သမင်မွေးရင်း ကျားစားခံနေရတဲ့ ဘွန်ဒက်စ်လီ၈ါအသင်းတွေနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ပါဝါဂိမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သမင်မွေးလိုက် ကျားစားလိုက် ဆိုတဲ့ စကားပုံအတိုင်းဖြစ်နေတာကတော့ ဂျာမန်ဘွန်ဒက်စ်လီဂါမှာပါပဲ။

လိုက်ဇစ်နည်းပြ နီဂျယ်မန်းကို စံချိန်တင်ဈေးနှုန်းနဲ့ လိုက်ဇစ်အသင်းကနေ ခေါ်ယူလိုက်တာကို သေချာကြည့်မယ်ဆိုရင် လိုက်ဇစ်ဟာ

ဒီရာသီမှာ ဘိုင်ယန်ကို အနီးဆုံးဖိအားလိုက်ပေးနိုင်ခဲ့တဲ့ အသင်းဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။

ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါမှာ သူတို့နဲ့ ခြေရာယှဉ်လာတဲ့အသင်းတွေဆိုရင် ခေါင်းမထောင်နိုင်အောင် လုပ်လိုက်လေ့ရှိတာ နီဂျယ်မန်းကိစ္စတစ်ခုတည်းမှာတင် မဟုတ်ပါဘူး။

အသင်းက ခြေကျလာတဲ့ အလာဘာနဲ့ ဘိုတန်းကိုရှင်းထုတ်ပြီး လိုက်ဇစ်က ပြင်သစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ဖို့ သဘောတူညီမှုရထားပါတယ်။

သူတို့နဲ့ အနီးကပ်ဆုံးလိုက်လာတဲ့ ပြိုင်ဘက်အသင်းက နည်းပြနဲ့ အားထားရတဲ့ နောက်ခံလူတို့ကို ဘိုင်ယန်က စနစ်တကျ ခေါ်ယူခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၀ စုနှစ် တစ်ခုကျော်ကာလမှာတုန်းက ဘွန်ဒက်စ်လီဂါမှာ စတုဂတ်၊ ဝုဖ်ဘတ်နဲ့ ဒေါ့မန်အသင်းတွေ ဗိုလ်စွဲခဲ့ဖူးပေမယ့် အခုနောက်ဆုံး ၈ နှစ်မှာတော့ ဘိုင်ယန်ပဲ ဗိုလ်စွဲထားပါတယ်။

ဒီနှစ်လည်း အမှတ်အနေအထးအရ ဘိုင်ယန်ပဲ ဗိုလ်စွဲဦးမှာပါ။ ချန်ပီယံလိဂ်နှစ်တိုင်းဝင်ခွင့်ရနေတဲ့ ငွေတွေနဲ့ ဘိုင်ယန်ဟာ ပြည်တွင်း ဘွန်ဒက်စ်လီဂါက ကျန်တဲ့အသင်းတွေအပေါ် ပါဝါဂိမ်း ကစားထားတာပါ။

၂၀၁၁ နဲ့ ၂၀၁၂ တွေမှာ ဒေါ့မန်က ၂ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီး ဘိုင်ယန်ဟာ ဒေါ့မန်ရဲ့ အကောင်းဆုံးကစားသမား ၂ဦးကို ငွေနဲ့ပေါက်ပြီး အရခေါ်ယူခဲ့ဖူးပါတယ်။

ေ၈ါ့ဇီကို ၂၀၁၃ နွေရာသီဈေးကွက်မှာ စာချုပ်ပါလျော်ကြေး ပေါင် ၃၃သန်းနဲ့ ခေါ်ခဲ့ပြီး ဒေါ့မန်ရဲ့ အကောင်းဆုံးတိုက်စစ်မှုးဖြစ်တဲ့ လီဝန်ဒေါစကီးကိုလည်း ၂၀၁၃ နိုဝင်ဘာမှာ

အကြိုသဘောတူညီမှုရယူပြီး နောက်နှစ်နွေဈေးကွက်မှာ ခေါ်ယူခဲ့ပါတယ်။

၂၀၁၆မှာ ဒေါ့မန်က နောက်ထပ်ထုတ်ကုန်ဖြစ်တဲ့ နောက်ခံလူ ဟမ်မဲလ်ကိုလည်း ပေါင် ၃၁.၅သန်းနဲ့ သိမ်းပိုက်ပြီး ဒေါ့မန်က ပခုံးချင်းလိုက်မယှဉ်နိုင်အောင် လုပ်ထားခဲ့တာပါ။

