သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးအဖြစ် ရော်နယ်ဒိုကို သတ်မှတ်လိုက်တဲ့ မိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်ကြယ်ပွင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားအဖြစ် ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုကို ရွေးချယ်လိုက်ပါတယ်။


ဆွီဒင်အသင်းခေါင်းဆောင်ဟောင်း မိုဗစ်ဟာ ဇီဗက်ဇ်ဒါနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ယူရိုပါလိဂ်ပွဲမတိုင်ခင် အထက်ပါအတိုင်းဖွင့်ဟခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ပေါ်ဆုံးကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကိုကျော်ဖြတ်ကာ ရော်နယ်ဒို(ဒိုကြီး)ကို ထာဝရအကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့တာပါ။


အသက် ၃၉ နှစ်အရွယ်ရှိ မိုဗစ်က ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ဒိုကြီးအနေနဲ့ သူ့ရဲ့အံ့ဖွယ်စွမ်းရည်တွေနဲ့အတူ ဘောလုံးပွဲတွေရဲ့အမြင်ကို ပြောင်းလဲနိုင်ခဲ့ပြီး လက်ရှိဘောလုံးလောကရဲ့မာစတာတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။


”ရော်နယ်ဒိုကို အမည်နာမသတ်မှတ်ဖို့ ဘာမှစဉ်းစားနေစရာမလိုပါဘူး။ ‘အံ့ဖွယ်သူရဲကောင်း’ဆိုတဲ့နာမည်က သူနဲ့အထိုက်တန်ဆုံးပါ။ ကစားသမားတွေထဲမှာ ပွဲကစားတဲ့ကစားသမားနဲ့ ပွဲအဖြစ် ရပ်တည်တဲ့ကစားသမားဆိုပြီး ရှိပါတယ်။ ရော်နယ်ဒိုက ဘောလုံးပွဲပါ”

”သူကစားတာ ခင်ဗျား ကြည့်ဖြစ်တဲ့အချိန်ကျရင် အားလုံးက သူ့လို လိုက်ကစားချင်ပြီး သူ့လိုဖြစ်ချင်လာပါလိမ့်မယ်။ သူ့ရဲ့ရွေ့လျားပုံလမ်းကြောင်း၊ ကျော်ဖြတ်လမ်းကြောင်းတွေ၊ မြွေတစ်ကောင်လို လျှောထွက်နိုင်ခဲ့တာတွေအားလုံးကို ကြည့်မယ်ဆိုရင် ရော်နယ်ဒိုက ကမ္ဘာ့ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးပါပဲ။ ဒါကိုလည်း သံသယမဝင်ပါနဲ့”လို့ မိုဗစ်က ပြောပါတယ်။


ရော်နယ်ဒိုဟာ ၁၉၉၃ ခုနှစ်မှာ မွေးရပ်မြေကလပ် ခရူဇီယိုအသင်းနဲ့အတူ ကစားသမားဘဝစတင်ခဲ့ပြီး အဲဒီနောက် ပီအက်စ်ဗွီ၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ရီးရဲလ်၊ အေစီမီလန်နဲ့ ကိုရီသန်ယန်အသင်းတွေမှာ ကစားခဲ့ပါတယ်။


သူဟာ ကစားသမားဘဝမှာ ၄၅၂ ပွဲကစားခဲ့တဲ့အနက် ၂၉၆ဂိုးအထိ သွင်းယူခဲ့ပြီး ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆု တစ်ကြိမ်နဲ့ ရွှေဘောလုံးဆု ၂ကြိမ်ရရှိခဲ့ရာမှာ ရွှေဘောလုံးဆုရအသက်အငယ်ဆုံးကစားသမားအဖြစ် အသက် ၂၁ နှစ်နဲ့ စံချိန်တင်ထားပါတယ်။


