သတင်းစာရှင်းလင်းပွဲမှာ ဘာသာပြန်မှားတဲ့ဂျာမန်စကားပြန်ကို ဒေါသထွက်ခဲ့တဲ့ကလော့ပ်

photo-daily mail

photo-reuters

ဆဲလ်ဘတ်နဲ့ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ကွင်းလယ်လူဟန်ဒါဆန်ရဲ့ဖြေကြားမှုကို မှားယွင်းပြန်ဆိုခဲ့တဲ့ စကားပြန်နဲ့ပတ်သက်လို့ လီဗာပူးနည်းပြဂာျဂင်ကလော့ပ်ဟာ ဒေါသထွက်ခဲ့ပြီး အမှန်ပြန်ပြင်ပေးခဲ့ရပါတယ်။ သူတို့ရဲ့အုပ်စုနောက်ဆုံးပွဲဟာ လွယ်ကူလိမ့်မယ်ဆိုတဲ့အကြောင်း ဟန်ဒါဆန်ပြောခဲ့တာပါလို့ စကားပြန်က တစ်ဆင့်ပြန်ပြောချိန်မှာ ဘေးချင်းကပ်ထိုင်နေတဲ့ကလော့ပ်ဟာ စိတ်တိုပြီး ကြည့်မနေနိုင်ဖြစ်သွားပါတယ်။ တကယ်တမ်းက ပြီးခဲ့တဲ့ရာသီ အုပ်စုနောက်ဆုံးပွဲအကြောင်းနဲ့ယှဉ်ကာ ဟန်ဒါဆန်ကို မေးခဲ့တာဖြစ်ပြီး အဲဒီလီဗာပူးအသင်းခေါင်းဆောင်ကလည်း လွယ်ကူလိမ့်မယ်လု့ိ မဆိုလိုကြောင်း ဖြေခဲ့တာပါ။

photo-reuters

ဟန်ဒါဆန်ရဲ့ဖြေကြားမှုအပြီးမှာ စကားပြန်က ဂျာမန်လိုပြန်ဆိုပေမယ့် ကလော့ပ်က ကြားဖြတ်ဝင်ခဲ့တာပါ။ ကလော့ပ်က ဂျာမန်လိုပြောရာမှာ”ဂျာမန်လိုပြောတတ်တဲ့နည်းပြတစ်ယောက်က စကားပြန်ဘေးနားနေရချိန်ဟာ သောက်ရေးမပါတာပါပဲ။ မေးခွန်းက ဒီလိုအခြေအနေမှာ ကျွန်တော်တို့အမြဲလုပ်နိုင်ခဲ့တာကြောင့် အဲဒါက ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲအောင် အကူအညီဖြစ်စေခဲ့တာလား ဆိုတာပါ။ ဟန်ဒါဆန်က ဒီပွဲလွယ်ကူလိမ့်မယ်လို့ မပြောခဲ့ပါဘူး။ ဒီစိန်ခေါ်မှုကို ကျွန်တော်တို့ သတိထားမိပါတယ်။ အားလုံး သာမန်လိုပဲ သူပြောသွားခဲ့တာပါ။ ခင်ဗျား သေသေချာချာနားထောင်သင့်တာပေါ့။ ဒီလိုမှမဟုတ်ရင် ကျွန်တော့်ကိုယ်ကျွန်တော်လုပ်နိုင်ပါတယ်။ အရမ်းကြီးခက်တာမှ မဟုတ်တာ”လု့ိ ဆိုခဲ့တာပါ။

photo-EPA

ကလော့ပ်ရဲ့လီဗာပူးဟာ ၁၆ သင်းရှုံးထွက်အဆင့်တက်ရောက်ချင်တယ်ဆိုရင်ဆဲလ်ဘတ်နဲ့ဒီအဝေးကွင်းပွဲမှာ အနိမ့်ဆုံးမရှုံးအောင် ကစားနိုင်ဖို့လိုပါတယ်။ အိမ်ကွင်းအန်ဖီးလ်မှာတုန်းကတော့ ဆဲလ်ဘတ်ကို ၄-၃ နဲ့သာ ကပ်အနိုင်ရခဲ့တာပါ။

[Zawgyi]

