သမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့တဲ့ စီရော်နယ်ဒို အပေါ်သူ့နည်းပြဟောင်းတွေဘာပြောခဲ့ဘူးသလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်က နာပိုလီကိုအနိုင်ရခဲ့တဲ့ အီတလီစူပါဖလားပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် စီရော်နယ်ဒိုဟာ ဘောလုံး သမိုင်းမှာ တရားဝင်သတ်မှတ်ချက်အရ ၇၆၀ ဂိုးနဲ့ ဂိုးသွင်းအများဆုံးသူအဖြစ်ရပ်တည်ခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဒီပွဲရဲ့ ပွဲချိန် ၆၄ မိနစ်မှာဂျူဗင်တပ်အတွက်အဖွင့်ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါ တယ်။

ဂျူဗင်တပ်ဟာ နာပိုလီကို ၂-၀ နဲ့နိုင်ပြီး အီတလီစူပါဖလားကို အရယူနိုင်ခဲ့တာဖြစ်လို့ နည်းပြပီယာလို အတွက် ပထမဆုံးရယူနိုင်ခဲ့တဲ့ ဖလားလည်းဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုးကြီးကျယ်ခမ်းနားလှတဲ့ သမိုင်းတစ်ရပ်ကို ရေးထိုးနိုင်ခဲ့ပြီးနောက် အရင်ကတည်းက သူကိုချီးကျူးခဲ့တဲ့နည်းပြဟောင်းတွေရဲ့ စကားသံတွေဘယ်လိုရှိ ခဲ့သလဲ ဆိုတာကြည့်လိုက်ကြရအောင်ပါ။

လက်စ်လိုဘိုလိုနီ(စပို့တင်းလစ္စဘွန်း-၂၀၀၁-၂၀၀၃)

ဘိုလိုနီဟာ စီရော်နယ်ဒိုကို စပို့တင်းလူငယ်အသင်းကနေဆွဲတင်ပေးပြီး အသင်းကြီးမှာပါနေရာပေးခဲ့သူဖြစ်လို့ ဒီပေါ်တူဂီသားရဲ့ဘဝမှာအရေးပါဆုံးသူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ဘိုလိုနီက” လျင်မြန်လွန်းပြီး နည်းစ နစ်လည်းကောင်းသလို ရုပ်ပိုင်းဆိုင်ရာလည်းကြံ့ခိုင်လို့ သူ့ကို B အသင်းဆီခေါ်ခဲ့တာပါ။ အဲဒီမှာကစားပြီးနောက် ကျွန်တော့်မှန်းဆချက်တွေ တစ်ခုမှမမှားခဲ့လို့ လူငယ်အသင်းဆီမင်းပြန်သွားစရာ မလိုတော့ဘူးလို့ ပြောခဲ့ပါ တယ်။

သူဟာအရွယ်နဲ့မလိုက်အောင် ကစားပြနိုင်ခဲ့သလို အဝတ်လဲခန်းထဲမှာလည်း လူနောက်တစ်ဦးဖြစ်ပါ တယ်။ ဒါပေမယ့် ကွင်းထဲမှာတော့ချွင်းချက်မရှိအောင် ကြိုးစားတဲ့သူပါ။ အသက် ၁၆/၁၇ လောက်နဲ့ ရင့်ကျက် တဲ့ပုံစံပြနိုင်တာဟာ သိပ်ကိုထူးခြားလွန်းပါတယ်။ ဒဏ်ရာသာကင်းစင်နေမယ်ဆိုရင် အကောင်းဆုံးကစားသမား ဖြစ်လာမယ်ဆိုတာကျွန်တော်သိခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်(မန်ယူ ၂၀၀၃-၂၀၀၉)

