သပ်ရပ်လွန်းတဲ့ Nutmeg နဲ့ ပြိုင်ဘက်ကစားသမားကို မညှာမတာချေမှုန်းလိုက်တဲ့ တာရက်ဘ်

Photo Credit

Photo Credit

အဒဲလ်တာရက်ဘ်ကို ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကအကြောင်း နည်းနည်းလောက်ဖြစ်ဖြစ် သိသူဆိုရင်တောင်မှ တာရက်ဘ်ကို မှတ်မိကြမှာပါ။

Video Credit

မော်ရိုကိုလက်ရွေးစင် တာရက်ဘ်က Talent အပြည့်ပါပေမယ့် ကွင်းပြင်ပ နေထိုင်ပုံတွေကြောင့် တိုးတက်သင့်သလောက် မတိုးတက်လာတဲ့ကစားသမားဖြစ်ပြီး ပြောရရင် နယူးကာဆယ်တောင်ပံကစားသမားဟောင်း ဘင်အာဖာလိုပါပဲ။

https://twitter.com/QPR/status/1202935722858008579

Video Credit

သူဟာ စပါး၊ ကျူပီအာအသင်းတွေနဲ့အတူ ပရိသတ်တွေ သဘောကျခဲ့သူဖြစ်ပြီး အထူးသဖြင့် သူ့ရဲ့စကေးက သတိထားမိလောက်စေပါတယ်။ အဲဒီနောက် သူဟာ အေစီမီလန်ကတစ်ဆင့် စီးရီးအေရောက်သွားပြီး အခုတော့ ဘင်ဖီကာနဲ့အတူ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေပါတယ်။

https://twitter.com/FootMoroccan/status/1202340565108613120

Video Credit

အသက် ၃၀အရွယ်ရှိ တာရက်ဘ်ဟာ ယမန်နေ့ညက ဇင်းနစ်အသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ပရိသတ်တွေ သတိထားမိစေတဲ့အကွက်တစ်ကွက် ထုတ်ပြသွားပြီး ပြိုင်ဘက်ကစားသမားကို ပေါင်ကြားထဲကနေ ထည့်ကာ ပရိသတ်တွေကို သူ့အစွမ်း ပြသခဲ့တာပါ။

Photo Credit

တာရက်ဘ်ဟာ တောင်ပံတစ်လျှောက် ဆွဲပြေးလာတုန်း ရုတ်တရက်ဆိုသလို အရှိန်သတ်ကာ ကိုယ်ဟန်သတ်လိုက်စဉ် အနောက်မှာ ကပ်ပါလာတဲ့ ဇင်းနစ်ကစားသမားကို Nutmeg လုပ်ကာ ကျော်ဖြတ်ခဲ့တာပါ။ သူဟာ အဲဒီလိုပေါင်ကြားထဲကနေ ထည့်လိုက်ရာမှာ ပုံမှန်အတိုင်း ခြေဦးနဲ့ ထိုးလိုက်တာမဟုတ်ဘဲ ခြေဖဝါးနဲ့ အသာလေးထည့်လိုက်တာပါ။
အဲဒီအချိန်မှာ ပေါင်ကြားထဲအထည့်ခံရတဲ့ ဇင်နစ်ကစားသမား ယီရိုကင်လည်း အနောက်ကနေ ဆွဲထားလို့ အဝါကတ်ပြသခံခဲ့ရပါတယ်။

Photo Credit

တာရက်ဘ်ဟာ ကျူပီအာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ ၂၀၁၅ နွေရာသီမှာ ဘင်ဖီကာအသင်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး ၂၀၁၇-၁၈ရာသီက ဂျီနိုအာအသင်းကို အငှားနဲ့ သွားရောက်မကစားခင် ဘင်ဖီကာအရန်အသင်းမှာပဲ ကစားခဲ့ရပါတယ်။

Photo Credit

အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ၄နှစ်အကြာ မတ်လကမှ ဘင်ဖီကာအသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့ပြီး တွန်ဒယ်လာအသင်းကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံးအကြိမ်ကစားခွင့်ရရှိခဲ့တာပါ။ ဖူလ်ဟမ်မှာလည်း အငှားကစားခဲ့ဖူးတဲ့ တာရက်ဘ်ဟာ သြဂုတ်လက လက်ရှိလုပ်ခလစာထက် ၃၀ % လျှော့ယူကာ အသင်းနဲ့ ၃နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

