သတင်းစာရှင်းလင်းပွဲမှာ ဟန်နီကယ်ဘီယာပုလင်းကို ဖယ်ရှားခဲ့တဲ့ ပေါ့ဘာ

ပွဲစီစဉ်ပေးတဲ့ကုမ္ပဏီတွေ၊ အခမ်းအနားမှာနေရာအခင်းအကျင်းအတွက်

တာဝန်ယူလုပ်ကိုင်ပေးတဲ့ ဝန်ထမ်းတွေအတွက် ယူရို 2020 ပြိုင်ပွဲကြီးက

သင်ခန်းစာတွေသင်ကြားပေးနေပါတယ်။ ပွဲတက်လက်ဆောင်၊ အခမ်းအနားစားပွဲပေါ်က

စပွန်ဆာပေးတဲ့ပစ္စည်း အဲဒီအရာတွေကို တာဝန်ယူ နေရာချတဲ့သူတွေ သတိထားဖို့လိုလာပါတယ်။

အခမ်းအနားကိုတက်တဲ့ဆယ်လီနဲ့အခြားတာဝန်ရှိသူတွေရဲ့ အကြောင်းကို သေချာသိမှ

နေရာချထားပြင်ဆင်ရေးအဆင်ပြေမှာပါ။ စပွန်ဆာပေးတဲ့ ကုမ္ပဏီရဲ့ logo နဲ့ ပစ္စည်းတွေကိုပဲ

လူမြင်အောင် အသားပေးလုပ်ဆောင်လို့တော့မရပါဘူး။ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား

ပေါ့ဘာကတော့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရှေ့မှာရှိတဲ့ ဘီယာပုလင်းကို ဖယ်ရှားပစ်ခဲ့ရပါတယ်။

ပြင်သစ်နဲ့ ဂျာမနီပွဲစဉ် အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပေါ့ဘာက

သူ့ရှေ့မှာရှိတဲ့ ဘီယာပုလင်းကို စားပွဲအောက်ချထားခဲ့ပါတယ်။ ပေါ့ဘာဟာ

သူကိုးကွယ်တဲ့ဘာသာတရားအရ အရက်သေစာသောက်စားလို့ မရပါဘူး။

ပေါ့ဘာဟာ 2019 ခုနှစ်မှာ အစ္စလမ် ဘာသာကို စတင်ကိုးကွယ်ခဲ့တာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲက ပေါ့ဘာထိုင်တဲ့ စားပွဲပေါ်မှာ ကိုကာကိုလာနှစ်ပုလင်း၊

ဟန်နီကယ်ဘီယာတစ်ပုလင်း၊ ရေသန့်တစ်ဘူးရှိပါတယ်။ ပေါ့ဘာကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ

သူ့မျက်စိရှေ့က ဟန်နီကယ်ဘီယာပုလင်းကို ဖယ်ရှားခဲ့ပါတယ်။ ပေါ့ဘာလိုပဲ စပွန်ဆာကုမ္ပဏီ

ပစ္စည်းကို ရှေ့ရက်ပိုင်းတုန်းက စီရော်နယ်ဒိုတစ်ယောက် ဖယ်ရှားပစ်ခဲ့ပါသေးတယ်။

စီရော်နယ်ဒိုက သူ့ရှေ့မှာရှိတဲ့ ကိုကာကိုလာ အချိုရည်ပုလင်းတွေကို ဖယ်ပစ်ခဲ့တာဖြစ်ပြီး၊

ကျန်းမာရေးအတွက် အချိုရည်မသောက်ဘဲ ရေသောက်ဖို့ ဆော်သြခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ အချိုရည်ပုလင်းဖယ်ရှားတဲ့လုပ်ရပ်ကြောင့် ကိုကာကိုလာကုမ္ပဏီရဲ့

ရှယ်ယာတန်ဖိုးတွေထိခိုက်နစ်နာနေရပြီး၊ အချိုရည်ကုမ္ပဏီဘက်ကလည်း သုံးစွဲသူတွေရဲ့

ရွေးချယ်ခွင့်နဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ပွဲနေရာချထားသူတွေရဲ့

မတော်တဆသတိလက်လွှတ်မှုကြောင့် ပေါ့ဘာအတွက် မရည်ရွယ်ဘဲ အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့