ဖာဂူဆန်ဟာ စီရော်နယ်ဒိုတစ်ယောက် ခြေစွမ်းပိုကောင်းလာအောင် ပိုပြီးရင့်ကျက်လာအောင် အရောင်တင် ပေးနိုင်ခဲ့သူဖြစ်လို့ ကစားသမားကိုယ်တိုင်က ဘောလုံးနဲ့ပတ်သက်လာရင်သူဟာ ဖခင်တစ်ဦးလိုဘဲလို့ တင်စား ထားရသူပါ။ ၂၀၁၃ ကထွက်တဲ့အတ္ထုပ္ပတ္တိထဲမှာ ဖာဂူဆန်က” ကျွန်တော်နည်းပြခဲ့တဲ့ သူတွေထဲမှာ စီရော်နယ် ဒိုက ပင်ကိုယ်အရအထူးချွန်ဆုံးသူဘဲ။ မန်ယူမှာကျွန်တော်နည်းပြ ပေးခဲ့တဲ့သူတွေအားလုံးကိုလည်း ကျော်ဖြတ် နိုင်ခဲ့တာပါ။

သူ့ကိုအနီးစပ်ဆုံးမီတဲ့သူတွေဆိုလို့ ငယ်မွေးခြံပေါက်တွေဖြစ်တဲ့ ပေါလ်စခိုးလ်နဲ့ ရိုင်ယန်ဂစ် တို့ဘဲ ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ မန်ယူအတွက် ဆယ်စုနှစ်နှစ်ခုနီးပါးလောက် အကျိုးပြုခဲ့ကြသူတွေပါ။ စီရော် နယ်ဒိုဟာ လေ့ကျင့်ခန်းမှာလည်းအရမ်းကြိုးစားတဲ့အပြင် ခွန်အား၊ အစွမ်းသတ္တိ၊ အရည်အသွေး၊ ဘယ်ခြေရော ညာခြေပါအသုံးပြုနိုင်မှု နဲ့ခေါင်းတိုက်အရည်အသွေးတွေမှာ ဘာမှကိုပြောစရာမရှိပါဘူး” လို့ဆိုခဲ့ပါတယ်။

ပယ်လီဂရီနီ(ရီးရဲလ်မက်ဒရစ် ၂၀၀၉-၂၀၁၀)

စီရော်နယ်ဒိုကို ရီးရဲလ်မှာပထမဆုံးနည်းပြပေးခဲ့သူက ပယ်လီဂရီနီပါ။ သူက ၂၀၁၆ မှာအခုလိုဘဲပြောဘူးပါ တယ်။” ဒီကနေ့လိုမျိုး ကျော်ကြားတဲ့သူဖြစ်လာမယ်ဆိုတာကို ကျွန်တော်အရင်ကတည်းကသံသယမရှိခဲ့ပါဘူး။ စီရော်နယ်ဒိုနဲ့ မက်ဆီ တို့ကိုဘယ်သူမှမယှဥ်နိုင်တဲ့အတွက် Ballon d’Or ဆုကိုသူတို့တွေဘဲလှည့်ယူနေတာ မဆန်းပါဘူး” လို့ပြောခဲ့ပါတယ်။

မော်ရင်ဟို( ရီးရဲလ်မက်ဒရစ် ၂၀၁၀-၂၀၁၃)

မော်ရင်ဟိုနဲ့ စီရော်နယ်ဒိုဟာ သိပ်ပြီးတော့ အစေးကပ်လှတဲ့သူတွေမဟုတ်ပါဘူး။ ဒါပေမယ့် ရီးရဲလ်မှာ မော်ရင် ဟိုရှိနေတဲ့ ၃ ရာသီအတွင်းမှာ စီရော်နယ်ဒိုက အရမ်းအားကိုးခဲ့ရတာပါ။ ရီးရဲလ်နဲ့လမ်းခွဲပြီးမကြာခင်မှာ မော် ရင်ဟိုက” စီရော်နယ်ဒိုကို နည်းပြပေးရတာကျွန်တော့်နည်းပြဘဝရဲ့ အတောက်ပဆုံးအချိန်တွေပါ။ ကျွန်တော် တွေ့ခဲ့သမျှထဲမှာ ပရော်ဖက်ရှင်နယ်အကျဆုံးသူလည်းဖြစ်ပါတယ်။

