သမိုင်းတစ်လျောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် မန်စီးတီးနဲ့ PSG အသင်းတို့ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းက နိုင်ပွဲထပ်ယူပြီး

အသင်းသမိုင်းတစ်လျောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမအကျော့အဝေးကွင်းပွဲတုန်းက ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်း ဖိအားသိပ်မရှိခဲ့ပေမယ့်

PSG အသင်းကတော့ ၂ ဂိုးပြတ်နိုင်ရမယ်ဆိုတဲ့အခြေအနေကြောင့် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့တယ်။

ဒီလိုအနေအထားကပဲ ဂွါဒီယိုလာ လိုချင်တဲ့ပုံစံအတိုင်းဖြစ်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ PSG အသင်းကို ကောင်းကောင်း ဒုက္ခပေးခဲ့တယ်။

ဘိုင်ယန်မြူးနစ်နဲ့ပွဲတုန်းက Counter တွေနဲ့ အနိုင်ယူခဲ့တဲ့ PSG တို့ ကြမ္မာရဟတ်တစ်ပတ်လည်ပြီး မန်စီးတီးရဲ့ Counter တွေကြောင့် ရှုံးပွဲထပ်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

အဓိက တိုက်စစ်ကစားသမား ဘာပေ ဒဏ်ရာကြောင့် မပါနိုင်ခဲ့တာကလည်း အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပြီး

ဘာပေနေရာမှာ ဝင်ကစားတဲ့ အီကာဒီက ပုံမှန်ခြေစွမ်းအောက်ရောက်နေတာပါ။

ပွဲစလို့ ၁၁ မိနစ်လောက်မှာပဲ ဒီဘရိုင်းနားရဲ့ကန်ချက် PSG နောက်ခံလူတွေနဲ့ ထိပြီးထွက်လာတဲ့ဘောလုံးကို မာရက်ဇ်က အပိုင်ပိတ်သွင်းခဲ့တာကြောင့် ပွဲက စောစောစီးစီး အဖြေထွက်သွားတယ်လို့ပြောရမယ်။

PSG အသင်းက မာကွင်ဟို့စ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိခဲ့တာ၊ ဒီမာရီယာရဲ့အပိုင်ကန်ချက် ဘေးထွက်ခဲ့တာတွေကတော့ နစ်နာခဲ့ရတယ်။

ဂွါဒီယိုလာဟာ ဒီပွဲမှာ ထူးထူးခြားခြား ၄-၄-၂ ပုံစံခင်းကျင်းခဲ့ပြီး တိုက်စစ်ဆင်တဲ့အခါ ၄-၂-၄ ပုံစံပြောင်းလဲကစားခဲ့သလို

ဖာနန်ဒင်ဟိုက Deep Lying Midfielder ၊ ဂွမ်ဒိုဂန်ကတော့ Box to Box ပုံစံကစားခဲ့တယ်။

ဒါပေမဲ့ တိုက်စစ်အတွက် ဖိုဒန်၊ မာရက်ဇ်၊ ဒီဘရိုင်းနား၊ ဘာနာဒိုဆေးလ်ဗားတို့က အဓိကတာဝန်ယူခဲ့ပြီး အကုန်လုံး တာဝန်ကျေအောင်ကစားနိုင်ခဲ့ကြတယ်။

ပိုချက်တီနိုကတော့ မန်စီးတီးခံစစ်ကို ထိုးဖောက်နိုင်မယ့် နည်းဗျူဟာကို ရှာမတွေ့ခဲ့ဘဲ PSG တိုက်စစ်က နေမာတစ်ယောက်တည်းကိုပဲ ဦးတည်ကစားနေသလို

ဖြစ်နေတဲ့အတွက် မန်စီးတီးခံစစ်က ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်။

၆၃ မိနစ်မှာ Counter ကနေ ဖိုဒန် ဆွဲပြေးပြီးခင်းပေး​တာကနေ အသင့်ရှိ​​နေတဲ့ မာရက်ဇ်က အမှားအယွင်းမရှိ ပိတ်သွင်းခဲ့တာကြောင့်

PSG ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ရေး မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၁၉၇၀ ခုနှစ်တုန်းက Cup Winners’ Cup ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီးနောက်ပိုင်း ၅၁ နှစ်အကြာမှာ

ဥရောပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာပါ။ ဒါ့အပြင် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်နောက်ဆုံး ၇ ပွဲဆက် အနိုင်ရခဲ့တာကြောင့် အရင် ဥရောပဖလားပြိုင်ပွဲကနေ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ နိုင်ပွဲဆက်အများဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

နည်းပြဘဝတစ်လျောက် ဗိုလ်လုပွဲမှာ တစ်ခါမှ မရှုံးသေးတဲ့ ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သမိုင္းတစ္ေလ်ာက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့တဲ့ မန္စီးတီး

ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့အျဖစ္ မန္စီးတီးနဲ႔ PSG အသင္းတို႔ကစားခဲ့တဲ့ပြဲမွာ မန္စီးတီးအသင္းက ႏိုင္ပြဲထပ္ယူၿပီး အသင္းသမိုင္းတစ္ေလ်ာက္ ပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ပထမအေက်ာ့အေဝးကြင္းပြဲတုန္းက ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ မန္စီးတီးအသင္း ဖိအားသိပ္မရွိခဲ့ေပမယ့္ PSG အသင္းကေတာ့ ၂ ဂိုးျပတ္ႏိုင္ရမယ္ဆိုတဲ့အေျခအေနေၾကာင့္ ပြဲစကတည္းက တိုက္စစ္ဖြင့္ကစားခဲ့တယ္။