Photo Credit

Zawgyi

သပ္ရပ္လြန္းတဲ့ Nutmeg နဲ႔ ၿပိဳင္ဘက္ကစားသမားကို မညႇာမတာေခ်မႈန္းလုိက္တဲ့ တာရက္ဘ္

အဒဲလ္တာရက္ဘ္ကို ပရိသတ္ေတြ မွတ္မိၾကဦးမယ္ထင္ပါတယ္။ အဂၤလိပ္ေဘာလုံးေလာကအေၾကာင္း နည္းနည္းေလာက္ျဖစ္ျဖစ္ သိသူဆုိရင္ေတာင္မွ တာရက္ဘ္ကို မွတ္မိၾကမွာပါ။
ေမာ္႐ိုကိုလက္ေရြးစင္ တာရက္ဘ္က Talent အျပည့္ပါေပမယ့္ ကြင္းျပင္ပ ေနထုိင္ပုံေတြေၾကာင့္ တိုးတက္သင့္သေလာက္ မတုိးတက္လာတဲ့ကစားသမားျဖစ္ၿပီး ေျပာရရင္ နယူးကာဆယ္ေတာင္ပံကစားသမားေဟာင္း ဘင္အာဖာလုိပါပဲ။
သူဟာ စပါး၊ က်ဴပီအာအသင္းေတြနဲ႔အတူ ပရိသတ္ေတြ သေဘာက်ခဲ့သူျဖစ္ၿပီး အထူးသျဖင့္ သူ႕ရဲ႕စေကးက သတိထားမိေလာက္ေစပါတယ္။ အဲဒီေနာက္ သူဟာ ေအစီမီလန္ကတစ္ဆင့္ စီးရီးေအေရာက္သြားၿပီး အခုေတာ့ ဘင္ဖီကာနဲ႔အတူ သူ႕ရဲ႕ကစားသမားဘ၀ကို ျပန္လည္တည့္မတ္ဖို႔ ႀကိဳးစားေနပါတယ္။
အသက္ ၃၀အရြယ္ရွိ တာရက္ဘ္ဟာ ယမန္ေန႔ညက ဇင္းနစ္အသင္းကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာလည္း ပရိသတ္ေတြ သတိထားမိေစတဲ့အကြက္တစ္ကြက္ ထုတ္ျပသြားၿပီး ၿပိဳင္ဘက္ကစားသမားကို ေပါင္ၾကားထဲကေန ထည့္ကာ ပရိသတ္ေတြကို သူ႕အစြမ္း ျပသခဲ့တာပါ။
တာရက္ဘ္ဟာ ေတာင္ပံတစ္ေလွ်ာက္ ဆြဲေျပးလာတုန္း ႐ုတ္တရက္ဆိုသလုိ အရွိန္သတ္ကာ ကုိယ္ဟန္သတ္လုိက္စဥ္ အေနာက္မွာ ကပ္ပါလာတဲ့ ဇင္းနစ္ကစားသမားကို Nutmeg လုပ္ကာ ေက်ာ္ျဖတ္ခဲ့တာပါ။ သူဟာ အဲဒီလုိေပါင္ၾကားထဲကေန ထည့္လုိက္ရာမွာ ပုံမွန္အတုိင္း ေျခဦးနဲ႔ ထုိးလိုက္တာမဟုတ္ဘဲ ေျခဖ၀ါးနဲ႔ အသာေလးထည့္လုိက္တာပါ။
အဲဒီအခ်ိန္မွာ ေပါင္ၾကားထဲအထည့္ခံရတဲ့ ဇင္နစ္ကစားသမား ယီ႐ိုကင္လည္း အေနာက္ကေန ဆဲြထားလုိ႔ အ၀ါကတ္ျပသခံခဲ့ရပါတယ္။
တာရက္ဘ္ဟာ က်ဴပီအာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားတဲ့ ၂၀၁၅ ေႏြရာသီမွာ ဘင္ဖီကာအသင္းနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့သူျဖစ္ၿပီး ၂၀၁၇-၁၈ရာသီက ဂ်ီႏိုအာအသင္းကို အငွားနဲ႔ သြားေရာက္မကစားခင္ ဘင္ဖီကာအရန္အသင္းမွာပဲ ကစားခဲ့ရပါတယ္။
အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီးေနာက္ ၄ႏွစ္အၾကာ မတ္လကမွ ဘင္ဖီကာအသင္းအတြက္ ပြဲထြက္ခြင့္ရရွိခဲ့ၿပီး တြန္ဒယ္လာအသင္းကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ ပထမဆုံးအႀကိမ္ကစားခြင့္ရရွိခဲ့တာပါ။ ဖူလ္ဟမ္မွာလည္း အငွားကစားခဲ့ဖူးတဲ့ တာရက္ဘ္ဟာ ၾသဂုတ္လက လက္ရွိလုပ္ခလစာထက္ ၃၀ % ေလွ်ာ့ယူကာ အသင္းနဲ႔ ၃ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။