နည်းပြနဲ့ ကစားသမားတွေဆိုတာ အမြင် ကွဲပြားမှုတွေရှိကြတာပါဘဲ။ သူ့ကိုပိုပြီးတိုးတက်ဖို့အတွက် ကျွန်တော့်ဘက်က နည်းဗျူဟာအမြင်နဲ့ ဝေဖန်ခဲ့ ပေမယ့် သူကောင်းကောင်းနားမထောင်ပါဘူး။ ဒါကလည်းအရာရာကိုသူသိနေတာဖြစ်နိုင်သလို သူတိုးတက်ဖို့ အတွက် နည်းပြအကူအညီမလိုဘူးဆိုတဲ့သဘောလည်းဖြစ်နိုင်ပါတယ်” လို့ပြောခဲ့ပါတယ်။

အန်ဆလော့တီ(ရီးရဲလ် ၂၀၁၃-၂၀၁၅) 

ဖာဂူဆန်ပြီးရင် စီရော်နယ်ဒိုအလေးစားဆုံးသူက အန်ဆလော့တီပါဘဲ။ သူတို့ဟာအပြန်အလှန်လေးစားမှုလည်း ရှိကြပြီး စီရော်နယ်ဒိုကိုယ်တိုင်က ဖြစ်နိုင်ရင်သူတို့နှစ်ယောက်တစ်သင်းတည်းမှာ ပြန်ဆုံခြင်သေးတယ်လို့ ပြော ခဲ့ဘူးတဲ့အထိပါဘဲ။ ၂၀၁၆ မှာ အန်ဆလော့တီက” ရီးရဲလ်ကိုနည်းပြခဲ့တော့မှ စီရော်နယ်ဒိုဟာ အများထင်သလို မဟုတ်ဘူးဆိုတာ သိခဲ့ရတာပါ။

အားလုံးလိုလိုက စီရော်နယ်ဒိုဟာသူ့ပုံစံကို စွဲလန်းလွန်းတာ၊ ဂိုးသွင်းပြီးအောင် ပွဲခံတာတွေနဲ့ ပတ်သက်ပြီး တစ်မျိုးမြင်နေကြတာပါ။ ဒါပေမယ့် စီရော်နယ်ဒိုဟာ အမြဲတမ်းအကောင်းဆုံးတွေ ဖြစ်ဖို့ဘဲ ဆန္ဒရှိနေသလို့ အဝတ်လဲခန်းထဲမှာ မှန်ရှေ့ရပ်ပြီး သူ့ပုံစံဘယ်လိုရှိနေသလဲဆိုတာ ကြည့်နေမှုမျိုး တစ် ခါမှ မမြင်ခဲ့ရပါဘူး။ သူအမြဲတမ်းဦးစားပေးခဲ့တာက အသင်းအနိုင်ရဖို့ပါဘဲ” လို့ဆိုခဲ့ပါတယ်။

ဇီဒန်း(၂၀၁၆-၂၀၁၈)

ဇီဒန်းဟာ ရီးရဲလ်မှာ စီရော်နယ်ဒိုလက်တွဲခဲ့တဲ့ နောက်ဆုံးနည်းပြဖြစ်ပါတယ်။ ဒီပြင်သစ်သားဟာ ရီးရဲလ်ကို လာလီဂါချန်ပီယံဘွဲ့အပြင် ချန်ပီယံလိဂ်ဖလားကိုလည်း ၃ ကြိမ်ဆက်ရယူပေးခဲ့တာပါ။ စီရော်နယ်ဒိုထွက်သွား ပြီး တစ်နှစ်အကြာမှာ ဇီဒန်းက” ဘယ်သူ့ကိုထပ်ခေါ်ပါစေ စီရော်နယ်ဒိုရဲ့နေရာမှာတော့ အစားထိုးလို့ မရပါဘူး။ အရည်အသွေးမြင်မားတဲ့သူကို ခေါ်လို့ရပေမယ့် စီရော်နယ်ဒိုလုပ်ပြခဲ့သလိုမျိုး ဘယ်သူမှစွမ်းဆောင် နိုင်မှာ မဟုတ်ပါဘူး”လို့ပြောခဲ့ပါတယ်။