ဒီလိုအေနအထားကပဲ ဂြါဒီယိုလာ လိုခ်င္တဲ့ပုံစံအတိုင္းျဖစ္ခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြကေန PSG အသင္းကို ေကာင္းေကာင္း ဒုကၡေပးခဲ့တယ္။

ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲတုန္းက Counter ေတြနဲ႔ အႏိုင္ယူခဲ့တဲ့ PSG တို႔ ၾကမၼာရဟတ္တစ္ပတ္လည္ၿပီး မန္စီးတီးရဲ႕ Counter ေတြေၾကာင့္ ရႈံးပြဲထပ္ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

အဓိက တိုက္စစ္ကစားသမား ဘာေပ ဒဏ္ရာေၾကာင့္ မပါႏိုင္ခဲ့တာကလည္း အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး ဘာေပေနရာမွာ ဝင္ကစားတဲ့ အီကာဒီက ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနတာပါ။

ပြဲစလို႔ ၁၁ မိနစ္ေလာက္မွာပဲ ဒီဘ႐ိုင္းနားရဲ႕ကန္ခ်က္ PSG ေနာက္ခံလူေတြနဲ႔ ထိၿပီးထြက္လာတဲ့ေဘာလုံးကို မာရက္ဇ္က အပိုင္ပိတ္သြင္းခဲ့တာေၾကာင့္ ပြဲက ေစာေစာစီးစီး အေျဖထြက္သြားတယ္လို႔ေျပာရမယ္။

PSG အသင္းက မာကြင္ဟို႔စ္ရဲ႕ ေခါင္းတိုက္ခ်က္ တိုင္ထိခဲ့တာ၊ ဒီမာရီယာရဲ႕အပိုင္ကန္ခ်က္ ေဘးထြက္ခဲ့တာေတြကေတာ့ နစ္နာခဲ့ရတယ္။

ဂြါဒီယိုလာဟာ ဒီပြဲမွာ ထူးထူးျခားျခား ၄-၄-၂ ပုံစံခင္းက်င္းခဲ့ၿပီး တိုက္စစ္ဆင္တဲ့အခါ ၄-၂-၄ ပုံစံေျပာင္းလဲကစားခဲ့သလို ဖာနန္ဒင္ဟိုက Deep Lying Midfielder ၊ ဂြမ္ဒိုဂန္ကေတာ့ Box to Box ပုံစံကစားခဲ့တယ္။

ဒါေပမဲ့ တိုက္စစ္အတြက္ ဖိုဒန္၊ မာရက္ဇ္၊ ဒီဘ႐ိုင္းနား၊ ဘာနာဒိုေဆးလ္ဗားတို႔က အဓိကတာဝန္ယူခဲ့ၿပီး အကုန္လုံး တာဝန္ေက်ေအာင္ကစားႏိုင္ခဲ့ၾကတယ္။

ပိုခ်က္တီႏိုကေတာ့ မန္စီးတီးခံစစ္ကို ထိုးေဖာက္ႏိုင္မယ့္ နည္းဗ်ဴဟာကို ရွာမေတြ႕ခဲ့ဘဲ PSG တိုက္စစ္က ေနမာတစ္ေယာက္တည္းကိုပဲ ဦးတည္ကစားေနသလိုျဖစ္ေနတဲ့အတြက္ မန္စီးတီးခံစစ္က ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။

၆၃ မိနစ္မွာ Counter ကေန ဖိုဒန္ ဆြဲေျပးၿပီးခင္းေပး​တာကေန အသင့္ရွိ​​ေနတဲ့ မာရက္ဇ္က အမွားအယြင္းမရွိ ပိတ္သြင္းခဲ့တာေၾကာင့္ PSG ရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ေရး ေမွ်ာ္လင့္ခ်က္အဆုံးသတ္သြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ၁၉၇၀ ခုႏွစ္တုန္းက Cup Winners’ Cup ဗိုလ္လုပြဲတက္ေရာက္ခဲ့ၿပီးေနာက္ပိုင္း ၅၁ ႏွစ္အၾကာမွာ ဥေရာၿပိဳင္ပြဲတစ္ခုရဲ႕ ဗိုလ္လုပြဲအဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္ခဲ့တာပါ။

ဒါ့အျပင္ မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ေနာက္ဆုံး ၇ ပြဲဆက္ အႏိုင္ရခဲ့တာေၾကာင့္ အရင္ ဥေရာပဖလားၿပိဳင္ပြဲကေန လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ ႏိုင္ပြဲဆက္အမ်ားဆုံးအသင္းအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

နည္းျပဘဝတစ္ေလ်ာက္ ဗိုလ္လုပြဲမွာ တစ္ခါမွ မရႈံးေသးတဲ့ ဂြါဒီယိုလာအေနနဲ႔ မန္စီးတီးအသင္းကို ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလား ရယူေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။