ဟန်နီကယ်ဘီယာအတွက်တော့ ကံကောင်းဖို့ ဆုတောင်းပါတယ်။

Zawgyi Version

သတင္းစာရွင္းလင္းပြဲမွာ ဟန္နီကယ္ဘီယာပုလင္းကို ဖယ္ရွားခဲ့တဲ့ ေပါ့ဘာ

ပြဲစီစဥ္ေပးတဲ့ကုမၸဏီေတြ၊ အခမ္းအနားမွာေနရာအခင္းအက်င္းအတြက္

တာဝန္ယူလုပ္ကိုင္ေပးတဲ့ ဝန္ထမ္းေတြအတြက္ ယူ႐ို 2020

ၿပိဳင္ပြဲႀကီးကသင္ခန္

းစာေတြသင္ၾကားေပးေန ပါတယ္။

ပြဲတက္လက္ေဆာင္၊ အခမ္းအနားစားပြဲေပၚက

စပြန္ဆာေပးတဲ့ပစၥည္း အဲဒီအရာေတြကို တာဝန္ယူ ေနရာခ်တဲ့သူေတြ

သတိထားဖို႔လိုလာပါတယ္။

အခမ္းအနားကိုတက္တဲ့ဆယ္လီနဲ႔အျခားတာဝန္ရွိသူေတြရဲ႕ အေၾကာင္းကို

ေသခ်ာသိမွ ေနရာခ်ထားျပင္ဆင္ေရးအဆင္ေျပမွာပါ။ စပြန္ဆာေပးတဲ့

ကုမၸဏီရဲ႕ logo နဲ႔ ပစၥည္းေတြကိုပဲ လူျမင္ေအာင္

အသားေပးလုပ္ေဆာင္လို႔ေတာ့မရပါဘူး။

ျပင္သစ္လက္ေရြးစင္ ကြင္းလယ္ကစားသမား ေပါ့ဘာကေတာ့

သတင္းစာရွင္းလင္းပြဲမွာ သူ႔ေရွ႕မွာရွိတဲ့ ဘီယာပုလင္းကို ဖယ္ရွားပစ္ခဲ့ရပါတယ္။

ျပင္သစ္နဲ႔ ဂ်ာမနီပြဲစဥ္ အၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ

ေပါ့ဘာက သူ႔ေရွ႕မွာရွိတဲ့ ဘီယာပုလင္းကို စားပြဲေအာက္ခ်ထားခဲ့ပါတယ္။

ေပါ့ဘာဟာ သူကိုးကြယ္တဲ့ဘာသာတရားအရ အရက္ေသစာေသာက္စားလို႔ မရပါဘူး။

ေပါ့ဘာဟာ 2019 ခုႏွစ္မွာ အစၥလမ္ ဘာသာကို စတင္ကိုးကြယ္ခဲ့တာျဖစ္ပါတယ္။

သတင္းစာရွင္းလင္းပြဲက ေပါ့ဘာထိုင္တဲ့ စားပြဲေပၚမွာ ကိုကာကိုလာႏွစ္ပုလင္း၊

ဟန္နီကယ္ဘီယာတစ္ပုလင္း၊ ေရသန႔္တစ္ဘူးရွိပါတယ္။ ေပါ့ဘာကေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ

သူ႔မ်က္စိေရွ႕က ဟန္နီကယ္ဘီယာပုလင္းကို ဖယ္ရွားခဲ့ပါတယ္။ ေပါ့ဘာလိုပဲ စပြန္ဆာကုမၸဏီ

ပစၥည္းကို ေရွ႕ရက္ပိုင္းတုန္းက စီေရာ္နယ္ဒိုတစ္ေယာက္ ဖယ္ရွားပစ္ခဲ့ပါေသးတယ္။

စီေရာ္နယ္ဒိုက သူ႔ေရွ႕မွာရွိတဲ့ ကိုကာကိုလာ အခ်ိဳရည္ပုလင္းေတြကို

ဖယ္ပစ္ခဲ့တာျဖစ္ၿပီး၊ က်န္းမာေရးအတြက္ အခ်ိဳရည္မေသာက္ဘဲ ေရေသာက္ဖို႔

ေဆာ္ၾသခဲ့ပါတယ္။

စီေရာ္နယ္ဒိုရဲ႕ အခ်ိဳရည္ပုလင္းဖယ္ရွားတဲ့လုပ္ရပ္ေၾကာင့္

ကိုကာကိုလာကုမၸဏီရဲ႕ ရွယ္ယာတန္ဖိုးေတြထိခိုက္နစ္နာေနရၿပီး၊

အခ်ိဳရည္ကုမၸဏီဘက္ကလည္

း သုံးစြဲသူေတြရဲ႕ ေ႐ြးခ်ယ္ခြင့္နဲ႔ပတ္သက္ၿပီး ေၾကညာခ်က္ထုတ္ျပန္ထာ

းပါတယ္။ ပြဲေနရာခ်ထားသူေတြရဲ႕ မေတာ္တဆသတိလက္လႊတ္မွဳေၾကာင့္

ေပါ့ဘာအတြက္ မရည္႐ြယ္ဘဲ အေႏွာင့္အယွက္ ျဖစ္ခဲ့ရတဲ့

ဟန္နီကယ္ဘီယာအတြက္ေတာ့ ကံေကာင္းဖို႔ ဆုေတာင္းပါတယ္။