သတ်မှတ်ချိန်ထက် ၂ လစောပြီး ဝိန်းရူနီ ဒါဘီမှာလေ့ကျင့်ခန်းဆင်းနေ

Photo-Internet
Photo-Internet

အင်္ဂလန်အသင်း တိုက်စစ်မှူ းဟောင်း ဝိန်းရူနီဟာ ဒါဘီအသင်းကိုပြောင်းဖို့ သဘောတူညီခဲ့ပြီးနောက် သတ်မှတ်ရက်ထက် ၂ လစောကာ အသင်းနဲ့ပူးပေါင်းပြီး အင်္ဂါနေ့ကစလို့ လေ့ကျင့်ခန်းတွေပြုလုပ်နေပြီလို့ သိရပါတယ်။ ရူနီဟာ ပြီးခဲ့တဲ့သြဂုတ်လကတည်းက ဒါဘီမှာ ကစားသမားနည်းပြ အဖြစ်တာဝန်ယူဖို့ သဘောတူညီခဲ့တာပါ။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရူနီဟာ လာမယ့် ၂၀၂၀ ဇန်နဝါရီရောက်မှ ဒါဘီရဲ့တရားဝင်ကစားသမားဖြစ်လာမှာ ဖြစ်ပေမယ့် အခုကတည်းကလေ့ကျင့်ခန်းတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဒါဟာ သူကစားချိန်ရောက်ရင် အသင်းဖော်အသစ်တွေနဲ့ အသားကျဖို့ရည်ရွယ်တာလည်းဖြစ်သလို ကြံခိုင်မှုပိုင်းအဆင်သင့်ရှိစေဖို့လည်း ဖြစ်တယ်လို့ သိရပါတယ်။

Photo-Internet

သူဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်မှာ ၂ နှစ်ကြာကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲအောက်တိုဘာလအတွင်းက တိုရွန်တိုကို ရှုံးနိမ့်ခဲ့တဲ့ play-off ပွဲစဉ်မှာ ဒီစီယူနိုက်တက်အတွက် နောက်ဆုံးပွဲစဉ်ကစားခဲ့သူလည်းဖြစ်ပါတယ်။ ရူနီဟာ ဒါဘီမှာ ကစားသမားအဖြစ် ပါဝင်ရမယ့်နည်းတူ နည်းပြ ဖိလစ်ကိုကူးရဲ့ လက်ထောက်အဖြစ်လည်း တာဝန်ယူမှာဖြစ်လို့ သူ့အတွေ့အကြုံတွေက အများကြီးအထောက်အကူဖြစ်စေနိုင်မယ်လို့ ကိုကူး ကယုံကြည်နေပါတယ်။

Photo-Internet

ဒါဘီဟာ လက်ရှိချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၁၅ ကိုရောက်ရှိနေလို့ ရူနီအပေါ်နည်းပြ ကိုကူး ကအများကြီးမျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ သူဟာ ဒါဘီနဲ့ ၁၈ လစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး တစ်ပတ်လစာပေါင် ၁၀၀၀၀၀ အထိရရှိမှာဖြစ်လို့ ချန်ပီယံရှစ်ရဲ့ လစာအများဆုံးရသူဖြစ်လာမယ်လို့လည်း သိရပါတယ်။

Photo-Internet

မန်ယူအတွက် ၅၅၉ ပွဲကစားခဲ့ရာမှာ ၂၅၃ ဂိုးသွင်းပြီး ကလပ်ရဲ့ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်ခဲ့တဲ့ ရူနီဟာ မန်ယူနဲ့လမ်းခွဲခဲ့တဲ့ ၂၀၁၇ ကတည်းက ဒါဘီအသင်းဆီပြောင်းဖို့ ရည်ရွယ်ချက်ရှိခဲ့တာလို့လည်း ဆိုပါတယ်။ ရူနီရဲ့လစာအချို့ကို ဒါဘီရဲ့စပွန်ဆာဖြစ်တဲ့ 32Red ကစိုက်ထုတ်ပေးမယ်လို့လည်း သိရပါတယ်။