ဇီဒန်းဟာ ကစားသမားဘဝတုန်းက အကောင်းဆုံးဆုတွေကို ဆွတ်ခူး နိုင်ခဲ့သူဖြစ်လို့ စီရော်နယ်ဒိုနဲ့ ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းကိုလည်းအခုလိုဘဲ ဖြေကြားခဲ့ဘူးပါတယ်။ သူက” ကျွန်တော်လည်း ကောင်းကောင်းကစားနိုင်ခဲ့တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်တာဝန်က ဂိုးသွင်း ဖို့မဟုတ်ပါဘူး။ အရေးပါတဲ့ ဂိုးတွေသွင်းခဲ့ဘူးတာမှန်ပေမယ့် အရမ်းတော့မများဘူးလေ။ စီရော်နယ်ဒိုကတော့ အသင်းနိုင်ဖို့အတွက် အရေးပါတဲ့ဂိုးတွေအများကြီးသွင်းပေးနေတာပါ” လို့ပြောခဲ့ပါတယ်။

အယ်လီဂရီ(၂၀၁၈-၂၀၁၉)

”စီရော်နယ်ဒိုရဲ့ အားသာချက်က စိတ်ပိုင်းဆိုင်ရာဘဲဗျ။ သူဟာအသက်ကြီးလာပေမယ့် အရာရာအတွက် အရေး ပါနေတဲ့သူဖြစ်နေတုန်းပါ။ သူနဲ့ အလားအလာရှိတဲ့ လူငယ်တစ်ဦးကိုရွေးပါဆိုရင် အသက် ၃၄ နှစ်ရှိတဲ့ စီရော် နယ်ဒိုကိုဘဲ ရွေးမှာပါ။ စိတ်ဓါတ်ပြင်းလို့လည်း အောင်မြင်မှုတွေဆက်တိုက်ရနေတာပေါ့”။

ဆာရီ(၂၀၁၉-၂၀၂၀)

”စီရော်နယ်ဒိုရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေက သိပ်ကိုထူးခြားလွန်းတယ်။ သူဟာတစ်ဂိုးသွင်းပြီး လည်း နောက်တစ်ဂိုးအတွက် အဆင်သင့်ဖြစ်နေတဲ့သူပါ”

ပီယာလို(၂၀၂၀-….)

”စီရော်နယ်ဒိုဟာ ကြီးကျယ်ခမ်းနားတဲ့ ပရော်ဖက်ရှင်နယ်ဖြစ်တယ်ဆိုတာ သိပြီးသားပါ။ လေ့ကျင့်ရေးမှာရော ကွင်းထဲမှာကစားတဲ့ အခါတွေမှာပါအားလုံးအတွက်စံပြဖြစ်အောင်လည်း ပြုမူနေထိုင်ပါတယ်။ သူ့ကိုပေးချင်တဲ့ တစ်ခုတည်းသော အကြံက လက်ရှိပုံစံအတိုင်းဘဲသွားပါ။ ဒါဆိုရင် လူငယ်တစ်ဦးလိုဘဲ ဆက်ဖြစ်နေပါလိမ့်မယ် ဆိုတာပါဘဲ” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ခဲ့တဲ့ စီေရာ္နယ္ဒို အေပၚသူ႔နည္းျပေဟာင္းေတြဘာေျပာခဲ့ဘူးသလဲ

