သစ္စာဖောက်ခြင်းရဲ့ အကျိုးဆက်အဖြစ် ရာထူးကနေ နုတ်ထွက်လိုက်တာလား အက်ဝုဒ်ဝဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းက စတင် ပေါ်ပေါက်လာခဲ့တဲ့ ဥရောပစူပါလိဂ်ဂယက်ဟာ အခုတော့ အဆုံးသတ် အနေအထားကို ချဉ်းကပ်လာနေပါပြီ။ ပြိုင်ပွဲကို စတင်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် အကန့်အသတ်မရှိ ရပ်နားလိုက်ရပါတယ်။ အင်္ဂလန်ကလပ်အသင်း (၆)သင်းလုံးက အဲဒီပြိုင်ပွဲကနေ အကုန်နှုတ်ထွက်ကုန်ကြတာဖြစ်လို့ ပြိုင်ပွဲဟာဆက်လက်ကျင်းပဖို့ ခက်ခဲသွားပါပြီ။

ပရိသတ်တွေကလည်း အင်္ဂလန်ကလပ်အသင်း (၆)သင်းလုံးရဲ့ ဆုံးဖြတ်ချက်တွေကို ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလိုထွက်ခွာသွားတဲ့ အသင်းတွေကိုတော့ ဥရောပစူပါလိဂ်ဘက်ကနေ တရားစွဲဖို့ စီစဉ်လျက်ရှိနေပါတယ်။

ဥရောပစူပါလိဂ် အကျိုးဆက်ကြောင့် ရာထူးကနှုတ်ထွက်နေကြသူတွေရှိတဲ့အထဲက ယူနိုက်တက်ရဲ့ခေါင်းကြီးအကြောင်းကို တင်ဆက်ပါမယ်။

ယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်အက်ဝုဒ်ဝဒ်ဟာ သူ့ရဲ့ရာထူးနေရာကနေ နုတ်ထွက်စာတင်သွားခဲ့ပြီလို့ သိရပါတယ်။ ဝုဒ်ဝဒ်နုတ်ထွက်စာတင်ခဲ့တဲ့အကြောင်းကို ယူနိုက်တက်အသင်းကလည်း တရားဝင်ကြေညာမှုပြုလုပ်ခဲ့ပါတယ်။

သတင်းတွေအရ အသင်းခေါင်းဆောင် မက်ဂွားယားဟာ ဝုဒ်ဝဒ်ကို ရန်တွေ့ခဲ့ပြီး စူပါလိဂ်နဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ဝုဒ်ဝဒ်ဟာ ရာသီကုန်အထိတော့ အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေပါလိမ့်မယ်။

ဝုဒ်ဝဒ်ကို မျက်မုန်းကျိုးနေကြတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက်ကတော့ အဲဒီသတင်းက ဝမ်းမြောက်စရာကိစ္စဖြစ်ပါတယ်။ ဝုဒ်ဝဒ်ဟာ အသင်းပိုင်ရှင်ဂျိုရယ်လ်ဂလေဇာနဲ့အတူ ဥရောပစူပါလိဂ်ပြိုင်ပွဲကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဝုဒ်ဝဒ်ဟာ ၂၀၀၅ခုနှစ်မှာ ဂလေဇာ မိသားစုက ယူနိုက်တက်ကို ဝယ်ယူချိန်မှာ အရေးပါတဲ့ အကြံပေးနေရာက ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက် ဒုဥက္ကဌ ဝုဒ်ဝဒ်ဟာ အသင်းရဲ့ စီးပွားရေးနဲ့ မီဒီယာ လှုပ်ရှားမှုတွေကို ၂၀၀၇ခုနှစ်က တာဝန်ယူခဲ့ပြီးနောက် ယူနိုက်တက်မှာ ပိုပြီး အရေးပါလာခဲ့ပါတယ်။ယူနိုက်တက်ရဲ့ စပွန်ဆာ စာချုပ်ကိစ္စတွေမှာတော့ ဝုဒ်ဝဒ်ရဲ့လက်စွမ်းလက်စတွေ အရာရောက်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်ကနေ စတင်ပြီး အမှုဆောင်ချုပ်ရာထူးယူထားပေမယ့် ဖာဂူဆန်လက်ထက်နောက်ပိုင်း အပြောင်းအရွှေ့ စီမံပုံတွေမှာတော့ အကြီးအကျယ် ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သစၥာေဖာက္ျခင္းရဲ႕ အက်ိဳးဆက္အျဖစ္ ရာထူးကေန ႏုတ္ထြက္လိုက္တာလား အက္၀ုဒ္၀ဒ္