ရော်နယ်ဒိုဟာ ဘာစီလိုနာနဲ့ အင်တာမီလန်တု့ိမှာ ကစားခဲ့စဉ်က အကောင်းဆုံးအချိန်တွေပိုင်ဆိုင်နိုင်ခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သလို နောက် ၄နှစ်အကြာမှာ ဘရာဇီးအသင်း ၅ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးအတွက် အဓိကနေရာကနေ ကူညီနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
သမိုင္းတစ္ေလွ်ာက္ ထာဝရအေကာင္းဆုံးအျဖစ္ ေရာ္နယ္ဒိုကို သတ္မွတ္လိုက္တဲ့ မိုဗစ္
ေအစီမီလန္ၾကယ္ပြင့္တိုက္စစ္မႉး အီဘရာဟီမိုဗစ္က ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ထာဝရအေကာင္းဆုံးကစားသမားအျဖစ္ ဘရာဇီးဂႏၴဝင္တိုက္စစ္မႉး ေရာ္နယ္ဒိုကို ေ႐ြးခ်ယ္လိုက္ပါတယ္။
ဆြီဒင္အသင္းေခါင္းေဆာင္ေဟာင္း မိုဗစ္ဟာ ဇီဗက္ဇ္ဒါနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ယူ႐ိုပါလိဂ္ပြဲမတိုင္ခင္ အထက္ပါအတိုင္းဖြင့္ဟခဲ့တာျဖစ္ၿပီး လက္ရွိကမာၻ႔ေဘာလုံးေလာကရဲ႕ အထင္ေပၚဆုံးကစားသမားေတြျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ကိုေက်ာ္ျဖတ္ကာ ေရာ္နယ္ဒို(ဒိုႀကီး)ကို ထာဝရအေကာင္းဆုံးအျဖစ္ ေ႐ြးခ်ယ္ခဲ့တာပါ။
အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ မိုဗစ္က ၂၀၀၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒိုႀကီးအေနနဲ႔ သူ႔ရဲ႕အံ့ဖြယ္စြမ္းရည္ေတြနဲ႔အတူ ေဘာလုံးပြဲေတြရဲ႕အျမင္ကို ေျပာင္းလဲႏိုင္ခဲ့ၿပီး လက္ရွိေဘာလုံးေလာကရဲ႕မာစတာတစ္ဦးျဖစ္တယ္လို႔ ဆိုပါတယ္။

”ေရာ္နယ္ဒိုကို အမည္နာမသတ္မွတ္ဖို႔ ဘာမွစဥ္းစားေနစရာမလိုပါဘူး။ ‘အံ့ဖြယ္သူရဲေကာင္း’ဆိုတဲ့နာမည္က သူနဲ႔အထိုက္တန္ဆုံးပါ။ ကစားသမားေတြထဲမွာ ပြဲကစားတဲ့ကစားသမားနဲ႔ ပြဲအျဖစ္ ရပ္တည္တဲ့ကစားသမားဆိုၿပီး ရွိပါတယ္။ ေရာ္နယ္ဒိုက ေဘာလုံးပြဲပါ”
”သူကစားတာ ခင္ဗ်ား ၾကည့္ျဖစ္တဲ့အခ်ိန္က်ရင္ အားလုံးက သူ႔လို လိုက္ကစားခ်င္ၿပီး သူ႔လိုျဖစ္ခ်င္လာပါလိမ့္မယ္။ သူ႔ရဲ႕ေ႐ြ႕လ်ားပုံလမ္းေၾကာင္း၊ ေက်ာ္ျဖတ္လမ္းေၾကာင္းေတြ၊ ေႁမြတစ္ေကာင္လို ေလွ်ာထြက္ႏိုင္ခဲ့တာေတြအားလုံးကို ၾကည့္မယ္ဆိုရင္ ေရာ္နယ္ဒိုက ကမာၻ႔ေဘာလုံးေလာကရဲ႕ ထာဝရအေကာင္းဆုံးပါပဲ။ ဒါကိုလည္း သံသယမဝင္ပါနဲ႔”လို႔ မိုဗစ္က ေျပာပါတယ္။
ေရာ္နယ္ဒိုဟာ ၁၉၉၃ ခုႏွစ္မွာ ေမြးရပ္ေျမကလပ္ ခ႐ူဇီယိုအသင္းနဲ႔အတူ ကစားသမားဘဝစတင္ခဲ့ၿပီး အဲဒီေနာက္ ပီအက္စ္ဗြီ၊ ဘာစီလိုနာ၊ အင္တာမီလန္၊ ရီးရဲလ္၊ ေအစီမီလန္နဲ႔ ကိုရီသန္ယန္အသင္းေတြမွာ ကစားခဲ့ပါတယ္။
သူဟာ ကစားသမားဘဝမွာ ၄၅၂ ပြဲကစားခဲ့တဲ့အနက္ ၂၉၆ဂိုးအထိ သြင္းယူခဲ့ၿပီး ဖီဖာကမာၻ႔အေကာင္းဆုံးကစားသမားဆု တစ္ႀကိမ္နဲ႔ ေ႐ႊေဘာလုံးဆု ၂ႀကိမ္ရရွိခဲ့ရာမွာ ေ႐ႊေဘာလုံးဆုရအသက္အငယ္ဆုံးကစားသမားအျဖစ္ အသက္ ၂၁ ႏွစ္နဲ႔ စံခ်ိန္တင္ထားပါတယ္။
ေရာ္နယ္ဒိုဟာ ဘာစီလိုနာနဲ႔ အင္တာမီလန္တု႔ိမွာ ကစားခဲ့စဥ္က အေကာင္းဆုံးအခ်ိန္ေတြပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးအသင္းနဲ႔အတူ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့သလို ေနာက္ ၄ႏွစ္အၾကာမွာ ဘရာဇီးအသင္း ၅ႀကိမ္ေျမာက္ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေရးအတြက္ အဓိကေနရာကေန ကူညီႏိုင္ခဲ့ပါတယ္။