သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဓိကပြိုင်ပွဲကြီးကို ခြေစစ်ပွဲအောင်သွားပြီးနောက် ဖင်လန်မြို့တော်တစ်ဝှမ်း အုံးအုံးကြွကြွဖြစ်သွား

Photo Credit

Photo Credit ; AP

နောဝစ်ချ်အသင်းတိုက်စစ်မှူး တီမိုပူကီရဲ့ သွင်းဂိုးတွေနဲ့ ဖင်လန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မှုအဖြစ် ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်သွားပြီးနောက် မြို့တော်ဟယ်လ်ဆင်ကီမှာ ပရိသတ်တွေလည်း အုံးအုံးကြွက်ကြွက်အောင်ပွဲခံသွားပါတယ်။

Photo Credit ; Getty Images

နောဝစ်ချ်ကြယ်ပွင့်ဟာ ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးခြေစွမ်းတွေ ပိုင်ဆိုင်ထားပြီး ပွဲစဉ် ၉ ပွဲမှာ ၉ ဂိုးသွင်းယူပေးထားကာ ၈၁ နှစ်ကြာ ဖင်လန်အသင်းရဲ့ အိပ်မက်ဆိုးတွေကို ရပ်တန့်စေခဲ့ပါတယ်။

Photo Credit

ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဖင်လန်အသင်းနဲ့ လက်ချင်စတိန်းအသင်းတိ့ုပွဲစဉ်မှာတော့ ဖင်လန်အသင်းက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဖင်လန်အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ဘိုရီဆေ့ာဗ်တိုက်စစ်မှူး တိုမီနန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit ; Getty Images

အနိုင်သေချာစေမယ့် သွင်းဂိုးတွေဖြစ်တဲ့ နောက်ထပ်ဦးဆောင်ဂိုးတွေကိုတော့ နောဝစ်ချ်ကြယ်ပွင့် ပူကီက ၆၄ မိနစ်မှာ ပင်နယ်တီနဲ့ တစ်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၇၅ မိနစ်မှာ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit ; Getty Images

ပြိုင်ပွဲစဉ်တစ်လျှောက် သမိုင်းကို ကြည့်ရှုမယ်ဆိုရင် ဖင်လန်အသင်းဟာ အဓိကပြိုင်ပွဲတွေမှာ ကစားခွင့်မရဘဲ ခြေစစ်ပွဲမအောင်မြင်တဲ့ တစ်သင်းတည်းသော နော်ဒစ်နိုင်ငံအသင်း ဖြစ်ခဲ့ပေမယ့် ၃-၀ နဲ့အဆိုပါနိုင်ပွဲက ဖင်လန်အသင်းအတွက် ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်သွားခဲ့တာပါ။

Photo Credit ; AP

ပွဲပြီးဝီစီမှုတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆိုနီယာကွင်းကြီးထဲကို လူဦးရေ ထောင်ချီရှိတဲ့ ပရိသတ်တွေက ဆင်းပြီး ကစားသမားတွေနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။

Photo Credit ; Getty Images

ဖင်လန်အသင်းဟာ ရမှတ် ၁၈ မှတ်နဲ့ အုပ်စု J ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အီတလီနဲ့ ၆ မှတ်ကွာဟနေပေမယ့် တတိယနေရာက ဂရိအသင်းကို ၇ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။

Photo Credit ; AP

အဲဒီနောက် မြို့တော် ဟယ်လ်ဆင်ကီမှာလည်း ပရိသတ်တွေ သောင်းသောင်းဖျဖျအောင်ပွဲခံခဲ့ပြီး တနင်္လာနေ့မှာ ယူရိုချန်ပီယံဟောင်း ဂရိနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Photo Credit ; Getty Images

Zawgyi


နောဝစ်ခ်ျအသင်းတိုက်စစ်မှူး တီမိုပူကီရဲ့ သွင်းဂိုးတွေနဲ့ ဖင်လန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မှုအဖြစ် ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်သွားပြီးနောက် မြို့တော်ဟယ်လ်ဆင်ကီမှာ ပရိသတ်တွေလည်း အုံးအုံးကြွက်ကြွက်အောင်ပွဲခံသွားပါတယ်။
နောဝစ်ခ်ျကြယ်ပွင့်ဟာ ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးခြေစွမ်းတွေ ပိုင်ဆိုင်ထားပြီး ပွဲစဉ် ၉ ပွဲမှာ ၉ ဂိုးသွင်းယူပေးထားကာ ၈၁ နှစ်ကြာ ဖင်လန်အသင်းရဲ့ အိပ်မက်ဆိုးတွေကို ရပ်တန့်စေခဲ့ပါတယ်။
ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဖင်လန်အသင်းနဲ့ လက်ချင်စတိန်းအသင်းတို့ပွဲစဉ်မှာတော့ ဖင်လန်အသင်းက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဖင်လန်အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ဘိုရီဆော့ဗ်တိုက်စစ်မှူး တိုမီနန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အနိုင်သေချာစေမယ့် သွင်းဂိုးတွေဖြစ်တဲ့ နောက်ထပ်ဦးဆောင်ဂိုးတွေကိုတော့ နောဝစ်ခ်ျကြယ်ပွင့် ပူကီက ၆၄ မိနစ်မှာ ပင်နယ်တီနဲ့ တစ်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၇၅ မိနစ်မှာ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။