Photo-Internet

Zawgyi

သတ္မွတ္ခ်ိန္ထက္ ၂ လေစာၿပီး ၀ိန္းရူနီ ဒါဘီမွာေလ႔က်င့္ခန္းဆင္းေန

အဂၤလန္အသင္း တိုက္စစ္မွဴ းေဟာင္း ၀ိန္းရူနီဟာ ဒါဘီအသင္းကိုေျပာင္းဖို႔ သေဘာတူညီခဲ့ၿပီးေနာက္ သတ္မွတ္ရက္ထက္ ၂ လေစာကာ အသင္းနဲ႔ပူးေပါင္းၿပီး အဂၤါေန႔ကစလို႔ ေလ႔က်င့္ခန္းေတြျပဳလုပ္ေနၿပီလို႔ သိရပါတယ္။ ရူနီဟာ ၿပီးခဲ့တဲ႔ၾသဂုတ္လကတည္းက ဒါဘီမွာ ကစားသမားနည္းျပ အျဖစ္တာ၀န္ယူဖို႔ သေဘာတူညီခဲ့တာပါ။

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ ရူနီဟာ လာမယ္႔ ၂၀၂၀ ဇန္န၀ါရီေရာက္မွ ဒါဘီရဲ႕တရား၀င္ကစားသမားျဖစ္လာမွာ ျဖစ္ေပမယ္႔ အခုကတည္းကေလ႔က်င့္ခန္းေတြျပဳလုပ္ေနတာျဖစ္ပါတယ္။ ဒါဟာ သူကစားခ်ိန္ေရာက္ရင္ အသင္းေဖာ္အသစ္ေတြနဲ႔ အသားက်ဖို႔ရည္ရြယ္တာလည္းျဖစ္သလို ႀကံခိုင္မႈပိုင္းအဆင္သင့္ရွိေစဖို႔လည္း ျဖစ္တယ္လို႔ သိရပါတယ္။

သူဟာ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္မွာ ၂ ႏွစ္ၾကာကစားခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲေအာက္တိုဘာလအတြင္းက တိုရြန္တိုကို ရႈံးနိမ့္ခဲ့တဲ႔ play-off ပြဲစဥ္မွာ ဒီစီယူႏိုက္တက္အတြက္ ေနာက္ဆုံးပြဲစဥ္ကစားခဲ့သူလည္းျဖစ္ပါတယ္။ ရူနီဟာ ဒါဘီမွာ ကစားသမားအျဖစ္ ပါ၀င္ရမယ္႔နည္းတူ နည္းျပ ဖိလစ္ကိုကူးရဲ႕ လက္ေထာက္အျဖစ္လည္း တာ၀န္ယူမွာျဖစ္လို႔ သူ႔အေတြ႔အႀကံဳေတြက အမ်ားႀကီးအေထာက္အကူျဖစ္ေစႏိုင္မယ္လို႔ ကိုကူး ကယုံၾကည္ေနပါတယ္။

ဒါဘီဟာ လက္ရွိခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ အဆင့္ ၁၅ ကိုေရာက္ရွိေနလို႔ ရူနီအေပၚနည္းျပ ကိုကူး ကအမ်ားႀကီးေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။ သူဟာ ဒါဘီနဲ႔ ၁၈ လစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားၿပီး တစ္ပတ္လစာေပါင္ ၁၀၀၀၀၀ အထိရရွိမွာျဖစ္လို႔ ခ်န္ပီယံရွစ္ရဲ႕ လစာအမ်ားဆုံးရသူျဖစ္လာမယ္လို႔လည္း သိရပါတယ္။

မန္ယူအတြက္ ၅၅၉ ပြဲကစားခဲ့ရာမွာ ၂၅၃ ဂိုးသြင္းၿပီး ကလပ္ရဲ႕ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ ရပ္တည္ခဲ့တဲ႔ ရူနီဟာ မန္ယူနဲ႔လမ္းခြဲခဲ့တဲ႔ ၂၀၁၇ ကတည္းက ဒါဘီအသင္းဆီေျပာင္းဖို႔ ရည္ရြယ္ခ်က္ရွိခဲ့တာလို႔လည္း ဆိုပါတယ္။ ရူနီရဲ႕လစာအခ်ဳိ႕ကို ဒါဘီရဲ႕စပြန္ဆာျဖစ္တဲ႔ 32Red ကစိုက္ထုတ္ေပးမယ္လို႔လည္း သိရပါတယ္။