သမိုင်းတစ်လျှောက် အကောင်းဆုံး ၅ ယောက်ထဲမှာ စီရော်နယ်ဒိုမပါဘူးလို့ ပြောလိုက်တဲ့ ကက်ဆာနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ၅ ယောက်ထဲမှာ စီရော်နယ်ဒို မပါဘူးလို့ ရီးရဲလ်နဲ့အေစီမီလန်ကြယ်ပွင့်ဟောင်း ကက်ဆာနိုက ပြောကြားလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ မကြာသေးခင်ကပဲ နိုင်ငံဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ပြီး အဲဒါဟာ သူ့ရဲ့ကစားသမားဘဝစံချိန်မှတ်တမ်းတွေထဲမှာ အရေးကြီးဆုံးတစ်ခုဖြစ်ခဲ့တာပါ။

၃၆ နှစ်အရွယ် အဲဒီပေါ်တူဂီစူပါစတားဟာ မတူညီတဲ့ ထိပ်တန်းလိဂ် ၃ ခုမှာ အောင်မြင်ခဲ့သလို သူ ၅ ကြိမ်တိုင် ဗိုလ်စွဲခဲ့တဲ့ချန်ပီယံလိဂ်မှာလည်း စံချိန်တင်ဂိုးသွင်းရှင် ဖြစ်ပါတယ်။

ဒါပေမဲ့ အီတလီအတွက် ၃၉ ပွဲကစားပေးထားတဲ့ ကက်ဆာနိုကတော့ စီရော်နယ်ဒိုရဲ့စွမ်းဆောင်နိုင်မှုတွေကို အသိအမှတ်မပြုခဲ့ပါဘူး။

ကစားသမားဘ၀ ၇၉၄ ဂိုးသွင်းထားပေမယ့်လည်း ကက်ဆာနိုကတော့ စီရော်နယ်ဒိုကိုတော့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားစာရင်းထဲ မထည့်ထားတာပါ။

”ချဲ့ကားပြောတာတွေ တော်ပါပြီဗျာ။

စီရော်နယ်ဒိုက သမိုင်းတစ်လျှောက် အကောင်းဆုံးတဲ့လား။

သူက ထိပ်ဆုံး ၅ ယောက်ထဲမှာတောင် မပါပါဘူး။

ကျွန်တော့်အတွက်ကတော့ မက်ဆီ၊ ပီလီ၊ မာရာဒိုနာ၊ ဂျိုဟန်ခရိုက်ဖ်နဲ့ ရော်နယ်ဒိုကြီးတို့ကသာ တခြားအဆင့်မှာပါ”လို့ ကက်ဆာနိုက အီတလီရုပ်သံတစ်ခုမှာ ပြောခဲ့တာပါ။

၃၉ နှစ်အရွယ် ကက်ဆာနိုဟာ မကြာသေးခင်နှစ်တွေအတွင်း စီရော်နယ်ဒိုကို ဝေဖန်မှုတွေလုပ်ခဲ့သူဖြစ်ပြီး ဂျုဗင်တပ်မှာ ကျရှုံးသူတစ်ယောက်လို့ ပြောခဲ့သလို သူ့ကိုယ်သူပဲ စဉ်းစားတတ်သူလို့လည်း ဆိုခဲ့ပါတယ်။

ဒါ့အပြင် ကက်ဆာနိုက အဲဒီမန်ယူကြယ်ပွင့်ဟာ သူကစားတဲ့အသင်းထက် သူ့ရဲ့ဆိုရှယ်မီဒီယာပုံရိပ်ကိုသာ ပိုပြီးအာရုံစိုက်နေတယ်လို့ အငြင်းပွားဖွယ်ပြောခဲ့ပါသေးတယ်။

ကက်ဆာနိုက”စီရော်နယ်ဒိုဟာ ထုတ်လုပ်ထားတဲ့အရည်အသွေးတစ်ခုပါဗျာ။ မက်ဆီထက် သူ့အကြောင်းကို ပိုပြောကြတယ်။

ဒါပေမဲ့ ဘောလုံးမှာတော့ သူတို့နှစ်ယောက်ဟာ ကွဲပြားခြားနားပါတယ်။

စီရော်နယ်ဒိုက တည်ဆောက်ထားတဲ့အရည်အသွေးတစ်ခုဖြစ်ပြီး အခြားတစ်ဖက်မှာ မက်ဆီကတော့ ဖက်ဒါရာ၊မိုက်ကယ်ဂျော်ဒန်နဲ့မာရာဒိုနာတို့ဖြစ်ကာ

ဘဝမှာ ကျွန်တော်တို့နောက်ထပ်မြင်ရမှာမဟုတ်တော့တဲ့ တစ်စုံတစ်ခုပေါ့”လို့ တစ်ခါတုန်းက ပြောခဲ့ဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံး ၅ ေယာက္ထဲမွာ စီေရာ္နယ္ဒိုမပါဘူးလို႔ ေျပာလိုက္တဲ့ ကက္ဆာႏို