ၿပီးခဲ့တဲ့ ရက္ပိုင္းက စတင္ ေပၚေပါက္လာခဲ့တဲ့ ဥေရာပစူပါလိဂ္ဂယက္ဟာ အခုေတာ့ အဆုံးသတ္ အေနအထားကို ခ်ဥ္းကပ္လာေနပါၿပီ။ ၿပိဳင္ပြဲကို စတင္ဖို႔ မလြယ္ကူေတာ့ပါဘူး။ ဒါေၾကာင့္ အကန႔္အသတ္မရွိ ရပ္နားလိုက္ရပါတယ္။ အဂၤလန္ကလပ္အသင္း (၆)သင္းလုံးက အဲဒီၿပိဳင္ပြဲကေန အကုန္ႏႈတ္ထြက္ကုန္ၾကတာျဖစ္လို႔ ၿပိဳင္ပြဲဟာဆက္လက္က်င္းပဖို႔ ခက္ခဲသြားပါၿပီ ။

ပရိသတ္ေတြကလည္း အဂၤလန္ကလပ္အသင္း (၆)သင္းလုံးရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ႀကိဳဆိုခဲ့ၾကပါတယ္။ ဒါေပမယ့္ အဲဒီလိုထြက္ခြာသြားတဲ့ အသင္းေတြကိုေတာ့ ဥေရာပစူပါလိဂ္ဘက္ကေန တရားစြဲဖို႔ စီစဥ္လ်က္ရွိေနပါတယ္။

ဥေရာပစူပါလိဂ္ အက်ဳိးဆက္ေၾကာင့္ ရာထူးကႏွဳတ္ထြက္ေနၾကသူေတြရိွတဲ့အထဲက ယူႏိုက္တက္ရဲ႕ေခါင္းႀကီးအေၾကာင္းကို တင္ဆက္ပါမယ္။ ယူႏိုက္တက္အသင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္အက္ဝုဒ္ဝဒ္ဟာ သူ႔ရဲ႕ရာထူးေနရာကေန ႏုတ္ထြက္စာတင္သြားခဲ့ၿပီလို႔ သိရပါတယ္။ ဝုဒ္ဝဒ္ႏုတ္ထြက္စာတင္ခဲ့တဲ့အေၾကာင္းကို ယူႏိုက္တက္အသင္းကလည္း တရားဝင္ေၾကညာမႈျပဳလုပ္ခဲ့ပါတယ္။

သတင္းေတြအရ အသင္းေခါင္းေဆာင္ မက္ဂြားယားဟာ ဝုဒ္ဝဒ္ကို ရန္ေတြ႕ခဲ့ၿပီး စူပါလိဂ္နဲ႔ ပတ္သက္လို႔ မေက်နပ္ခ်က္ေတြကို ေျပာျပခဲ့တယ္လို႔ သိရပါတယ္။ ဝုဒ္ဝဒ္ဟာ ရာသီကုန္အထိေတာ့ အိုးထရက္ဖို႔ဒ္မွာ ဆက္လက္ရွိေနပါလိမ့္မယ္။

၀ုဒ္၀ဒ္ကို မ်က္မုန္းက်ဳိးေနၾကတဲ့ ယူႏိုက္တက္ပရိသတ္ေတြအတြက္ကေတာ့ အဲဒီသတင္းက ဝမ္းေျမာက္စရာကိစၥျဖစ္ပါတယ္။ ဝုဒ္ဝဒ္ဟာ အသင္းပိုင္ရွင္ဂ်ိဳရယ္လ္ဂေလဇာနဲ႔အတူ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ ဝုဒ္ဝဒ္ဟာ ၂၀၀၅ခုႏွစ္မွာ ဂေလဇာ မိသားစုက ယူႏိုက္တက္ကို ဝယ္ယူခ်ိန္မွာ အေရးပါတဲ့ အႀကံေပးေနရာက ပါဝင္ခဲ့ပါတယ္။

ယူႏိုက္တက္ ဒုဥကၠဌ ဝုဒ္ဝဒ္ဟာ အသင္းရဲ႕ စီးပြားေရးနဲ႔ မီဒီယာ လႈပ္ရွားမႈေတြကို ၂၀၀၇ခုႏွစ္က တာဝန္ယူခဲ့ၿပီးေနာက္ ယူႏိုက္တက္မွာ ပိုၿပီး အေရးပါလာခဲ့ပါတယ္။ယူႏိုက္တက္ရဲ႕ စပြန္ဆာ စာခ်ဳပ္ကိစၥေတြမွာေတာ့ ၀ုဒ္၀ဒ္ရဲ႕လက္စြမ္းလက္စေတြ အရာေရာက္ခဲ့ပါတယ္။ ၂၀၁၂ခုႏွစ္ကေန စတင္ၿပီး အမႈေဆာင္ခ်ဳပ္ရာထူးယူထားေပမယ့္ ဖာဂူဆန္လက္ထက္ေနာက္ပိုင္း အေျပာင္းအေ႐ႊ႕ စီမံပုံေတြမွာေတာ့ အႀကီးအက်ယ္ ေဝဖန္ခံခဲ့ရသူ ျဖစ္ပါတယ္။