သမိုင်းစံချိန်အသစ်တွေ ရယူပြန်တဲ့ ရှားပါးကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့စပီဇီယာနဲ့ စီးရီးအေပွဲစဉ်မှာဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဥရောပထိပ်သီးလိဂ်ငါးခုမှာ
၁၂ ရာသီဆက်တိုက် တစ်ရာသီကို အနည်းဆုံးဂိုးပေါင် း၂၀ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ကြောင်း သိရပါတယ်။ စပီဇီယာအသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ပေါ်တူဂီသားအပါအဝင် မိုရာတာနဲ့ချီယေဆာတို့က ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ကမ္ဘာဘောလုံးလောကမှာ ဂိုးအများသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ၂၀၀၉-၁၀ ဘောလုံးရာသီကစကာ ရော်နယ်ဒိုက တစ်ရာသီကို အနည်းဆုံးသွင်းဂိုး ၂၀ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ ဘောလုံးရာသီကတော့ ယူနိုက်တက်ကနေ ရီးရဲလ်မက်ထရစ်ကို စတင်ပြောင်းရွှေ့ခဲ့တဲ့ ရာသီဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးရာသီမှာတော့ သူက သွင်းဂိုး ၁၈ ဂိုးသာ ရရှိခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ထရစ်အသင်းမှာ ကစားတဲ့၉နှစ်တာကာလအတွင်း တစ်ရာသီကို အနည်းဆုံး ဂိုးပေါင်း ၂၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ဂျူဗင်တပ်စ်အသင်းကိုရောက်ရှိချိန်မှာလည်း တစ်ရာသီကို အနည်းဆုံး ဂိုးပေါင်း ၂၀ သွင်းယူနိုင်ခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲ့ ပထမဆုံးစီးရီးအေဘောလုံးရာသီ ၂ ရာသီမှာ သွင်းဂိုး ၅၂ ဂိုးအထိ ရရှိခဲ့ပြီးဖြစ်ကာ အခုအခါမှာတော့ ကလပ်ကစားသမားဘဝ ပွဲပေါင်း ၆၀၀ ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီပီဇီယာအသင်းကိုအနိုင်ရပြီးနောက် ရမှတ် ၄၉ မှတ်နဲ့စီးရီးအေ အမှတ်ပေးဇယားအဆင့် ၃နေရာမှာရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




