လာပေမယ့် နောက်ခံလူ ဗန်ဒိုက်ကတော့ သူတို့အသင်း ဒီထက်ပိုကောင်းလာနိုင်သေးတယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။ လီဗာပူးဟာ စနေညက စပါးကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်ဖို့ ပိုမိုနီးစပ်လာပါတယ်။

Photo Credit

နည်းပြကလော့ပ်ဦးဆောင်တဲ့လီဗာပူးဟာ ယခုရာသီ ပရီးမီးယားလိဂ် ၂၁ပွဲမှာ ပွဲ ၂၀အနိုင်ရထားပါတယ်။ တစ်ပွဲနိုင် ၃ မှတ်ပေးတဲ့ခေတ်နောက်ပိုင်း ဥရောပမှာ လီဗာပူးက ပွဲစဉ် ၂၁အပြီး အမှတ်အများဆုံးရရှိတဲ့အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာ ဒုတိယနေရာက လက်စတာကို ၁ပွဲလျော့ ၁၆ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။

Photo Credit

”ကျွန်တော်တို့အသင်းအနေနဲ့ ဒီပွဲက အခြေအနေကို ပြန်လည်သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပြီး ဒီထက်ပိုကောင်းလာဖို့ ကြိုးစားသွားမှာပါ။ ဒါပေမဲ့ အနိုင် ၃ မှတ်က အရေးကြီးပြီး အထူးသဖြင့် စပါးကွင်းမှာ ၃ မှတ်အပြည့်ရယူနိုင်ခဲ့တာက ပိုကောင်းပါတယ်”

Photo Credit

”စပါးဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတောင် တက်ရောက်ထားနိုင်တဲ့အသင်းပါ။ သူတို့ဟာ ချန်ပီယံလိဂ်အရှုံးကို ပြန်လည်ချေဖျက်လိုခဲ့ပြီး အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အခက်တွေ့ခဲ့ရပါတယ်။ အမှတ်ပေးဇယားကို အခုလိုဦးဆောင်နိုင်တာက သိပ်ကောင်းပေမယ့် ကျွန်တော်တို့အသင်း ဒီထက်ပိုတိုးတက်နိုင်သေးတယ်ဆိုတာ ခင်ဗျားတို့လည်း မြင်နေတာပဲ”

Photo Credit

”ကျွန်တော်တို့ဟာ အနေအထားကောင်းတစ်ခုမှာ ရပ်တည်နေပေမယ့် ကျွန်တော်တို့ ပိုမိုလွယ်ကူအောင်လုပ်ဆောင်နိုင်ဖို့ ကြိုးစားရပါဦးမယ်”လို့ နယ်သာလန်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဗန်ဒိုက်က Sky Sports သတင်းဌာနကို ပြောပါတယ်။

Photo Credit

လီဗာပူးဟာ တစ်ရာသီလုံးရှုံးပွဲမရှိကစားနိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး လက်ကျန် ၁၇ပွဲကစားရဦးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးအသင်း အမှတ်ပေးချန်ပီယံဖြစ်ရေးထက် အာဆင်နယ်ရဲ့ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်နိုင်ရေးက လောင်းကစားကုမ္ပဏီတွေမှာ ပိုမိုရေပန်းစားနေတဲ့ ဖွင့်လှစ်မှုဖြစ်နေပါတယ်။

Photo Credit

Zawgyi

သမိုင္းသစ္ေရးထိုးေနတဲ့လီဗာပူးအသင္း ဒီထက္ပိုေကာင္းလာႏုိင္ေသးတယ္လုိ႔ ဗန္ဒိုက္ သတိေပး

လီဗာပူးဟာ သမုိင္းသစ္ဆက္လက္ေရးထုိးၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ ပိုမိုနီးစပ္လာေပမယ့္ ေနာက္ခံလူ ဗန္ဒိုက္ကေတာ့ သူတုိ႔အသင္း ဒီထက္ပိုေကာင္းလာႏိုင္ေသးတယ္လုိ႔ ၿပိဳင္ဘက္ေတြကို သတိေပးလုိက္ပါတယ္။ လီဗာပူးဟာ စေနညက စပါးကို ၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ႏွစ္ေပါင္း ၃၀အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံျဖစ္ဖုိ႔ ပိုမိုနီးစပ္လာပါတယ္။
နည္းျပကေလာ့ပ္ဦးေဆာင္တဲ့လီဗာပူးဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၂၁ပဲြမွာ ပြဲ ၂၀အႏိုင္ရထားပါတယ္။ တစ္ပြဲႏုိင္ ၃ မွတ္ေပးတဲ့ေခတ္ေနာက္ပိုင္း ဥေရာပမွာ လီဗာပူးက ပြဲစဥ္ ၂၁အၿပီး အမွတ္အမ်ားဆုံးရရွိတဲ့အသင္းအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ဒုတိယေနရာက လက္စတာကို ၁ပြဲေလ်ာ့ ၁၆ မွတ္အထိ ျဖတ္ထားႏိုင္ပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ ဒီပဲြက အေျခအေနကို ျပန္လည္သုံးသပ္ေဆြးေႏြးသြားမွာျဖစ္ၿပီး ဒီထက္ပိုေကာင္းလာဖို႔ ႀကိဳးစားသြားမွာပါ။ ဒါေပမဲ့ အႏိုင္ ၃ မွတ္က အေရးႀကီးၿပီး အထူးသျဖင့္ စပါးကြင္းမွာ ၃ မွတ္အျပည့္ရယူႏုိင္ခဲ့တာက ပိုေကာင္းပါတယ္”
”စပါးဟာ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေတာင္ တက္ေရာက္ထားႏုိင္တဲ့အသင္းပါ။ သူတုိ႔ဟာ ခ်န္ပီယံလိဂ္အ႐ံႈးကို ျပန္လည္ေခ်ဖ်က္လုိခဲ့ၿပီး အထူးသျဖင့္ ဒုတိယပိုင္းမွာ ကၽြန္ေတာ္တို႔ အခက္ေတြ႕ခဲ့ရပါတယ္။ အမွတ္ေပးဇယားကို အခုလိုဦးေဆာင္ႏိုင္တာက သိပ္ေကာင္းေပမယ့္ ကၽြန္ေတာ္တုိ႔အသင္း ဒီထက္ပိုတုိးတက္ႏိုင္ေသးတယ္ဆုိတာ ခင္ဗ်ားတုိ႔လည္း ျမင္ေနတာပဲ”
”ကၽြန္ေတာ္တုိ႔ဟာ အေနအထားေကာင္းတစ္ခုမွာ ရပ္တည္ေနေပမယ့္ ကၽြန္ေတာ္တုိ႔ ပိုမုိလြယ္ကူေအာင္လုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားရပါဦးမယ္”လုိ႔ နယ္သာလန္အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ ဗန္ဒုိက္က Sky Sports သတင္းဌာနကို ေျပာပါတယ္။
လီဗာပူးဟာ တစ္ရာသီလုံး႐ံႈးပဲြမရွိကစားႏုိင္ဖုိ႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီး လက္က်န္ ၁၇ပြဲကစားရဦးမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ လီဗာပူးအသင္း အမွတ္ေပးခ်န္ပီယံျဖစ္ေရးထက္ အာဆင္နယ္ရဲ႕႐ံႈးပဲြမရွိစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ေရးက ေလာင္းကစားကုမၸဏီေတြမွာ ပိုမိုေရပန္းစားေနတဲ့ ဖြင့္လွစ္မႈျဖစ္ေနပါတယ္။