ဂ်ဴဗင္တပ္က နာပိုလီကိုအႏိုင္ရခဲ့တဲ့ အီတလီစူပါဖလားပြဲမွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ စီေရာ္နယ္ဒိုဟာ ေဘာလုံး သမိုင္းမွာ တရားဝင္သတ္မွတ္ခ်က္အရ ၇၆၀ ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ရပ္တည္ခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ဒီပြဲရဲ႕ ပြဲခ်ိန္ ၆၄ မိနစ္မွာဂ်ဴဗင္တပ္အတြက္အဖြင့္ဂိုးသြင္းယူခဲ့သူလည္းျဖစ္ပါ တယ္။ ဂ်ဴဗင္တပ္ဟာ နာပိုလီကို ၂-၀ နဲ႔ႏိုင္ၿပီး အီတလီစူပါဖလားကို အရယူႏိုင္ခဲ့တာျဖစ္လို႔ နည္းျပပီယာလို အတြက္ ပထမဆုံးရယူႏိုင္ခဲ့တဲ့ ဖလားလည္းျဖစ္ခဲ့ပါတယ္။ ဒီလိုမ်ိဳးႀကီးက်ယ္ခမ္းနားလွတဲ့ သမိုင္းတစ္ရပ္ကို ေရးထိုးႏိုင္ခဲ့ၿပီးေနာက္ အရင္ကတည္းက သူကိုခ်ီးက်ဴးခဲ့တဲ့နည္းျပေဟာင္းေတြရဲ႕ စကားသံေတြဘယ္လိုရွိ ခဲ့သလဲ ဆိုတာၾကည့္လိုက္ၾကရေအာင္ပါ။

လက္စ္လိုဘိုလိုနီ(စပို႔တင္းလစၥဘြန္း-၂၀၀၁-၂၀၀၃)

ဘိုလိုနီဟာ စီေရာ္နယ္ဒိုကို စပို႔တင္းလူငယ္အသင္းကေနဆြဲတင္ေပးၿပီး အသင္းႀကီးမွာပါေနရာေပးခဲ့သူျဖစ္လို႔ ဒီေပၚတူဂီသားရဲ႕ဘဝမွာအေရးပါဆုံးသူေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ ဘိုလိုနီက” လ်င္ျမန္လြန္းၿပီး နည္းစ နစ္လည္းေကာင္းသလို ႐ုပ္ပိုင္းဆိုင္ရာလည္းႀကံ့ခိုင္လို႔ သူ႔ကို B အသင္းဆီေခၚခဲ့တာပါ။ အဲဒီမွာကစားၿပီးေနာက္ ကြၽန္ေတာ့္မွန္းဆခ်က္ေတြ တစ္ခုမွမမွားခဲ့လို႔ လူငယ္အသင္းဆီမင္းျပန္သြားစရာ မလိုေတာ့ဘူးလို႔ ေျပာခဲ့ပါ တယ္။ သူဟာအ႐ြယ္နဲ႔မလိုက္ေအာင္ ကစားျပႏိုင္ခဲ့သလို အဝတ္လဲခန္းထဲမွာလည္း လူေနာက္တစ္ဦးျဖစ္ပါ တယ္။ ဒါေပမယ့္ ကြင္းထဲမွာေတာ့ခြၽင္းခ်က္မရွိေအာင္ ႀကိဳးစားတဲ့သူပါ။ အသက္ ၁၆/၁၇ ေလာက္နဲ႔ ရင့္က်က္ တဲ့ပုံစံျပႏိုင္တာဟာ သိပ္ကိုထူးျခားလြန္းပါတယ္။ ဒဏ္ရာသာကင္းစင္ေနမယ္ဆိုရင္ အေကာင္းဆုံးကစားသမား ျဖစ္လာမယ္ဆိုတာကြၽန္ေတာ္သိခဲ့ပါတယ္” လို႔ေျပာခဲ့ပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္(မန္ယူ ၂၀၀၃-၂၀၀၉)

