





ဘရိုက်တန်နောက်ခံလူကူကူရယ်လာရဲ့အပြောင်းအရွှေ့ကို ချဲလ်ဆီးအသင်းက
ကြေညာအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ၂၄ နှစ်အရွယ် စပိန်သားဟာ





ဒီနွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး မန်စီးတီးနဲ့သတင်းကြီးခဲ့ပေမယ့်
နောက်ဆုံးတော့ ချဲလ်ဆီးကိုသာ ရောက်လာခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီကမှ
ဂီတာဖေးကနေ ပေါင် ၁၅ သန်းနဲ့ ဘရိုက်တန်ကိုရောက်လာတာဖြစ်ပြီး





သူ့ရဲ့ပွဲဦးထွက်ပရီးမီးယားလိဂ်ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ချဲလ်ဆီးရဲ့
ကြေးကြီးပေးခေါ်ယူခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ





ကူကူရယ်လာအတွက် ကနဦးပြောင်းရွှေ့ကြေးအနေဖြင့် ဘရိုက်တန်ကို
ပေါင် ၅၅ သန်းပေးမှာဖြစ်ပြီး စွမ်းဆောင်မှုပေါ် မူတည်ပြီး နောက်ထပ်
ပေါင် ၇ သန်းပေးရမှာပါ။ ဒါကြောင့် ကူကူရယ်လာရဲ့ချဲလ်ဆီးအပြောင်းအရွှေ့ဟာ





စုစုပေါင်း ပေါင် ၆၂ သန်းကုန်ကျမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ
ဘောလုံးသမိုင်းမှာ ၇ ယောက်မြောက်ဈေးအကြီးဆုံးနောက်ခံလူဖြစ်လာပါတယ်။





မန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယားကတော့ ဘောလုံးသမိုင်းရဲ့
ဈေးအကြီးဆုံးနောက်ခံလူအဖြစ် စံချိန်တင်ထားဆဲဖြစ်ပြီး သူ့အတွက်
ယူနိုက်တက်ဟာ ပေါင်သန်း ၈၀ ကုန်ကျခဲ့တာပါ။ ဒုတိယဈေးအကြီးဆုံး





နောက်ခံလူက လီဗာပူးက ဗန်ဒစ်ဂျ်ဖြစ်ပြီး ၂၀၁၈ မှာ ဆောက်သမ်တန်ကနေ
ပေါင် ၇၅ သန်းနဲ့ရောက်လာတာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်





ဈေးအကြီးဆုံးနောက်တန်းအပြောင်းအရွှေ့ထိပ်ဆုံး ၁၀ ခုထဲမှာ
ဘိုင်ယန်ကို ပြောင်းသွားတဲ့ဒီလစ်က နှစ်ကြိမ်တိုင်ပါဝင်တာပါ။
ထိပ်ဆုံး ၁၀ ခုထဲက ၃ ခုဟာ မန်စီးတီးက ခေါ်ခဲ့တာဖြစ်ပြီး မန်ယူက





နောက်ဆုံးခေါ်ထားတဲ့ ပေါင် ၅၅ သန်းတန်လီဆန်ဒရိုမာတီနက်ဇ်ဟာ အဲဒီစာရင်းမှာ ပါဝင်ပါတယ်။
zawgyi





သမိုင္းမွာ သတၱမေဈးအႀကီးဆုံးေနာက္ခံလူျဖစ္လာတဲ့ ခ်ဲလ္ဆီးလူသစ္ကူကူရယ္လာ
ဘ႐ိုက္တန္ေနာက္ခံလူကူကူရယ္လာရဲ႕အေျပာင္းအေ႐ႊ႕ကို ခ်ဲလ္ဆီးအသင္းက
ေၾကညာအတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ ၂၄ ႏွစ္အ႐ြယ္ စပိန္သားဟာ





ဒီေႏြရာသီအေျပာင္းအေ႐ႊ႕တစ္ေလွ်ာက္လုံး မန္စီးတီးနဲ႔သတင္းႀကီးခဲ့ေပမယ့္
ေနာက္ဆုံးေတာ့ ခ်ဲလ္ဆီးကိုသာ ေရာက္လာခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ့ရာသီကမွ





ဂီတာေဖးကေန ေပါင္ ၁၅ သန္းနဲ႔ ဘ႐ိုက္တန္ကိုေရာက္လာတာျဖစ္ၿပီး
သူ႔ရဲ႕ပြဲဦးထြက္ပရီးမီးယားလိဂ္ရာသီမွာ ေျခစြမ္းျပႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးရဲ႕
ေၾကးႀကီးေပးေခၚယူျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ





ကူကူရယ္လာအတြက္ ကနဦးေျပာင္းေ႐ႊ႕ေၾကးအေနျဖင့္ ဘ႐ိုက္တန္ကို
ေပါင္ ၅၅ သန္းေပးမွာျဖစ္ၿပီး စြမ္းေဆာင္မႈေပၚ မူတည္ၿပီး ေနာက္ထပ္





ေပါင္ ၇ သန္းေပးရမွာပါ။ ဒါေၾကာင့္ ကူကူရယ္လာရဲ႕ခ်ဲလ္ဆီးအေျပာင္းအေ႐ႊ႕ဟာ
စုစုေပါင္း ေပါင္ ၆၂ သန္းကုန္က်မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ
ေဘာလုံးသမိုင္းမွာ ၇ ေယာက္ေျမာက္ေဈးအႀကီးဆုံးေနာက္ခံလူျဖစ္လာပါတယ္။





မန္ယူအသင္းေခါင္းေဆာင္မက္ဂြိဳင္းယားကေတာ့ ေဘာလုံးသမိုင္းရဲ႕
ေဈးအႀကီးဆုံးေနာက္ခံလူအျဖစ္ စံခ်ိန္တင္ထားဆဲျဖစ္ၿပီး သူ႔အတြက္





ယူႏိုက္တက္ဟာ ေပါင္သန္း ၈၀ ကုန္က်ခဲ့တာပါ။ ဒုတိယေဈးအႀကီးဆုံး
ေနာက္ခံလူက လီဗာပူးက ဗန္ဒစ္ဂ်္ျဖစ္ၿပီး ၂၀၁၈ မွာ ေဆာက္သမ္တန္ကေန
ေပါင္ ၇၅ သန္းနဲ႔ေရာက္လာတာ ျဖစ္ပါတယ္။ သမိုင္းတစ္ေလွ်ာက္





ေဈးအႀကီးဆုံးေနာက္တန္းအေျပာင္းအေ႐ႊ႕ထိပ္ဆုံး ၁၀ ခုထဲမွာ
ဘိုင္ယန္ကို ေျပာင္းသြားတဲ့ဒီလစ္က ႏွစ္ႀကိမ္တိုင္ပါဝင္တာပါ။





ထိပ္ဆုံး ၁၀ ခုထဲက ၃ ခုဟာ မန္စီးတီးက ေခၚခဲ့တာျဖစ္ၿပီး မန္ယူက
ေနာက္ဆုံးေခၚထားတဲ့ ေပါင္ ၅၅ သန္းတန္လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ အဲဒီစာရင္းမွာ ပါဝင္ပါတယ္။