သတင်းထောက်နဲ့ဆို ဘုနဲ့ဘောက်ဖြေဆဲ နည်းပြမော်ကြီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြမော်ရင်ဟိုကတော့ အခုအချိန်အထိ တစ်ခါတလေမှာ ဘုဘောက်စကားတွေပြောဆဲပါ။ အဲဗာတန်နဲ့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ သတင်းထောက်ရဲ့ မေးခွန်းတွေကိုနည်းပြ မော်ရင်ဟိုတစ်ယောက် ခွကျကျ တုံ့ပြန်ဖြေရှင်းပြောဆိုခဲ့ပါတယ်။

သတင်းထောက်- “ဒီရာသီမှာအသင်းအနေနဲ့ ဦးဆောင်နေရာကနေ တဖြည်းဖြည်း အမှတ်လျော့လာခဲ့တာတွေက ဘာကြောင့် ဖြစ်လာရတာပါလဲ”

နည်းပြမော်ရင်ဟို – “အဲဒီကိစ္စက ခင်ဗျားနဲ့ ဆွေးနွေးပြောဆိုဖို့ ကျွန်တော့်အတွက် အဆင်သင့်ဖြစ်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ အဲဒီကိစ္စက ကျွန်တော်တို့ အသင်းလိုက် အရည်အသွေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးရမယ့် ကိစ္စပါ။”

သတင်းထောက် – “အဲဒါဆို အဲဒီအကြောင်းဆွေးနွေးဖို့ နည်းပြအနေနဲ့ ဘယ်အချိန်လောက်မှာများ အဆင်သင့်ဖြစ်ပါမလဲ”

နည်းပြမော်ရင်ဟို – “ခင်ဗျားနဲ့ဆိုရင်တော့ကျွန်တော့်ဘက်က အဲဒီကိစ္စပြောဖို့ ဘယ်တော့မှကိုအဆင်သင့်မဖြစ်နိုင်ပါဘူး”

သတင်းထောက်အတွက်ကတော့ နည်းနည်းရင်ပြည့်သွားစေနိုင်တဲ့အဖြေမျိုးပါ။ နည်းပြမော်ရင်ဟို ရဲ့ ဘုကျတဲ့အဖြေတွေကတော့ တစ်ခါတလေမှာ အသင်းပရိသတ်တချို့ကို ကျေနပ်စေနိုင်ပါတယ်။

နည်းပြ မော်ရင်ဟိုဟာ ယခုရာသီတွင် စပါးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိပါက ရာထူးကနေ ထုတ်ပယ်ခံရဖွယ်ရှိတယ်ဆိုပြီး အသံတွေလည်း ထွက်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သတင္းေထာက္နဲ႔ဆို ဘုနဲ႔ေဘာက္ေျဖဆဲ နည္းျပေမာ္ႀကီး

နည္းျပေမာ္ရင္ဟိုကေတာ့ အခုအခ်ိန္အထိ တစ္ခါတေလမွာ ဘုေဘာက္စကားေတြေျပာဆဲပါ။ အဲဗာတန္နဲ႔ ပြဲႀကိဳ မီဒီယာေတြ႕ဆုံမႈမွာ သတင္းေထာက္ရဲ႕ ေမးခြန္းေတြကိုနည္းျပ ေမာ္ရင္ဟိုတစ္ေယာက္ ခြက်က် တုံ႔ျပန္ေျဖရွင္းေျပာဆိုခဲ့ပါတယ္။

သတင္းေထာက္- “ဒီရာသီမွာအသင္းအေနနဲ႔ ဦးေဆာင္ေနရာကေန တျဖည္းျဖည္း အမွတ္ေလ်ာ့လာခဲ့တာေတြက ဘာေၾကာင့္ ျဖစ္လာရတာပါလဲ”

နည္းျပေမာ္ရင္ဟို – “အဲဒီကိစၥက ခင္ဗ်ားနဲ႔ ေဆြးေႏြးေျပာဆိုဖို႔ ကြၽန္ေတာ့္အတြက္ အဆင္သင့္ျဖစ္ေနတဲ့ ကိစၥမဟုတ္ပါဘူး။ အဲဒီကိစၥက ကြၽန္ေတာ္တို႔ အသင္းလိုက္ အရည္အေသြးနဲ႔ ပတ္သတ္ၿပီး ေဆြးေႏြးရမယ့္ ကိစၥပါ။”

သတင္းေထာက္ – “အဲဒါဆို အဲဒီအေၾကာင္းေဆြးေႏြးဖို႔ နည္းျပအေနနဲ႔ ဘယ္အခ်ိန္ေလာက္မွာမ်ား အဆင္သင့္ျဖစ္ပါမလဲ”

နည္းျပေမာ္ရင္ဟို – “ခင္ဗ်ားနဲ႔ဆိုရင္ေတာ့ကြၽန္ေတာ့္ဘက္က အဲဒီကိစၥေျပာဖို႔ ဘယ္ေတာ့မွကိုအဆင္သင့္မျဖစ္ႏိုင္ပါဘူး”

သတင္းေထာက္အတြက္ကေတာ့ နည္းနည္းရင္ျပည့္သြားေစႏိုင္တဲ့အေျဖမ်ိဳးပါ။ နည္းျပေမာ္ရင္ဟို ရဲ႕ ဘုက်တဲ့အေျဖေတြကေတာ့ တစ္ခါတေလမွာ အသင္းပရိသတ္တခ်ိဳ႕ကို ေက်နပ္ေစႏိုင္ပါတယ္။

နည္းျပ ေမာ္ရင္ဟိုဟာ ယခုရာသီတြင္ စပါးအသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ျခင္းမရွိပါက ရာထူးကေန ထုတ္ပယ္ခံရဖြယ္ရွိတယ္ဆိုၿပီး အသံေတြလည္း ထြက္ထားပါတယ္။