ဖာဂူဆန္ဟာ စီေရာ္နယ္ဒိုတစ္ေယာက္ ေျခစြမ္းပိုေကာင္းလာေအာင္ ပိုၿပီးရင့္က်က္လာေအာင္ အေရာင္တင္ ေပးႏိုင္ခဲ့သူျဖစ္လို႔ ကစားသမားကိုယ္တိုင္က ေဘာလုံးနဲ႔ပတ္သက္လာရင္သူဟာ ဖခင္တစ္ဦးလိုဘဲလို႔ တင္စား ထားရသူပါ။ ၂၀၁၃ ကထြက္တဲ့အတၳဳပၸတၱိထဲမွာ ဖာဂူဆန္က” ကြၽန္ေတာ္နည္းျပခဲ့တဲ့ သူေတြထဲမွာ စီေရာ္နယ္ ဒိုက ပင္ကိုယ္အရအထူးခြၽန္ဆုံးသူဘဲ။ မန္ယူမွာကြၽန္ေတာ္နည္းျပ ေပးခဲ့တဲ့သူေတြအားလုံးကိုလည္း ေက်ာ္ျဖတ္ ႏိုင္ခဲ့တာပါ။ သူ႔ကိုအနီးစပ္ဆုံးမီတဲ့သူေတြဆိုလို႔ ငယ္ေမြးၿခံေပါက္ေတြျဖစ္တဲ့ ေပါလ္စခိုးလ္နဲ႔ ႐ိုင္ယန္ဂစ္ တို႔ဘဲ ရွိပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ မန္ယူအတြက္ ဆယ္စုႏွစ္ႏွစ္ခုနီးပါးေလာက္ အက်ိဳးျပဳခဲ့ၾကသူေတြပါ။ စီေရာ္ နယ္ဒိုဟာ ေလ့က်င့္ခန္းမွာလည္းအရမ္းႀကိဳးစားတဲ့အျပင္ ခြန္အား၊ အစြမ္းသတၱိ၊ အရည္အေသြး၊ ဘယ္ေျခေရာ ညာေျခပါအသုံးျပဳႏိုင္မႈ နဲ႔ေခါင္းတိုက္အရည္အေသြးေတြမွာ ဘာမွကိုေျပာစရာမရွိပါဘူး” လို႔ဆိုခဲ့ပါတယ္။

ပယ္လီဂရီနီ(ရီးရဲလ္မက္ဒရစ္ ၂၀၀၉-၂၀၁၀)

စီေရာ္နယ္ဒိုကို ရီးရဲလ္မွာပထမဆုံးနည္းျပေပးခဲ့သူက ပယ္လီဂရီနီပါ။ သူက ၂၀၁၆ မွာအခုလိုဘဲေျပာဘူးပါ တယ္။” ဒီကေန႔လိုမ်ိဳး ေက်ာ္ၾကားတဲ့သူျဖစ္လာမယ္ဆိုတာကို ကြၽန္ေတာ္အရင္ကတည္းကသံသယမရွိခဲ့ပါဘူး။ စီေရာ္နယ္ဒိုနဲ႔ မက္ဆီ တို႔ကိုဘယ္သူမွမယွဥ္ႏိုင္တဲ့အတြက္ Ballon d’Or ဆုကိုသူတို႔ေတြဘဲလွည့္ယူေနတာ မဆန္းပါဘူး” လို႔ေျပာခဲ့ပါတယ္။

ေမာ္ရင္ဟို( ရီးရဲလ္မက္ဒရစ္ ၂၀၁၀-၂၀၁၃)

မာ္ရင္ဟိုနဲ႔ စီေရာ္နယ္ဒိုဟာ သိပ္ၿပီးေတာ့ အေစးကပ္လွတဲ့သူေတြမဟုတ္ပါဘူး။ ဒါေပမယ့္ ရီးရဲလ္မွာ ေမာ္ရင္ ဟိုရွိေနတဲ့ ၃ ရာသီအတြင္းမွာ စီေရာ္နယ္ဒိုက အရမ္းအားကိုးခဲ့ရတာပါ။ ရီးရဲလ္နဲ႔လမ္းခြဲၿပီးမၾကာခင္မွာ ေမာ္ ရင္ဟိုက” စီေရာ္နယ္ဒိုကို နည္းျပေပးရတာကြၽန္ေတာ့္နည္းျပဘဝရဲ႕ အေတာက္ပဆုံးအခ်ိန္ေတြပါ။ ကြၽန္ေတာ္ ေတြ႕ခဲ့သမွ်ထဲမွာ ပေရာ္ဖက္ရွင္နယ္အက်ဆုံးသူလည္းျဖစ္ပါတယ္။ နည္းျပနဲ႔ ကစားသမားေတြဆိုတာ အျမင္ ကြဲျပားမႈေတြရွိၾကတာပါဘဲ။ သူ႔ကိုပိုၿပီးတိုးတက္ဖို႔အတြက္ ကြၽန္ေတာ့္ဘက္က နည္းဗ်ဴဟာအျမင္နဲ႔ ေဝဖန္ခဲ့ ေပမယ့္ သူေကာင္းေကာင္းနားမေထာင္ပါဘူး။ ဒါကလည္းအရာရာကိုသူသိေနတာျဖစ္ႏိုင္သလို သူတိုးတက္ဖို႔ အတြက္ နည္းျပအကူအညီမလိုဘူးဆိုတဲ့သေဘာလည္းျဖစ္ႏိုင္ပါတယ္” လို႔ေျပာခဲ့ပါတယ္။

