သတိပေးချက်တစ်ရပ်ကြောင့် ဂျာမနီအသင်းရဲ့လေယာဉ် စကော့တလန်မှာ အရေးပေါ် ဆင်းသက်ရ

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

ဂျာမနီလက်ရွေးစင်အသင်းသားတွေကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ အိုက်စလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးအပြန်၊စကော့တလန်လေပိုင်နက်ထဲ အရောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အရေးပေါ်ဆင်းသက်ရတဲ့ အကြောင်းအရင်းကို အလုံးစုံ မသိရသေးပေမယ့် လေယာဉ်ပေါ်မှာ အခက်အခဲတစ်စုံတရာပေါ်လာရင် လေကြောင်းထိန်းချုပ်ရေးဌာနဆီ ပေးပို့ရလေ့ရှိတဲ့ Code 7700ကို ပေးပို့ခဲ့ရတယ်လို့ သိရပါတယ်။

ဂျာမနီအသင်းဟာ အိုက်စလန်ကို ၄ဂိုးပြတ်နဲ့နိုင်ခဲ့ပြီးနောက် ရေဂျာဗစ်မြို့ကနေ နံနက် ၁နာရီလောက်မှာ ဂျာမနီကို ချက်ချင်းပြန်ခဲ့တာပါ။

ကက်ဖ်လာဗစ်လေဆိပ်ကနေ ထွက်ခွာလာတဲ့ ဂျာမနီအသင်းရဲ့လေယာဉ်ဟာ ပျံသန်းနေရင်းနဲ့ ပြဿနာတစ်စုံတစ်ရာပေါ်လာလို့ အီဒင်ဘာ့ဂ်မှာ ဆင်းသက်ခဲ့ရပေမယ့် ပြဿနာကြီးကြီးမားမား မရှိတာကြောင့် သိပ်မကြာခင်မှာပဲ ဂျာမနီနိုင်ငံကို ဆက်လက်ထွက်ခွာနိုင်ခဲ့ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)ကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဂျာမနီအသင်းသားတွေ လိုက်ပါစီးနင်းတဲ့ အဲဒီလေယာဉ်ဟာ ဘိုးရင်း ၇၃၇-၅၂၂ အမျိုးအစားဖြစ်ပြီး Klasjet လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း လေကြောင်းခရီးစဉ် ၈ ခု အောင်အောင်မြင်မြင်နဲ့ ပျံသန်းခဲ့ပြီးဖြစ်ကြောင်းကို Flightrader24 ဝက်ဘ်ဆိုက်မှာ ပြသထားကြောင်း သိရပါတယ်။

ဂျာမနီအသင်းဟာ နည်းပြသစ် ဟန်ဆီဖလစ်ရဲ့လက်ထက် စက်တင်ဘာလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ပွဲစလုံးကို ဂိုးပြတ်တွေနဲ့ အသီးသီး အနိုင်ယူပြီး အုပ်စုပထမအဖြစ် ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi

သတိေပးခ်က္တစ္ရပ္ေၾကာင့္ ဂ်ာမနီအသင္းရဲ႕ေလယာဥ္ စေကာ့တလန္မွာ အေရးေပၚ ဆင္းသက္ရ

ဂ်ာမနီလက္ေ႐ြးစင္အသင္းသားေတြကို တင္ေဆာင္လာတဲ့ ေလယာဥ္ဟာ အိုက္စလန္နဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲအၿပီးအျပန္၊စေကာ့တလန္ေလပိုင္နက္ထဲ အေရာက္မွာ အေရးေပၚ ဆင္းသက္ခဲ့ရပါတယ္။

အေရးေပၚဆင္းသက္ရတဲ့ အေၾကာင္းအရင္းကို အလုံးစုံ မသိရေသးေပမယ့္ ေလယာဥ္ေပၚမွာ အခက္အခဲတစ္စုံတရာေပၚလာရင္ ေလေၾကာင္းထိန္းခ်ဳပ္ေရးဌာနဆီ ေပးပို႔ရေလ့ရွိတဲ့ Code 7700ကို ေပးပို႔ခဲ့ရတယ္လို႔ သိရပါတယ္။

ဂ်ာမနီအသင္းဟာ အိုက္စလန္ကို ၄ဂိုးျပတ္နဲ႔ႏိုင္ခဲ့ၿပီးေနာက္ ေရဂ်ာဗစ္ၿမိဳ႕ကေန နံနက္ ၁နာရီေလာက္မွာ ဂ်ာမနီကို ခ်က္ခ်င္းျပန္ခဲ့တာပါ။

ကက္ဖ္လာဗစ္ေလဆိပ္ကေန ထြက္ခြာလာတဲ့ ဂ်ာမနီအသင္းရဲ႕ေလယာဥ္ဟာ ပ်ံသန္းေနရင္းနဲ႔ ျပႆနာတစ္စုံတစ္ရာေပၚလာလို႔ အီဒင္ဘာ့ဂ္မွာ ဆင္းသက္ခဲ့ရေပမယ့္ ျပႆနာႀကီးႀကီးမားမား မရွိတာေၾကာင့္ သိပ္မၾကာခင္မွာပဲ ဂ်ာမနီႏိုင္ငံကို ဆက္လက္ထြက္ခြာႏိုင္ခဲ့ပါတယ္။

ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္(DFB)ကေတာ့ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ေလယာဥ္ကို အေရးေပၚဆင္းသက္ခဲ့ရတာျဖစ္တယ္လို႔ ထုတ္ျပန္ပါတယ္။

ဂ်ာမနီအသင္းသားေတြ လိုက္ပါစီးနင္းတဲ့ အဲဒီေလယာဥ္ဟာ ဘိုးရင္း ၇၃၇-၅၂၂ အမ်ိဳးအစားျဖစ္ၿပီး Klasjet ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္အတြင္း ေလေၾကာင္းခရီးစဥ္ ၈ ခု ေအာင္ေအာင္ျမင္ျမင္နဲ႔ ပ်ံသန္းခဲ့ၿပီးျဖစ္ေၾကာင္းကို Flightrader24 ဝက္ဘ္ဆိုက္မွာ ျပသထားေၾကာင္း သိရပါတယ္။

ဂ်ာမနီအသင္းဟာ နည္းျပသစ္ ဟန္ဆီဖလစ္ရဲ႕လက္ထက္ စက္တင္ဘာလအတြင္း ကမာၻ႔ဖလားေျခစစ္ပြဲ ၃ပြဲစလုံးကို ဂိုးျပတ္ေတြနဲ႔ အသီးသီး အႏိုင္ယူၿပီး အုပ္စုပထမအျဖစ္ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။