အဲ့လိုပဲ ၂၀၁၁ ချန်ပီယံလိ၈်ဝင်ခွင့်ရတဲ့ ရှော်ကေးရဲ့ အကောင်းဆုံး ဂိုးသမား နူအာ၊ ၂၀၁၄မှာ ဖရန့်ဖတ်က ရိုဒီ၊ ၂၀၁၅မှာ စတုဂတ်က ကင်မစ်ချ်၊ ၂၀၁၂တုန်းက ဝုဖ်ဘတ်တိုက်စစ်မှုး မန်ဇူကစ်၊

ဂလက်ဘတ်က ဒန်တီ၊ ၂၀၁၇မှာ ဝါဒါဘရီမင်က ဂနာဘရီ၊ ဟော့ဖန်ဟိမ်းက ဆူလီ၊ ရူဒီနဲ့ ဆန်ဒရိုဝက်ဂ်နာ၊ ၂၀၁၉မှာ စတုဂတ်က ပါဗက် စတဲ့

ဘွန်ဒက်စ်လီ၈ါမှာ ခေါင်းထောင်ကြည့်တဲ့ အသင်းတွေက အကောင်းဆုံးကစားသမားတွေကို ငွေနဲ့အနိုင်ကျင့်ပြီး ခေါ်ထားခဲ့တာပါ။

အခုတော့ လိုက်ဇစ်အလှည့်ရောက်လာတာပါပဲ။ ဘိုင်ယန်ရဲ့ လုပ်ရပ်တွေကို ဟော့ဖန်ဟိမ်းအသင်း ဒါရိုက်တာ ဖရန့်ဘီရယ်က ” ဘိုင်ယန်ရဲ့ လုပ်ရပ်က မနှစ်မြို့စရာပါပဲ။ ငွေပေးခေါ်တယ်ဆိုပြီး အနိုင်ကျင့်နေတာပါ။

ကျွန်တော်တို့ အသင်းတွေရဲ့ အကယ်ဒမီတွေက သူတို့အတွက် အလုပ်လုပ်ပေးနေရသလို ဖြစ်နေပါတယ်” လို့ ရင်နာစကားဆိုခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သမင္ေမြးလိုက္ က်ားစားလိုက္ ဆိုတဲ့ စကားပုံအတိုင္းျဖစ္ေနတာကေတာ့ ဂ်ာမန္ဘြန္ဒက္စ္လီဂါမွာပါပဲ။

လိုက္ဇစ္နည္းျပ နီဂ်ယ္မန္းကို စံခ်ိန္တင္ေဈးႏႈန္းနဲ႔ လိုက္ဇစ္အသင္းကေန ေခၚယူလိုက္တာကို ေသခ်ာၾကည့္မယ္ဆိုရင္ လိုက္ဇစ္ဟာ ဒီရာသီမွာ ဘိုင္ယန္ကို အနီးဆုံးဖိအားလိုက္ေပးႏိုင္ခဲ့တဲ့ အသင္းျဖစ္တယ္ဆိုတာ ေတြ႕ရမွာပါ။

ဘိုင္ယန္ျမဴးနစ္ဟာ ဘြန္ဒက္စ္လီဂါမွာ သူတို႔နဲ႔ ေျခရာယွဥ္လာတဲ့အသင္းေတြဆိုရင္ ေခါင္းမေထာင္ႏိုင္ေအာင္ လုပ္လိုက္ေလ့ရွိတာ နီဂ်ယ္မန္းကိစၥတစ္ခုတည္းမွာတင္ မဟုတ္ပါဘူး။

အသင္းက ေျခက်လာတဲ့ အလာဘာနဲ႔ ဘိုတန္းကိုရွင္းထုတ္ၿပီး လိုက္ဇစ္က ျပင္သစ္ေနာက္ခံလူ အူပါမီကာႏိုကို ေခၚဖို႔ သေဘာတူညီမႈရထားပါတယ္။

သူတို႔နဲ႔ အနီးကပ္ဆုံးလိုက္လာတဲ့ ၿပိဳင္ဘက္အသင္းက နည္းျပနဲ႔ အားထားရတဲ့ ေနာက္ခံလူတို႔ကို ဘိုင္ယန္က စနစ္တက် ေခၚယူခဲ့တာပါ။

လြန္ခဲ့တဲ့ ၁၀ စုႏွစ္ တစ္ခုေက်ာ္ကာလမွာတုန္းက ဘြန္ဒက္စ္လီဂါမွာ စတုဂတ္၊ ဝုဖ္ဘတ္နဲ႔ ေဒါ့မန္အသင္းေတြ ဗိုလ္စြဲခဲ့ဖူးေပမယ့္ အခုေနာက္ဆုံး ၈ ႏွစ္မွာေတာ့ ဘိုင္ယန္ပဲ ဗိုလ္စြဲထားပါတယ္။