အန္ဆေလာ့တီ(ရီးရဲလ္ ၂၀၁၃-၂၀၁၅)

ဖာဂူဆန္ၿပီးရင္ စီေရာ္နယ္ဒိုအေလးစားဆုံးသူက အန္ဆေလာ့တီပါဘဲ။ သူတို႔ဟာအျပန္အလွန္ေလးစားမႈလည္း ရွိၾကၿပီး စီေရာ္နယ္ဒိုကိုယ္တိုင္က ျဖစ္ႏိုင္ရင္သူတို႔ႏွစ္ေယာက္တစ္သင္းတည္းမွာ ျပန္ဆုံျခင္ေသးတယ္လို႔ ေျပာ ခဲ့ဘူးတဲ့အထိပါဘဲ။ ၂၀၁၆ မွာ အန္ဆေလာ့တီက” ရီးရဲလ္ကိုနည္းျပခဲ့ေတာ့မွ စီေရာ္နယ္ဒိုဟာ အမ်ားထင္သလို မဟုတ္ဘူးဆိုတာ သိခဲ့ရတာပါ။ အားလုံးလိုလိုက စီေရာ္နယ္ဒိုဟာသူ႔ပုံစံကို စြဲလန္းလြန္းတာ၊ ဂိုးသြင္းၿပီးေအာင္ ပြဲခံတာေတြနဲ႔ ပတ္သက္ၿပီး တစ္မ်ိဳးျမင္ေနၾကတာပါ။ ဒါေပမယ့္ စီေရာ္နယ္ဒိုဟာ အၿမဲတမ္းအေကာင္းဆုံးေတြ ျဖစ္ဖို႔ဘဲ ဆႏၵရွိေနသလို႔ အဝတ္လဲခန္းထဲမွာ မွန္ေရွ႕ရပ္ၿပီး သူ႔ပုံစံဘယ္လိုရွိေနသလဲဆိုတာ ၾကည့္ေနမႈမ်ိဳး တစ္ ခါမွ မျမင္ခဲ့ရပါဘူး။ သူအၿမဲတမ္းဦးစားေပးခဲ့တာက အသင္းအႏိုင္ရဖို႔ပါဘဲ” လို႔ဆိုခဲ့ပါတယ္။

ဇီဒန္း(၂၀၁၆-၂၀၁၈)