သတင္းစာရွင္းလင္းပြဲမွာ ဘာသာျပန္မွားတဲ့ဂ်ာမန္စကားျပန္ကို ေဒါသထြက္ခဲ့တဲ့ကေလာ့ပ္

ဆဲလ္ဘတ္နဲ႔ခ်န္ပီယံလိဂ္အဆုံးအျဖတ္ပြဲအတြက္ သတင္းစာရွင္းလင္းပြဲမွာ ကြငး္လယ္လူဟန္ဒါဆန္ရဲ႕ေျဖၾကားမႈကို မွားယြင္းျပန္ဆုိခဲ့တဲ့ စကားျပန္နဲ႔ပတ္သက္လို႔ လီဗာပူးနည္းျပဂာ်ဂင္ကေလာ့ပ္ဟာ ေဒါသထြက္ခဲ့ၿပီး အမွန္ျပန္ျပင္ေပးခဲ့ရပါတယ္။ သူတို႔ရဲ႕အုပ္စုေနာက္ဆုံးပြဲဟာ လြယ္ကူလိမ့္မယ္ဆုိတဲ့အေၾကာင္း ဟန္ဒါဆန္ေျပာခဲ့တာပါလို႔ စကားျပန္က တစ္ဆင့္ျပန္ေျပာခ်ိန္မွာ ေဘးခ်င္းကပ္ထိုင္ေနတဲ့ကေလာ့ပ္ဟာ စိတ္တုိၿပီး ၾကည့္မေနႏိုင္ျဖစ္သြားပါတယ္။ တကယ္တမ္းက ၿပီးခဲ့တဲ့ရာသီ အုပ္စုေနာက္ဆုံးပြဲအေၾကာင္းနဲ႔ယွဥ္ကာ ဟန္ဒါဆန္ကို ေမးခဲ့တာျဖစ္ၿပီး အဲဒီလီဗာပူးအသင္းေခါင္းေဆာင္ကလည္း လြယ္ကူလိမ့္မယ္လု႔ိ မဆုိလုိေၾကာင္း ေျဖခဲ့တာပါ။

ဟန္ဒါဆန္ရဲ႕ေျဖၾကားမႈအၿပီးမွာ စကားျပန္က ဂ်ာမန္လိုျပန္ဆိုေပမယ့္ ကေလာ့ပ္က ၾကားျဖတ္၀င္ခဲ့တာပါ။ ကေလာ့ပ္က ဂ်ာမန္လိုေျပာရာမွာ”ဂ်ာမန္လိုေျပာတတ္တဲ့နည္းျပတစ္ေယာက္က စကားျပန္ေဘးနားေနရခ်ိန္ဟာ ေသာက္ေရးမပါတာပါပဲ။ ေမးခြန္းက ဒီလိုအေျခအေနမွာ ကၽြန္ေတာ္တုိ႔အၿမဲလုပ္ႏိုင္ခဲ့တာေၾကာင့္ အဲဒါက ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ဗုိလ္စြဲေအာင္ အကူအညီျဖစ္ေစခဲ့တာလား ဆုိတာပါ။ ဟန္ဒါဆန္က ဒီပြဲလြယ္ကူလိမ့္မယ္လုိ႔ မေျပာခဲ့ပါဘူး။ ဒီစိန္ေခၚမႈကုိ ကၽြန္ေတာ္တို႔ သတိထားမိပါတယ္။ အားလုံး သာမန္လိုပဲ သူေျပာသြားခဲ့တာပါ။ ခင္ဗ်ား ေသေသခ်ာခ်ာနားေထာင္သင့္တာေပါ့။ ဒီလိုမွမဟုတ္ရင္ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္လုပ္ႏိုင္ပါတယ္။ အရမ္းႀကီးခက္တာမွ မဟုတ္တာ”လု႔ိ ဆုိခဲ့တာပါ။

ကေလာ့ပ္ရဲ႕လီဗာပူးဟာ ၁၆ သင္းရံႈးထြက္အဆင့္တက္ေရာက္ခ်င္တယ္ဆိုရင္ဆဲလ္ဘတ္နဲ႔ဒီအေ၀းကြင္းပြဲမွာ အနိမ့္ဆုံးမရႈံးေအာင္ ကစားႏုိင္ဖို႔လိုပါတယ္။ အိမ္ကြင္းအန္ဖီးလ္မွာတုန္းကေတာ့ ဆဲလ္ဘတ္ကို ၄-၃ န႔ဲသာ ကပ္အႏိုင္ရခဲ့တာပါ။