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံး ၅ ေယာက္ထဲမွာ စီေရာ္နယ္ဒို မပါဘူးလို႔ ရီးရဲလ္နဲ႔ေအစီမီလန္ၾကယ္ပြင့္ေဟာင္း ကက္ဆာႏိုက ေျပာၾကားလိုက္ပါတယ္။

စီေရာ္နယ္ဒိုဟာ မၾကာေသးခင္ကပဲ ႏိုင္ငံေဘာလုံးသမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့ၿပီး အဲဒါဟာ သူ႔ရဲ႕ကစားသမားဘဝစံခ်ိန္မွတ္တမ္းေတြထဲမွာ အေရးႀကီးဆုံးတစ္ခုျဖစ္ခဲ့တာပါ။

၃၆ ႏွစ္အ႐ြယ္ အဲဒီေပၚတူဂီစူပါစတားဟာ မတူညီတဲ့ ထိပ္တန္းလိဂ္ ၃ ခုမွာ ေအာင္ျမင္ခဲ့သလို သူ ၅ ႀကိမ္တိုင္ ဗိုလ္စြဲခဲ့တဲ့ခ်န္ပီယံလိဂ္မွာလည္း စံခ်ိန္တင္ဂိုးသြင္းရွင္ ျဖစ္ပါတယ္။

ဒါေပမဲ့ အီတလီအတြက္ ၃၉ ပြဲကစားေပးထားတဲ့ ကက္ဆာႏိုကေတာ့ စီေရာ္နယ္ဒိုရဲ႕စြမ္းေဆာင္ႏိုင္မႈေတြကို အသိအမွတ္မျပဳခဲ့ပါဘူး။

ကစားသမားဘ၀ ၇၉၄ ဂိုးသြင္းထားေပမယ့္လည္း ကက္ဆာႏိုကေတာ့ စီေရာ္နယ္ဒိုကိုေတာ့ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားစာရင္းထဲ မထည့္ထားတာပါ။

”ခ်ဲ႕ကားေျပာတာေတြ ေတာ္ပါၿပီဗ်ာ။ စီေရာ္နယ္ဒိုက သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးတဲ့လား။ သူက ထိပ္ဆုံး ၅ ေယာက္ထဲမွာေတာင္ မပါပါဘူး။ ကြၽန္ေတာ့္အတြက္ကေတာ့ မက္ဆီ၊ ပီလီ၊ မာရာဒိုနာ၊ ဂ်ိဳဟန္ခ႐ိုက္ဖ္နဲ႔ ေရာ္နယ္ဒိုႀကီးတို႔ကသာ တျခားအဆင့္မွာပါ”လို႔ ကက္ဆာႏိုက အီတလီ႐ုပ္သံတစ္ခုမွာ ေျပာခဲ့တာပါ။

၃၉ ႏွစ္အ႐ြယ္ ကက္ဆာႏိုဟာ မၾကာေသးခင္ႏွစ္ေတြအတြင္း စီေရာ္နယ္ဒိုကို ေဝဖန္မႈေတြလုပ္ခဲ့သူျဖစ္ၿပီး ဂ်ဳဗင္တပ္မွာ က်ရႈံးသူတစ္ေယာက္လို႔ ေျပာခဲ့သလို သူ႔ကိုယ္သူပဲ စဥ္းစားတတ္သူလို႔လည္း ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ကက္ဆာႏိုက အဲဒီမန္ယူၾကယ္ပြင့္ဟာ သူကစားတဲ့အသင္းထက္ သူ႔ရဲ႕ဆိုရွယ္မီဒီယာပုံရိပ္ကိုသာ ပိုၿပီးအာ႐ုံစိုက္ေနတယ္လို႔ အျငင္းပြားဖြယ္ေျပာခဲ့ပါေသးတယ္။

ကက္ဆာႏိုက”စီေရာ္နယ္ဒိုဟာ ထုတ္လုပ္ထားတဲ့အရည္အေသြးတစ္ခုပါဗ်ာ။ မက္ဆီထက္ သူ႔အေၾကာင္းကို ပိုေျပာၾကတယ္။ ဒါေပမဲ့ ေဘာလုံးမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ကြဲျပားျခားနားပါတယ္။

စီေရာ္နယ္ဒိုက တည္ေဆာက္ထားတဲ့အရည္အေသြးတစ္ခုျဖစ္ၿပီး အျခားတစ္ဖက္မွာ မက္ဆီကေတာ့ ဖက္ဒါရာ၊မိုက္ကယ္ေဂ်ာ္ဒန္နဲ႔မာရာဒိုနာတို႔ျဖစ္ကာ ဘဝမွာ ကြၽန္ေတာ္တို႔ေနာက္ထပ္ျမင္ရမွာမဟုတ္ေတာ့တဲ့ တစ္စုံတစ္ခုေပါ့”လို႔ တစ္ခါတုန္းက ေျပာခဲ့ဖူးပါတယ္။