ဇီဒန္းဟာ ရီးရဲလ္မွာ စီေရာ္နယ္ဒိုလက္တြဲခဲ့တဲ့ ေနာက္ဆုံးနည္းျပျဖစ္ပါတယ္။ ဒီျပင္သစ္သားဟာ ရီးရဲလ္ကို လာလီဂါခ်န္ပီယံဘြဲ႕အျပင္ ခ်န္ပီယံလိဂ္ဖလားကိုလည္း ၃ ႀကိမ္ဆက္ရယူေပးခဲ့တာပါ။ စီေရာ္နယ္ဒိုထြက္သြား ၿပီး တစ္ႏွစ္အၾကာမွာ ဇီဒန္းက” ဘယ္သူ႔ကိုထပ္ေခၚပါေစ စီေရာ္နယ္ဒိုရဲ႕ေနရာမွာေတာ့ အစားထိုးလို႔ မရပါဘူး။ အရည္အေသြးျမင္မားတဲ့သူကို ေခၚလို႔ရေပမယ့္ စီေရာ္နယ္ဒိုလုပ္ျပခဲ့သလိုမ်ိဳး ဘယ္သူမွစြမ္းေဆာင္ ႏိုင္မွာ မဟုတ္ပါဘူး”လို႔ေျပာခဲ့ပါတယ္။ ဇီဒန္းဟာ ကစားသမားဘဝတုန္းက အေကာင္းဆုံးဆုေတြကို ဆြတ္ခူး ႏိုင္ခဲ့သူျဖစ္လို႔ စီေရာ္နယ္ဒိုနဲ႔ ဘယ္သူပိုေကာင္းသလဲဆိုတဲ့ ေမးခြန္းကိုလည္းအခုလိုဘဲ ေျဖၾကားခဲ့ဘူးပါတယ္။ သူက” ကြၽန္ေတာ္လည္း ေကာင္းေကာင္းကစားႏိုင္ခဲ့တာမွန္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္တာဝန္က ဂိုးသြင္း ဖို႔မဟုတ္ပါဘူး။ အေရးပါတဲ့ ဂိုးေတြသြင္းခဲ့ဘူးတာမွန္ေပမယ့္ အရမ္းေတာ့မမ်ားဘူးေလ။ စီေရာ္နယ္ဒိုကေတာ့ အသင္းႏိုင္ဖို႔အတြက္ အေရးပါတဲ့ဂိုးေတြအမ်ားႀကီးသြင္းေပးေနတာပါ” လို႔ေျပာခဲ့ပါတယ္။

အယ္လီဂရီ(၂၀၁၈-၂၀၁၉)

”စီေရာ္နယ္ဒိုရဲ႕ အားသာခ်က္က စိတ္ပိုင္းဆိုင္ရာဘဲဗ်။ သူဟာအသက္ႀကီးလာေပမယ့္ အရာရာအတြက္ အေရး ပါေနတဲ့သူျဖစ္ေနတုန္းပါ။ သူနဲ႔ အလားအလာရွိတဲ့ လူငယ္တစ္ဦးကိုေ႐ြးပါဆိုရင္ အသက္ ၃၄ ႏွစ္ရွိတဲ့ စီေရာ္ နယ္ဒိုကိုဘဲ ေ႐ြးမွာပါ။ စိတ္ဓါတ္ျပင္းလို႔လည္း ေအာင္ျမင္မႈေတြဆက္တိုက္ရေနတာေပါ့”။

ဆာရီ(၂၀၁၉-၂၀၂၀)

”စီေရာ္နယ္ဒိုရဲ႕ ႐ုပ္ပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈေတြက သိပ္ကိုထူးျခားလြန္းတယ္။ သူဟာတစ္ဂိုးသြင္းၿပီး လည္း ေနာက္တစ္ဂိုးအတြက္ အဆင္သင့္ျဖစ္ေနတဲ့သူပါ”

ပီယာလို(၂၀၂၀-….)

”စီေရာ္နယ္ဒိုဟာ ႀကီးက်ယ္ခမ္းနားတဲ့ ပေရာ္ဖက္ရွင္နယ္ျဖစ္တယ္ဆိုတာ သိၿပီးသားပါ။ ေလ့က်င့္ေရးမွာေရာ ကြင္းထဲမွာကစားတဲ့ အခါေတြမွာပါအားလုံးအတြက္စံျပျဖစ္ေအာင္လည္း ျပဳမူေနထိုင္ပါတယ္။ သူ႔ကိုေပးခ်င္တဲ့ တစ္ခုတည္းေသာ အႀကံက လက္ရွိပုံစံအတိုင္းဘဲသြားပါ။ ဒါဆိုရင္ လူငယ္တစ္ဦးလိုဘဲ ဆက္ျဖစ္ေနပါလိမ့္မယ္ ဆိုတာပါဘဲ” လို႔ေျပာသြားပါတယ္။