ဒီႏွစ္လည္း အမွတ္အေနအထးအရ ဘိုင္ယန္ပဲ ဗိုလ္စြဲဦးမွာပါ။ ခ်န္ပီယံလိဂ္ႏွစ္တိုင္းဝင္ခြင့္ရေနတဲ့ ေငြေတြနဲ႔ ဘိုင္ယန္ဟာ ျပည္တြင္း ဘြန္ဒက္စ္လီဂါက က်န္တဲ့အသင္းေတြအေပၚ ပါဝါဂိမ္း ကစားထားတာပါ။

၂၀၁၁ နဲ႔ ၂၀၁၂ ေတြမွာ ေဒါ့မန္က ၂ ႏွစ္ဆက္တိုက္ ဗိုလ္စြဲခဲ့ၿပီး ဘိုင္ယန္ဟာ ေဒါ့မန္ရဲ႕ အေကာင္းဆုံးကစားသမား ၂ဦးကို ေငြနဲ႔ေပါက္ၿပီး အရေခၚယူခဲ့ဖူးပါတယ္။

ေ၈ါ့ဇီကို ၂၀၁၃ ေႏြရာသီေဈးကြက္မွာ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၃၃သန္းနဲ႔ ေခၚခဲ့ၿပီး ေဒါ့မန္ရဲ႕ အေကာင္းဆုံးတိုက္စစ္မႈးျဖစ္တဲ့ လီဝန္ေဒါစကီးကိုလည္း ၂၀၁၃ ႏိုဝင္ဘာမွာ အႀကိဳသေဘာတူညီမႈရယူၿပီး ေနာက္ႏွစ္ေႏြေဈးကြက္မွာ ေခၚယူခဲ့ပါတယ္။

၂၀၁၆မွာ ေဒါ့မန္က ေနာက္ထပ္ထုတ္ကုန္ျဖစ္တဲ့ ေနာက္ခံလူ ဟမ္မဲလ္ကိုလည္း ေပါင္ ၃၁.၅သန္းနဲ႔ သိမ္းပိုက္ၿပီး ေဒါ့မန္က ပခုံးခ်င္းလိုက္မယွဥ္ႏိုင္ေအာင္ လုပ္ထားခဲ့တာပါ။

အဲ့လိုပဲ ၂၀၁၁ ခ်န္ပီယံလိ၈္ဝင္ခြင့္ရတဲ့ ေရွာ္ေကးရဲ႕ အေကာင္းဆုံး ဂိုးသမား ႏူအာ၊ ၂၀၁၄မွာ ဖရန႔္ဖတ္က ႐ိုဒီ၊ ၂၀၁၅မွာ စတုဂတ္က ကင္မစ္ခ်္၊ ၂၀၁၂တုန္းက ဝုဖ္ဘတ္တိုက္စစ္မႈး မန္ဇူကစ္၊

ဂလက္ဘတ္က ဒန္တီ၊ ၂၀၁၇မွာ ဝါဒါဘရီမင္က ဂနာဘရီ၊ ေဟာ့ဖန္ဟိမ္းက ဆူလီ၊ ႐ူဒီနဲ႔ ဆန္ဒ႐ိုဝက္ဂ္နာ၊ ၂၀၁၉မွာ စတုဂတ္က ပါဗက္ စတဲ့ ဘြန္ဒက္စ္လီ၈ါမွာ ေခါင္းေထာင္ၾကည့္တဲ့ အသင္းေတြက အေကာင္းဆုံးကစားသမားေတြကို ေငြနဲ႔အႏိုင္က်င့္ၿပီး ေခၚထားခဲ့တာပါ။

အခုေတာ့ လိုက္ဇစ္အလွည့္ေရာက္လာတာပါပဲ။ ဘိုင္ယန္ရဲ႕ လုပ္ရပ္ေတြကို ေဟာ့ဖန္ဟိမ္းအသင္း ဒါ႐ိုက္တာ ဖရန႔္ဘီရယ္က ” ဘိုင္ယန္ရဲ႕ လုပ္ရပ္က မႏွစ္ၿမိဳ႕စရာပါပဲ။ ေငြေပးေခၚတယ္ဆိုၿပီး အႏိုင္က်င့္ေနတာပါ။

ကြၽန္ေတာ္တို႔ အသင္းေတြရဲ႕ အကယ္ဒမီေတြက သူတို႔အတြက္ အလုပ္လုပ္ေပးေနရသလို ျဖစ္ေနပါတယ္” လို႔ ရင္နာစကားဆိုခဲ့တာပါ။