
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စီရော်နယ်ဒိုဟာလစ္စဘွန်းရှိ ပေါင် ၆.၅သန်းတန် အဆောက်အဦခေါင်မိုးတွင်တည်ဆောက်ထားတဲ့မှန်ခန်းကိုနှစ်ပတ်အတွင်းတွင်ဖျက်ချရန်အမိန့်ပေးခံထားရပြီးမဖျက်ချပါကတရားရင်ဆိုင်ရတော့မှာဖြစ်ကြောင်းသိရပါတယ်။
ပေါ်တူဂီနိုင်ငံရဲ့မြို့တော်လစ္စဘွန်းမှာရှိတဲ့ အဲဒီအိမ်ဟာ လစ္စဘွန်းမှာရှိတဲ့အိမ်တွေထဲမှာဈေးကြီးတဲ့အိမ်တစ်လုံးဖြစ်ပြီး၊ အားကစား ခန်းမနဲ့အိမ်တွင်း ရေကူးကန်တွေပါရှိပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာအဲဒီအဆောက်အဦရဲ့ခေါင်မိုးတွင်တည်ဆောက်ထားတဲ့မှန်ခန်းကိုခွင့်ပြုချက်မရယူဘဲတည်ဆောက်ထားတာဖြစ်ပါတယ်။
လစ္စဘွန်းစီးတီးကောင်စီကရော်နယ်ဒိုအားအဆောက်အဦအားနဂိုပုံစံအတိုင်း ပြန်လုပ်ရန်(သို့မဟုတ်)တရားရင်ဆိုင်ရန် ဆိုတဲ့ ရွေးချယ်စရာနှစ်ခုပေးထားတာ ဖြစ်ပါတယ်။
တစ်ချိန်တုန်းကတော့ စီရော်နယ်ဒိုဟာ သူ့အနေနဲ့ မိခင်ပေါ်တူဂီနိုင်ငံမှာပြန်လည် အခြေချ နေထိုင်ဖွယ်ရှိတယ်ဆိုပြီးပြောဆိုခဲ့ဖူးတာကြောင့် အခုအဲဒီအိမ်ဟာ အနားယူခဲ့ရင် နေထိုင်ဖို့ အိမ် ဖြစ်နိုင်ပါတယ်။
စီရော်နယ်ဒိုတစ်ယောက်ဘယ်အချိန်အနားယူမယ်ဆိုတာအတိအကျထုတ်ဖော်မပြောသေးပေမယ့် မကြာခဏဆိုသလို အနားယူမယ့်ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုတာတွေတော့ရှိပါတယ်။ ဒိုလေးဟာ ဥပဒေ ချိုးဖောက်တဲ့ ကိစ္စတွေရှိပေမယ့် ဒဏ်ကြေးတွေနဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
သန္းခ်ီတန္ေနအိမ္ေခါင္မိုးထပ္က မွန္ခန္းကို ၿဖိဳခ် ဖ်က္ဆီး ေပးရမယ့္ စီေရာ္နယ္ဒို
စီေရာ္နယ္ဒိုဟာလစၥဘြန္းရွိ ေပါင္ ၆.၅သန္းတန္ အေဆာက္အဦေခါင္မိုးတြင္တည္ေဆာက္ထားတဲ့မွန္ခန္းကိုႏွစ္ပတ္အတြင္းတြင္ဖ်က္ခ်ရန္အမိန႔္ေပးခံထားရၿပီးမဖ်က္ခ်ပါကတရားရင္ဆိုင္ရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
ေပၚတူဂီႏိုင္ငံရဲ႕ၿမိဳ႕ေတာ္လစၥဘြန္းမွာရွိတဲ့ အဲဒီအိမ္ဟာ လစၥဘြန္းမွာရွိတဲ့အိမ္ေတြထဲမွာေဈးႀကီးတဲ့အိမ္တစ္လုံးျဖစ္ၿပီး၊ အားကစား ခန္းမနဲ႔အိမ္တြင္း ေရကူးကန္ေတြပါရွိပါတယ္။
ေပၚတူဂီအသင္းေခါင္းေဆာင္ဟာအဲဒီအေဆာက္အဦရဲ႕ေခါင္မိုးတြင္တည္ေဆာက္ထားတဲ့မွန္ခန္းကိုခြင့္ျပဳခ်က္မရယူဘဲတည္ေဆာက္ထားတာျဖစ္ပါတယ္။ လစၥဘြန္းစီးတီးေကာင္စီကေရာ္နယ္ဒိုအားအေဆာက္အဦအားနဂိုပုံစံအတိုင္း ျပန္လုပ္ရန္(သို႔မဟုတ္)တရားရင္ဆိုင္ရန္ ဆိုတဲ့ ေ႐ြးခ်ယ္စရာႏွစ္ခုေပးထားတာ ျဖစ္ပါတယ္။
တစ္ခ်ိန္တုန္းကေတာ့ စီေရာ္နယ္ဒိုဟာ သူ႔အေနနဲ႔ မိခင္ေပၚတူဂီႏိုင္ငံမွာျပန္လည္ အေျခခ် ေနထိုင္ဖြယ္ရွိတယ္ဆိုၿပီးေျပာဆိုခဲ့ဖူးတာေၾကာင့္ အခုအဲဒီအိမ္ဟာ အနားယူခဲ့ရင္ ေနထိုင္ဖို႔ အိမ္ ျဖစ္ႏိုင္ပါတယ္။
စီေရာ္နယ္ဒိုတစ္ေယာက္ဘယ္အခ်ိန္အနားယူမယ္ဆိုတာအတိအက်ထုတ္ေဖာ္မေျပာေသးေပမယ့္ မၾကာခဏဆိုသလို အနားယူမယ့္ကိစၥနဲ႔ပတ္သက္ၿပီးေျပာဆိုတာေတြေတာ့ရွိပါတယ္။ ဒိုေလးဟာ ဥပေဒ ခ်ိဳးေဖာက္တဲ့ ကိစၥေတြရွိေပမယ့္ ဒဏ္ေၾကးေတြနဲ႔ ေက်ာ္လႊားႏိုင္ခဲ့ပါတယ္။