
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ သတ်မှတ်ထားတဲ့အချိန်ထက်စောပြီး အခုသြဂုတ်လကုန်မှာပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ရှိနေပါပြီ။
အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တာဖြစ်ပြီး အောက်တိုဘာလမတိုင်ခင်အထိ အနားယူရဖို့ရှိတယ်လို့ ယူနိုက်တက်အသင်းက ခန့်မှန်းခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်အနေနဲ့ ပြီးခဲ့တဲ့တစ်ရာသီလုံး ပခုံးဒဏ်ရာရှိလျက်နဲ့ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခဲ့သလို အင်္ဂလန်အသင်းနဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲလိုတာကြောင့် ရာသီကုန်မှာ ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာပါ။
ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာက အရမ်းကြီးဆိုးရွားတဲ့အနေအထားမှာမရှိပေမယ့် ယူနိုက်တက်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်ကစားနိုင်အောင် ခွဲစိတ်ကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခု သူ့ရဲ့အနေအထားက လျင်လျင်မြန်မြန်ပဲတိုးတက်လာတာဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဒဏ်ရာအခြေအနေကောင်းမွန်လာဖို့အတွက် တစ်ပတ်ကို နှစ်ကြိမ် လေ့ကျင့်ခန်းပြုလုပ်နေပြီး ယူနိုက်တက်အသင်းကတော့ အခုသြဂုတ်လကုန်လောက်မှာ ရပ်ရှ်ဖို့ဒ် ဘောလုံးပြန်ကစားနိုင်ဖို့မျှော်လင့်နေပါတယ်။
လာမယ့်(၁၀)ရက်အတွင်းမှာ ရပ်ရှ်ဖို့ဒ် အပေ့ါစားလေ့ကျင့်ခန်းတွေပြုလုပ်နိုင်မှာဖြစ်တာကြောင့် ယူနိုက်တက်အသင်းက ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာအခြေအနေတိုးတက်ကောင်းမွန်လာတဲ့အပေါ် အားရကျေနပ်နေတာလည်းဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ အဲဒီအချိန်ကတည်းက ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ကာလတိုအတွင်းမှာပဲ အသင်းရဲ့အဓိက,ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီး
ပြီးခဲ့တဲ့ရာသီက (၅၇)ပွဲကစား၊ (၂၁)ဂိုးသွင်းယူခဲ့သလို ယူနိုက်တက်ကစားသမားဘဝတစ်လျှောက်မှာတော့ (၂၇၁)ပွဲကစားပြီးတော့ (၈၈)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
သတ္မွတ္ထားတဲ့အခ်ိန္ထက္ေစာၿပီး အခုလကုန္မွာပဲ ေဘာလုံးျပန္ကစားႏိုင္ဖို႔ရွိေနတဲ့ရပ္ရွ္ဖို႔ဒ္
ပခုံးဒဏ္ရာခြဲစိတ္ကုသမႈခံယူခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ သတ္မွတ္ထားတဲ့အခ်ိန္ထက္ေစာၿပီး အခုၾသဂုတ္လကုန္မွာပဲ အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖို႔ရွိေနပါၿပီ။ အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ႏွစ္ပတ္ေလာက္က ပခုံးဒဏ္ရာခြဲစိတ္ကုသမႈခံယူခဲ့တာျဖစ္ၿပီး ေအာက္တိုဘာလမတိုင္ခင္အထိ အနားယူရဖို႔ရွိတယ္လို႔ ယူႏိုက္တက္အသင္းက ခန႔္မွန္းခဲ့ပါတယ္။
ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ၿပီးခဲ့တဲ့တစ္ရာသီလုံး ပခုံးဒဏ္ရာရွိလ်က္နဲ႔ ယူႏိုက္တက္အသင္းအတြက္ ပါဝင္ကစားခဲ့သလို အဂၤလန္အသင္းနဲ႔ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ ပါဝင္ဆင္ႏႊဲလိုတာေၾကာင့္ ရာသီကုန္မွာ ပခုံးဒဏ္ရာခြဲစိတ္ကုသမႈခံယူမယ့္အစီအစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့တာပါ။ ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာက အရမ္းႀကီးဆိုး႐ြားတဲ့အေနအထားမွာမရွိေပမယ့္ ယူႏိုက္တက္အသင္းအတြက္ ႀကံ့ခိုင္မႈအျပည့္နဲ႔ပါဝင္ကစားႏိုင္ေအာင္ ခြဲစိတ္ကုသမႈခံယူဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အခု သူ႔ရဲ႕အေနအထားက လ်င္လ်င္ျမန္ျမန္ပဲတိုးတက္လာတာျဖစ္ပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာအေျခအေနေကာင္းမြန္လာဖို႔အတြက္ တစ္ပတ္ကို ႏွစ္ႀကိမ္ ေလ့က်င့္ခန္းျပဳလုပ္ေနၿပီး ယူႏိုက္တက္အသင္းကေတာ့ အခုၾသဂုတ္လကုန္ေလာက္မွာ ရပ္ရွ္ဖို႔ဒ္ ေဘာလုံးျပန္ကစားႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။ လာမယ့္(၁၀)ရက္အတြင္းမွာ ရပ္ရွ္ဖို႔ဒ္ အေပ့ါစားေလ့က်င့္ခန္းေတြျပဳလုပ္ႏိုင္မွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အသင္းက ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာအေျခအေနတိုးတက္ေကာင္းမြန္လာတဲ့အေပၚ အားရေက်နပ္ေနတာလည္းျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းက ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ကစားခြင့္ရခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ အဲဒီအခ်ိန္ကတည္းက ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ ကာလတိုအတြင္းမွာပဲ အသင္းရဲ႕အဓိက,ကစားသမားတစ္ဦးအျဖစ္ ပါဝင္ခြင့္ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက (၅၇)ပြဲကစား၊ (၂၁)ဂိုးသြင္းယူခဲ့သလို ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္မွာေတာ့ (၂၇၁)ပြဲကစားၿပီးေတာ့ (၈၈)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။