
#ဥရောပနာမည်ကြီးဘောလုံးပွဲများ၏ #အာရှကြေး၊ဥရောပကြေးစသည့် #ဘောလုံးပွဲလောင်းကြေးမျိုးစုံ
#မိနစ်အနည်းငယ်သာကြာသည့် #ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်သည့် #ငွေသွင်းငွေထုတ်စနစ်
#လစဉ်၊အပတ်စဉ်၊နေ့စဉ် #ကံစမ်းမဲပေါင်းများစွာနှင့် #Bonusများစွာ
Viber No => 09 969 710 910
ကောင်းမွန်သောနေ့သစ်
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့က ဝုလ်ဗ်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ လူငယ်တိုက်စစ်ကစားသမားဂရင်းဝုဒ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ယူခဲ့ပြီး အခုဆိုရင် အင်္ဂလိပ်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် အဝေးကွင်းရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။
ယူနိုက်တက်အသင်းဟာ ၂၀၂၀၊ ဇန်နဝါရီလအတွင်း အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲတုန်းက (၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲလုံးဝမရှိတော့ဘဲ
ပြီးခဲ့တဲ့တစ်ရာသီလုံး (၁၈)ပွဲဆက်ရှုံးပွဲမရှိခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တစ်ရာသီအတွင်းအဝေးကွင်းရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်ခဲ့သလို ၂၀၀၃ ဧပြီလကနေ ၂၀၀၄ စက်တင်ဘာလအထိ
အဝေးကွင်းရှုံးပွဲမရှိခဲ့တဲ့ အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီးတော့ (၂၈)ပွဲနဲ့ရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းအဖြစ်စံချိန်တင်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်း ပိုင်ဆိုင်ခဲ့တဲ့ (၂၈)ပွဲဆက်အဝေးကွင်းရှုံးပွဲမရှိမှတ်တမ်းမှာ နိုင်ပွဲ(၁၈)ပွဲ၊ သရေပွဲ(၁၀)ပွဲရှိခဲ့သလို စုစုပေါင်း(၆၄)မှတ်အထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ပွဲဟာ နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြဘဝ ပရီးမီးယားလိဂ်ပွဲ(၁၀၀)ပြည့်ဖြစ်ခဲ့ပြီး နိုင်ပွဲ(၅၃)ပွဲ၊ သရေ(၂၈)ပွဲနဲ့ ရှုံးပွဲ(၁၉)ပွဲဆိုတဲ့မှတ်တမ်း ထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် ဝုလ်ဗ်နဲ့ပွဲမှာဂိုးသွင်းခဲ့တဲ့ အသင်းရဲ့လူငယ်တိုက်စစ်မှူးဂရင်းဝုဒ်ဟာလည်း ဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းတွေပိုင်ဆိုင်ခဲ့ပါတယ်။
အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ဂရင်းဝုဒ်ဟာ ဒီရာသီပရီးမီးယားလိဂ်ရာသီအစပွဲတွေဖြစ်တဲ့ လိဒ်စ်၊ ဆောက်သမ်တန်နဲ့ အခုဝုလ်ဗ်အသင်းတို့ပွဲမှာ (၃)ပွဲဆက်တိုက်ဂိုးသွင်းခဲ့တာကြောင့်
၁၉၉၄-၉၅ ရာသီတုန်းက လီဗာပူးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်းရော်ဘီဖောင်လာနောက်ပိုင်း ပရီးမီးယားလိဂ်ရာသီအစ(၃)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက်ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ဂရင်းဝုဒ်ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်က ဂိုး(၂၀)အထိရှိလာပြီဖြစ်လို့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ မိုက်ကယ်အိုဝင်၊ ရော်ဘီဖောင်လာ၊ ရွန်နီတို့နဲ့အတူ ဆယ်ကျော်သက်အရွယ်မှာ ဂိုး(၂၀)နဲ့အထက်သွင်းယူခဲ့တဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။
လာမယ့်အောက်တိုဘာလ(၁)ရက်မှာ အသက်(၂၀)ပြည့်မယ့်ဂရင်းဝုဒ်ဟာ ယူနိုက်တက်ကစားသမားဘဝ(၄)ရာသီအတွင်း ပြိုင်ပွဲစုံ(၃၂)ဂိုးအထိသွင်းယူထားသလို
ယူနိုက်တက်ကစားသမားတွေထဲမှာ ပြိုင်ပွဲစုံသွင်းဂိုးအများဆုံးဆယ်ကျော်သက်ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂန္ထဝင်ကစားသမားကြီးနော်မန်ဝှိုက်ဆိုက်ဒ်(၃၉ဂိုး)ရဲ့ ဂိုးအရေအတွက်ကို အမီလိုက်နိုင်ဖို့ (၇)ဂိုးသာလိုပါတော့တယ်။
#ဥရောပနာမည်ကြီးဘောလုံးပွဲများ၏ #အာရှကြေး၊ဥရောပကြေးစသည့် #ဘောလုံးပွဲလောင်းကြေးမျိုးစုံ
#မိနစ်အနည်းငယ်သာကြာသည့် #ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်သည့် #ငွေသွင်းငွေထုတ်စနစ်
#လစဉ်၊အပတ်စဉ်၊နေ့စဉ် #ကံစမ်းမဲပေါင်းများစွာနှင့် #Bonusများစွာ
Viber No => 09 969 710 910
ကောင်းမွန်သောနေ့သစ်
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
zawgyi
သမိုင်းဝင်စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြတဲ့ ယူနိုက်တက်နဲ့ဂရင်းဝုဒ်